2/16/2015

♪ hTC မှ Happy Chinese New Year Lucky Draw အစီအစဉ်ပြုလုပ်မည် ♫


hTC (KMD) မှ တရုတ် နှစ်သစ်ကူးကို ကြိုဆိုသည့်အနေဖြင့် ဖေဖော်ဝါရီလ ၇ ရက် မှ ၂၈ ရက်အတွင်း KMD မှ တရားဝင် ဖြန့်ဖြူး ရောင်းချသော hTC စမတ်ဖုန်းများကို ဝယ်ယူ အားပေးကြသူတိုင်းအတွက်  hTC စမတ်ဖုန်းများ ကံစမ်းနိုင်မည့် Happy Chinese New Year 2015 Lucky Draw အစီအစဉ်ကို ပြုလုပ်သွား မည်ဟု သိရသည်။

Lucky Draw ကာလအတွင်း KMD မှ တရားဝင် ဖြန့်ဖြူး ရောင်းချထားသော hTC စမတ်ဖုန်း ဝယ်ယူသူတိုင်းအား ကံစမ်းမဲကူပွန်ပါ နှစ်သစ်ကူး အံဘောင်းများ ပေးအပ်သွားမည် ဖြစ်သည်။  ကံစမ်းမဲ ကူပွန်ရရှိထားသူများထဲမှ ကံထူးသူ ၁၂ ဦးကို hTC စမတ်ဖုန်း ၁၂ လုံးကို မဲဖောက် ရွေးချယ်ပေး သွားမည် ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို KMD ၊ဖုန်း ၀၁-၃၈၁၁၂၉ နှင့် ၃၈၁၀၃၅ လိုင်းခွဲ -၁၂၇ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်မည် ဖြစ်သည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com