2/20/2015

♪ Google က Photo Backup Service ဖြစ်သော Odysee ကို ၀ယ်ယူ ♫

2

Google က Mobile Phone တွင် ဓါတ်ပုံ၊ ဗီဒီယိုများကို သိမ်းဆည်းပေးသော ၀န်ဆောင်မှုဖြစ်သည့် Odysee ကို ၀ယ်ယူလိုက်ပါသည်။ Odysee သည် Google Plus အဖွဲ့နှင့် ပူးပေါင်းမည် ဖြစ်ပြီး Google ၏ ဓါတ်ပုံဝန်ဆောင်မှုကို ပိုမိုကောင်းမွန်စေရန် အားဖြည့်မည် ဖြစ်သည်။

Odysee သည် အရည်အသွေး မနိမ့်ကျစေဘဲ အွန်လိုင်းမှ ဓါတ်ပုံများနှင့် ဗီဒီယိုများကို ဖုန်းတွင် သိမ်းဆည်းပေးပြီး Device အားလုံးနှင့် Sync ပြုလုပ်ပေး သကဲ့သို့ Followers များနှင့် မျှဝေပေးနိုင်ပါသည်။ Odysee က သူ၏ ၀န်ဆောင်မှုကို “ Endless Camera Roll” ဟု ခေါ်ဆိုပါသည်။

Odysee က ၀န်ဆောင်မှုပေးလျှက်ရှိသည့် Android , iOS Apps များကို သက်ဆိုင်ရာ App Store များမှ ဖယ်ရှားတော့မည် ဖြစ်သော်လည်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မတိုင်မီအထိ ၀န်ဆောင်ပေးမည်ဟု ကြေ ညာထားပါသည်။ အသုံးပြုသူများအနေဖြင့် သူတို့၏ ဓါတ်ပုံများကို ၀န်ဆောင်မှု မပိတ်သိမ်းမီ ဒေါင်းလုပ် ရယူနိုင်ပါသည်။

Google က Odysee ကို ၀ယ်ယူမှုနှင့် Odysee အဖွဲ့သည် Google Plus Team နှင့် ပူးပေါင်း မည်ဆိုသည်ကို အတည်ပြုကြောင်း TechCrunch သို့ အီးမေးဖြင့် အတည်ပြုခဲ့ပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com