2/16/2015

♪ လုံခြုံရေးကျွမ်းကျင် ပညာရှင်များအတွက် လူမှုရေး ကွန်ရက်တစ်ခုကို Facebook စတင် ♫


Facebook သည် ဆိုက်ဘာ လုံခြုံရေးအတွက် လူများသတိပြုမိ စေရန်အတွက် ThreatExchange ဟု အမည်ရသည့် လူမှုရေးကွန်ရက် တစ်ခုကို စတင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ThreatExchange ဝက်ဘ်ဆိုက်သည် လုံခြုံရေးကျွမ်းကျင် ပညာရှင်နှင့် ကုမ္ပဏီများက ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်ထားပြီး အွန်လိုင်းတွင် အန္တရာယ်ရှိသည့် software နှင့် ကွန်ပျူတာဆိုင်ရာ အားနည်းချက်များကို ၎င်းဝက်ဘ်ဆိုက်တွင် ဝေမျှကာ သုံးစွဲသူများကို ကာကွယ်နိုင်မည်ဖြစ်သည်။ ကမ္ဘာ့အကြီးအကျယ်ဆုံး ကုမ္ပဏီများတွင် ဆိုက်ဘာ တိုက်ခိုက်မှုများ ဖြစ်ပေါ် ခဲ့ပြီးနောက် Facebook သည်လုံခြုံရေး ပညာရှင်များ အချင်းချင်း ဆိုက်ဘာ တိုက်ခိုက်မှုများကို လွယ်ကူစွာ သတိပေးမှုများ ပြုလုပ်နိုင်ရန် စီစဉ်ခဲ့သည်။ ထိုအစီအစဉ်အရ Facebook သည်

၎င်း၏ ဝက်ဘ်ဆိုက်ကဲ့သို့ ကုမ္ပဏီများအတွက် တစ်ကိုယ်ရေ ထိန်းချုပ်မှုများ ပါဝင်သည့် ThreatExchange ဝန်ဆောင်မှုကို စတင်ခဲ့သည်။  ၎င်းဝန်ဆောင်မှုကို အသုံးပြု၍ လုံခြုံရေးပညာ ရှင်များသည် ဝေမျှလိုသည့် အရာများကို အချက်အလက်များ ပေါက်ကြားရန် စိတ်ပူစရာမလိုအပ်ဘဲ မည်သူနှင့်မဆို ဝေမျှနိုင် မည်ဖြစ်သည်။

ThreatExchange ၏ beta ဗားရှင်းတွင် Bitly, Dropbox, Facebook, Pinterest, Tumblr, Twitter နှင့် Yahoo တို့ ပါဝင်လာသည်။ ထိုဝန်ဆောင်မှုသည် ကမ္ဘာတစ်ဝန်း အစိုးရနှင့် ကော်ပိုရေးရှင်းများတွင်  ဆိုက်ဘာ တိုက်ခိုက်မှုများ ဖြစ်ပေါ်နေခြင်းကို  အကူအညီ ပေးနိုင်ရန်ကြိုးပမ်းမှု တစ်ခုဖြစ်သည်။                    
(Ref : CNET)
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com