2/03/2015

♪ စမတ်ဖုန်းများမှာ ဒေတာအသုံးပြုမှုကို လျှော့ချရန် ရှောင်ကြဉ်ရမည့် အချက်များ ♫

1

အရင်တုန်းကတော့ မိုဘိုင်းဖုန်းတွေဟာ ဖုန်းပြောမှသာ ပိုက်ဆံကုန်တာ ဖြစ်ပါတယ်။ အခုခေတ်မှာတော့ ဖုန်းပြောတာထက် အင်တာနက် အသုံးပြုတာက ငွေကြေးပိုကုန်ကျတဲ့ အချက်ဖြစ်နေပါပြီ။ စမတ်ဖုန်းမှာ ဒေတာ စားသုံးမှုကို လျှော့ချနိုင်ဖို့အတွက် ဒေတာတွေကို ချုံ့ပေးနိုင်တဲ့ စွမ်းဆောင်ချက်ပါရှိတဲ့ မိုဘိုင်း ဘရောက်စာတွေလည်း ရှိပါတယ်။ အခု ဆောင်းပါးမှာတော့ ဒေတာ ပမာဏများစွာ ကုန်ဆုံးစေတဲ့ အင်တာနက် အသုံးပြုမှု ပုံစံ ငါးမျိုးကို ဖော်ပြပေးလိုက်ပါတယ်။

YouTube မှ ဗီဒီယိုများကို Upload, Download ပြုလုပ်ခြင်း
သင်ဟာ YouTube မှာ ဗီဒီယိုတွေကို Upload, Download ပြုလုပ်သူတစ်ယောက်ဆိုရင်တော့ ဖုန်းငွေဖြည့်ကတ်တွေကို မကြာခဏ ၀ယ်ယူရမှာ သေချာပါတယ်။ တစ်မိနစ်စာ HD Video တစ်ခုရဲ့ ဒေတာပမာဏဟာ 200MB လောက်ရှိပါတယ်။ တစ်လလျှင် တစ်မိနစ်စာ HD Video ငါးခုလောက် Upload ဒါမှမဟုတ် Download ပြုလုပ်ရင်တော့ 1GB လောက် ဖြစ်နေပါပြီ။ HD Video လို့ ဆိုရာမှာ HD , Full HD, Ultra HD ခေါ် 4K Video တွေ ဖြစ်ပါတယ်။ အရည်အသွေးမြင့်မားလေလေ ဒေတာပမာဏ ပိုမို စားသုံးလေလေ ဖြစ်ပါတယ်။

Video Chat
Skype, Viber, FaceTime တို့ကနေ Video Chat ပြုလုပ်ရင် ဒေတာပမာဏများစွာ ကုန်ကျပါတယ်။ သင် အသုံးပြုတဲ့ App နဲ့ သင့် Video Chat ရဲ့ Resolution ပေါ်မူတည်ပြီး ဒေတာ ပမာဏ ကုန်ကျမှုက ကွဲပြားပါတယ်။ ပျမ်းမျှအားဖြင့်တော့ တစ်မိနစ်လောက် Video Chat ပြုလုပ်ရင် 3MB လောက် ကုန်ကျမှာ ဖြစ်ပါတယ်။

Online Gaming
Clash of Clan မိုဘိုင်း ဂိမ်းကို လူတွေ တော်တော် ကစားကြတာ တွေ့နေရပါတယ်။ ဒီလို Online Game တွေက ဒေတာပမာဏများစွာ ကုန်ကျစေပါတယ်။ ပျမ်းမျှ အားဖြင့် Online Game တစ်မိနစ် ကစားရင် 1MB လောက် ကုန်ကျတတ်ပါတယ်။

သီချင်းနားထောင်ခြင်း
အင်တာနက်မှ သီချင်းများကို နားထောင်မယ်ဆိုရင် တစ်မိနစ်လျှင် 2.4MB ဒေတာ ပမာဏကို စားသုံးပါတယ်။ တစ်နာရီလောက် သီချင်းနားထောင်ရင်တော့ 115MB လောက် ကုန်ဆုံးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် သီချင်းများကို ၀ိုင်ဖိုင် ချိတ်ဆက်နေတဲ့ အချိန်မှာ သင့်ဖုန်းထဲသို့ ဒေါင်းလုပ် ရယူထားပြီး နောက်မှ Offline နားထောင်သင့်ပါတယ်။

ဗီဒီယို ကြည့်ရှုခြင်း
YouTube လို ဗီဒီယို ၀က်ဆိုက်များမှ ဗီဒီယိုများကို Upload, Download ပြုလုပ်ရင်သာ ဒေတာ ပမာဏများစွာ ကုန်ကျတာ မဟုတ်ပါဘူး။ အဲဒီ ဗီဒီယို ၀က်ဆိုက်တွေက ဗီဒီယိုတွေကို ကြည့်ရှုရင်လည်း ဒေတာ ပမာဏများစွာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ရုပ်ထွက်အရည်အသွေးမြင့်မားတဲ့ ဗီဒီယိုတွေဟာ တစ်မိနစ်လျှင် 50MB လောက်တောင် စားသုံးပါတယ်။ HD Video တွေကို တစ်နာရီ ကြည့်ရှုရင် 3GB လောက် ကုန်ကျတတ်ပါတယ်။

မိုဘိုင်းဖုန်းတွေမှာ အင်တာနက်ကို ဒေတာပမာဏ အလိုက် အသုံးပြုမှုကို သိပ်နားမလည်ကြသေးတဲ့ လူတွေ တော်တော်များများ ရှိနေပါတယ်။ အဲဒီအတွက် ဒေတာ ပမာဏများစွာ ကုန်ကျစေမယ့် အင်တာနက် အသုံးပြုမှု ပုံစံများကို ရှောင်ရှားသင့်ကြောင်း ရေးသားပေးလိုက်ပါတယ်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com