2/20/2015

♪ ပုဂ္ဂိုလ်ရေး အချက်အလက်များကို ဟက်ကာများ ခိုးယူနိုင်စေမည့် adware အား Lenovo ကွန်ပျူတာများတွင် ရှာဖွေတွေ့ရှိခဲ့ဟုဆို ♫


ဟက်ကာများက သုံးစွဲသူ၏ browser အချက်အလက်များဖြစ်သော password များ၊ ဘဏ်အချက်အလက် များနှင့် အခြား အရေးပါသည့် အချက်အလက်များကို ရယူနိုင်စေမည့် software တစ်ခုအား Lenovo ကွန်ပျူတာများတွင် ထည့်သွင်းထားသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

Lenovo ၏ ဇန်နဝါရီလတွင် ဖွင့်ဟဝန်ခံချက်အရ Superfish adware program တစ်ခုကို ကုမ္ပဏီ၏ ကွန်ပျူတာများတွင် ထည့်သွင်းခဲ့ကြောင်းနှင့် ၎င်းကို ကြော်ငြာအတွက် ပုဂ္ဂိုလ်ရေးအချက်အလက်များကို ရယူရန် ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ adware သည် SSL certificate အတုများကို ထုတ်လုပ်ပေးသည့် proxy တစ်ခုကို ထည့်သွင်းကာ ကန့်သတ်ထားခြင်း မရှိသည့် root certificate တစ်ခုကို ပြုလုပ်ကြောင်း ဆိုသည်။ SSL certificate များသည် သေးငယ်သည့် ဖိုင်များဖြစ်ပြီး ဘဏ်များ၊ လူမှုရေးကွန်ရက်များနှင့် Amazon ကဲ့သို့သော လက်လီစတိုးများအပြင် အခြားသော တရားဝင်ဆိုက်များမှ ဝင်ရောက်လာသည့် ချိတ်ဆက်မှုများကို အတည်ပြုခြင်းတို့အတွက် အသုံးပြုကြသည်။

ထိုကဲ့သို့ ကိုယ်ပိုင် SSL certificate များ ဖန်တီးခြင်းဖြင့် Superfish သည် ၎င်းတို့၏ ကြော်ငြာများကို secure connection များပေါ်တွင် လုပ်ဆောင်စေခြင်း၊ ကြော်ငြာများ ထည့်သွင်းခြင်းနှင့် ကိုယ်ရေးကိုယ်တာ အဖြစ် ထားရှိထားသော စာမျက်နှာများမှ အချက်အလက်များ ဖတ်ရှုခြင်းတို့ကို ပြုလုပ်နိုင်မည် ဖြစ်သည်။

Lenovo ၏ ထုတ်ပြန်ကြေညာချက်တွင် ကုမ္ပဏီအနေဖြင့် အဆိုပါ ပူးပေါင်းဆောင်ရွက်မှုကို ဇန်နဝါရီလက ရပ်ဆိုင်းခဲ့ကြောင်း၊ အစောပိုင်းက ထုတ်လုပ်ရောင်းချခဲ့သည့် ကွန်ပျူတာများတွင် အဆိုပါ software ကို တွေ့မြင်ရနိုင်ကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် ကုမ္ပဏီအနေဖြင့် အဆိုပါ နည်းပညာအတွက် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ၎င်းဖြစ်ရပ်ကြောင့် လုံခြုံရေးပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း ပြော ကြားခဲ့သည်။

Ref: TheVerge

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com