2/11/2015

♪ 4G အသုံးပြုနိုင်သော Motorola Moto G 4G (2015) ထွက်ရှိ ♫

2

Moto G (2014) ၏ LTE အမျိုးအစားကို ဘရာဇီးတွင် ရောင်းချပေးလိုက်ပြီ ဖြစ်သည်။ Moto G 4G (2015) တွင် Dual-SIM အသုံးပြု၍ရပြီး Card Slot တစ်ခုတွင်သာ 4G ကို အထောက်အပံ့ပေးမည်ဟု ခန့်မှန်းရပါသည်။

ယခင်မျိုးဆက်ထက် ကောင်းမွန်သည့်အချက်မှာ 2390mAh Battery ကို အဆင့်မြှင့်တပ်ဆင်ထားခြင်း ဖြစ် ပါသည်။ Storage အနေဖြင့် 16GB သာရွေးချယ်နိုင်ပြီး 8GB အမျိုးအစားကို ထုတ်လုပ်ပေးထားခြင်းမရှိပါ။

အခြား Specification များမှာ ယခင်မျိုးဆက်နှင့် တူညီပြီး 1.2GHz Quad-Core Snapdragon 400 SoC, 5 inch 720p Display, 8MP Main Camera, 2MP Front Camera တို့ပါရှိပါသည်။ Android 5.0.2 Lollipop ကို ထည့်သွင်းရောင်းချမည် ဖြစ်သည်။

Moto G 4G (2015) ကို ဒေါ်လာ ၃၄၅ ၀န်းကျင်ဖြင့် ဘရာဇီးဝက်ဆိုက်မှ ရောင်းချပေးလိုက်ပြီ ဖြစ်သည်။
 

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com