10/09/2017

♪ Huawei က ကင်မရာ ၄ လုံးပါတဲ့ Honor 9i ကို မိတ်ဆက် ♫


Huawei က အိန္ဒိယမှာ ကင်မရာ ၄ လုံးပါတဲ့ Honor 9i ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ကို Flipkart ကနေသာ ရောင်းချပေးခြင်း ဖြစ်ပြီး ရူပီး ၁၉ ၉၉၉ သတ်မှတ်ထားပါတယ်။ ၂၃၄ ဒေါ်လာ ၀န်းကျင် ကျသင့်ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ တရုတ်မှာ Maimang 6 နဲ့ မလေးရှားမှာ Honor Nova 2i အဖြစ် ကြေညာခဲ့တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ 

Huawei Honor 9i မှာ ၅.၉ လက်မ Full HD 2160×1080 Pixel Display တပ်ဆင်ထားပါတယ်။ မျက်နှာပြင်အချိုးမှာ 18:9 ဖြစ်ပါတယ်။ သူ့မှာ 4GB RAM, 64GB Internal Storage ထည့်သွင်းထားပါတယ်။ 16MP+2MP Camera ၂ လုံးကို အနောက်ဘက်နဲ့ 13MP+2MP Camera ၂ လုံးကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။ အရှေ့နဲ့ အနောက်ကင်မရာများက iPhone X မှာလို Bokeh Effect များကို ဖန်တီးပေးနိုင်မယ်လို့ ထင်ရပါတယ်။

အရွယ်အစား အပြည့်အစုံမှာ 156.2 x 75.2 x 7.5mm ဖြစ်ပြီး ၁၆၄ ဂရမ် အလေးချိန်ရှိပါတယ်။ Android 7.0 Nougat အခြေပြု EMUI 5.1 ထည့်သွင်းထားပါတယ်။ 3340mAh Battery တပ်ဆင်ထားပါတယ်။ သူ့ ရဲ့ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။ Hybrid SIM Slot တပ်ဆင်ထားတဲ့အတွက် SIM Card ၂ ခု အသုံးပြုနိုင်ပေမယ့် microSD Card နဲ့ Slot ၁ ခုကို မျှဝေ အသုံးပြုရမှာ ဖြစ်ပါတယ်။ အနက်၊ ရွှေနဲ့ အပြာရောင်များ ထုတ်လုပ်ပေးထားပါတယ်။




Credit to ==> DigitalTimes.com.mm




www.pyaephyo.com