10/04/2017

♪ " Gionee S11 ကို TENAA တွင် 18:9 FullVision AMOLED Display နှင့် တွေ့ရဟုဆို " ♫

Image may contain: phone

Gionee သည် ယခုတလောတွင် လှုပ်ရှားမှုများစွာ ပြုလုပ်လျက်ရှိပြီး မကြာမီကမှ M7 နှင့် M7 Power တို့ကို ပြသခဲ့ပြီးနောက် ယခု TENAA ၏ ဖိုင်များအရ ဈေးသက်သာသော 18:9 device တစ်ခုကို ထပ်မံတွေ့ကြရရန်ရှိသည်ဟု ဆိုခဲ့သည်။ အဆိုပါဖုန်းကို Gionee S11 ဟု ယူဆကြပြီး တရုတ်ရှိ Certification authority website တွင်လည်း မကြာမီကမှ တွေ့ရှိခဲ့ရသည်ဟု သိရသည်။

Gionee သည် ယခုနောက်ပိုင်းတွင် ultra-wide aspect ratio ပုံစံကို များစွာသဘောကျနေပုံရပြီး S11 တွင် 6.01”, 1080 x 2160 pixels AMOLED display ပါဝင်သည်ဟု တွေ့ရသည်။ M7 တွင်သုံးထားသော FullVision display နှင့် တူညီပုံရသည်။ TENAA မှ အဆိုပါဖုန်းတွင် 2.5 GHz octa-core chipset ပါဝင်သည်ဟု ဆိုထားပြီး RAM 6GB နှင့် storage မှာ 64GB ပါဝင်ခဲ့သည်။ ယခင် S10 ကဲ့သို့ပင် S11 ၌လည်း ကင်မရာ 4 ခုထိ ပါဝင်ခဲ့ပြီး ကျောဘက်တွင် နှစ်ခုနှင့် ရှေ့ဘက်တွင် နှစ်ခုပါဝင်မည်ဖြစ်သည်။ 

အခြေအနေကြည့်ရသည်မှာ 16MP + 8MP နှင့် 20MP + 8MP ပုံစံကို သုံးစွဲသွားမည်ဟု ယူဆနိုင်သည်။ TENAA ၏ အဆိုအရ အရွယ်အစားမှာ 155.8 x 72.6 x 6.95 mn ရှိပြီး 178 g လေးကြောင်း သိရသည်။ 3600 mAh ဘက်ထရီကို သုံးစွဲထားသည်။ ကျောဘက်တွင် Fingerprint sensor ပါဝင်ပြီး Android 7.1.1 Nougat OS ကို သုံးစွဲထားသည်။ 


မိုးထက်

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








www.pyaephyo.com