10/04/2017

♪ ကင်မရာ ၃ လုံးနဲ့ AI ပါလာမယ့် Huawei Mate 10 Pro ♫


Huawei က မကြာခင်က iPhone အသစ်များကို လှောင်ပြောင်တဲ့ အနေနဲ့ တကယ့် AI Phone ကို ပြသမယ်လို့ ပြောခဲ့ပါတယ်။ အဲဒီ ဖုန်းကတော့ ယခုလနှောင်းပိုင်းမှာ မိတ်ဆက်မယ့် Mate 10 စမတ်ဖုန်းများ ဖြစ်ပါတယ်။ အခုတော့ ကင်မရာ ၃ လုံးနဲ့ ဥာဏ်ရည်တု နည်းပညာပါတဲ့ Mate 10 Pro ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပါတယ်။ 

Huawei Mate 10 Pro မှာ မျက်နှာပြင်အချိုး 18:9 ပါတဲ့ Full Screen Display တပ်ဆင်ထားတာကို ဓါတ်ပုံမှာ တွေ့ရပါတယ်။ အနောက်ဘက်မှာ 12MP နဲ့ 20MP Camera ၂ လုံးနဲ့ အရှေ့ဘက်မှာ 8MP Camera ၁ လုံး တပ်ဆင်ထားပါတယ်။ 

Mate 10 Pro အပြင် Huawei က Mate 10 နဲ့ Mate 10 Lite တို့ကိုလည်း မိတ်ဆက်မှာ ဖြစ်ပါတယ်။ Pro ဗားရှင်းအတွက်တော့ အပြာရင့်၊ အနက်နဲ့ အညိုရောင်တို့ကို အပိုအနေဖြင့် ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ Huawei က Apple iPhone အသစ်များထက် စွမ်းရည် မြင့်မားတဲ့ ဥာဏ်ရည်တု နည်းပညာကိုလည်း Mate 10 Series များမှာ ထည့်သွင်းပေးထားမယ်လို့ အရိပ်အမြွက်ပြောကြားထားပါတယ်။ 

Huawei က Mate 10 စမတ်ဖုန်းများဟာ စမတ်ဖုန်းများထက်တောင် စွမ်းရည်မြင့်မားတယ်လို့ ညွှန်းဆိုထားပါတယ်။ အောက်တိုဘာလ ၁၆ ရက်နေ့မှာ Huawei က စမတ်ဖုန်း အသစ်များကို ပွဲထုတ်မယ်လို့ ထင်ရပါတယ်။




Credit to ==> DigitalTimes.com.mm




www.pyaephyo.com