8/05/2017

♪ Xiaomi Mi 6C ရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာ ♫


Xiaomi Mi 6C ရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်များ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ Mi 6C ဟာ စွမ်းဆောင်ရည်မြင့် Mi 6 ရဲ့ စွမ်းဆောင်ရည်သင့် မော်ဒယ် ဖြစ်ပါတယ်။ Mi 6C ရဲ့ 4GB RAM/ 64GB Storage Model ကို ယွမ် ၂၀၀၀ နဲ့ 6GB RAM/ 128GB Storage Model ကို ယွမ် ၂၅၀၀ သတ်မှတ်ထားနိုင်ပါတယ်။

Xiaomi Mi 6C ကို သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး မျက်နှာပြင် ဘေးဘောင်များဟာ အလွန် ပါးလွှာပါတယ်။ မျက်နှာပြင်ကို 2.5D Glass ဖြင့် ကာကွယ်ထားပါတယ်။ အနောက်ဘက်မှာ Optical Image Stabilization ပါတဲ့ Sony IMX386 Sensor နဲ့ အရှေ့ဘက်မှာ 5MP Camera တပ်ဆင်ထားပါတယ်။

Xiaomi Mi 6C မှာ ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ Surge S2: 4x Cortex-A73 (2.2GHz) + Cortex-A53 (1.8GHz) Processor ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် Surge X1 Chipset ကိုလည်း ထည့်သွင်းထားနိုင်ပါတယ်။ RAM အမျိုးအစားမှာ LPDDR4 ဖြစ်ပြီး Storage အမျိုးအစားမှာ EMMC 2.1 ဖြစ်ပါတယ်။ Xiaomi Mi 6C ကို ယခုနှစ် အလယ်ပိုင်းမှာ ရောင်းချပေးမယ်လို့ မျှော်လင့်ရပါတယ်။





Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com