8/14/2017

♪ Windows 10 က Data usage ကို reset ပြုလုပ်ခြင်း ♫


Windows 10 မှာ ကွန်ပျူတာကနေ အသုံးပြုထားတဲ့ Data usage တွေကို ကြည့်ရှုနိုင်ပါတယ်။ အဆိုပါ Data usage သုံးစွဲမှုကို ရက်ပေါင်း ၃၀ အထိ ထိန်းသိမ်းထားပါတယ်။ ရက်ပေါင်း ၃၀ အတွင်း Ethernet နဲ့ Wireless မှာ သုံးစွဲထားတဲ့ data usage တွေကို Windows 10 ရဲ့ Data usage settings မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ အဆိုပါ Data usage record ကို ဖယ်ရှားချင်တယ်ဆိုရင် ဖော်ပြပါ နည်းလမ်း အတိုင်း ဖယ်ရှားနိုင်ပါတယ်။
Data usage settings ကို ကြည့်ချင်တယ်ဆိုရင် Start menu > settings > Network & Internet > Data Usage ဆိုတဲ့နေရာမှာ ကြည့်နိုင်ပါတယ်။


Data Usage record တွေကို ဖယ်ရှားဖို့ဆိုရင် ပထမဆုံး Win + R နဲ့ Run box ကို ဖွင့်ပါ။ ပြီးရင် c:\Windows\System32\sru ဆိုတဲ့ command ကို အဆိုပါ run box မှာရိုက်ထည့်ပေးရပါမယ်။


Sru ဆိုတဲ့ folder အောက်ကိုရောက်ပြီဆိုရင် အဆိုပါ folder ထဲမှာရှိတဲ့ ဖိုင်တွေအားလုံးကို select လုပ်ပြီး ဖျက်ပစ်လိုက်တယ်ဆိုရင် record လုပ်ထားတဲ့ data usage တွေကို ဖယ်ရှားရှင်းလင်းပြီးပြီဖြစ်ပါတယ်။





Credit to ==>  Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com