8/15/2017

♪ Sony ရဲ့ နောက်ဆုံးပေါ် အဆင့်မြင့်စမတ်ဖုန်းတစ်လုံး - “Sony Xperia XZ Premium” Price » 999,000 Ks ♫

Image may contain: phone


ဒီတစ်ခါတော့ Sony ချစ်သူတွေအတွက် Sony ရဲ့ နောက်ဆုံးပေါ် အဆင့်မြင့်စမတ်ဖုန်းတွေထဲကတစ်လုံးအပါအဝင် ဖြစ်တဲ့ Sony Xperia XZ Premium ဆိုတဲ့ စမတ်ဖုန်းကောင်းတစ်လုံးနဲ့မိတ်ဆက် ပေးချင်ပါ တယ်။ ၄င်းကို ပြီးခဲ့တဲ့ လအနည်းငယ်ကမှ ဈေးကွက်ထဲသို့ ထုတ်လုပ် ဖြန့်ချိပေးခဲ့တာဖြစ်ပြီး ဈေးနှုန်းကလည်း မြင့်မားပါတယ်။ ဒါပေမယ့် ပေးရတဲ့ ဈေးနှုန်းနဲ့ ထိုက်တန်မှုရှိတဲ့ ရလဒ်တွေကိုတော့ အမှန်တကယ် ပေးစွမ်းနိုင်တာကိုတွေ့ရပါတယ်။ မြင်ကွင်းစွမ်းအား၊ စက်စွမ်းဆောင်ရည်၊ ကင်မရာအရည်အသွေးနဲ့ ဘက်ထရီစွမ်းအားမှာပါ ဘာမှပြောစရာ မလိုအောင် ကောင်းမွန်သလို IP68 certified ရရှိထားလို့ ရေဒဏ်နဲ့ ဖုန်ဒဏ်တွေကို ခံနိုင်ပြီး ရေအနက် ၁ မီတာခွဲမှာ မိနစ် ၃ဝ ကြာမျှ ဖုန်း အသုံးပြုနိုင်ပါတယ်။ ထည့်သွင်းပေးထားတဲ့ Specs တွေနဲ့ features တွေအကုန်လုံးက နောက်ဆုံးပေါ်တွေပဲဖြစ်ပြီး တည်ဆောက်ပုံဒီဇိုင်းပုံစံ ကလည်း သေသပ်လှပပါတယ်။ အမြင်နဲ့တင် အဆင့်မြင့်စမတ်ဖုန်း တစ်လုံးရဲ့ အသွင်အပြင်တွေကို ရရှိနိုင်တဲ့ အကောင်းဆုံး flagship ဖုန်းတစ်လုံးပါ။ ၄င်းကို Hardware ပစ္စည်းတွေနဲ့တည်ဆောက်ထားလို့ အကြမ်းခံနိုင်တဲ့အပြင် တာရှည်လည်း အသုံးပြုနိုင်ပါတယ်။ ကိုယ်ထည် တစ်ခုလုံးကို Glass ၊ Metal ၊ Plastic တို့နဲ့ အချိုးကျကျပေါင်းစပ်ပြုလုပ် ပေးထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် အရှေ့အနောက် ကိုယ်ထည် တစ်ခုလုံးကို Corning Gorilla Glass 5 နဲ့ဖုံးအုပ်ကာကွယ်ထားလို့ မတော်တဆပြုတ်ကျမှုဒဏ်တွေကိုလည်း ခံနိုင်ရည်ရှိပြီး အဆင်းရာ အခြစ်ရာတွေကိုလည်း အလွယ်တကူမဖြစ်စေနိုင်ပါပဲ အမြဲပြောင်လက် တောက်ပနေမှာပါ။

ဒီဖုန်းကို GSM ၊ HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Dual SIM နဲ့ Single SIM ဆိုတဲ့ version နှစ်မျိုးကို ထုတ်လုပ် ထားပါတယ်။ ထည့်သွင်းသုံးစွဲရမယ့် SIM card အမျိုးအစားကတော့ Nano SIM ပါ။ ဖုန်းအရွယ်အစားက 156 x 77 x 7.9 mm ရှိပြီး အလေးချိန်က 195g တောင်လေးပါတယ်။ ဒါကြောင့် အရွယ်အစားက ကိုင်တွယ်သုံးစွဲလို့ အဆင်ပြေပေမယ့် အလေးချိန်က သာမန်ဖုန်းတွေထက်တော့ အနည်းငယ်ပိုလေးပါတယ်။ ၄င်းက အရှေ့မျက်နှာပြင်ဘေး bezel ကျဉ်းပြီး အပေါ်အောက်ဘောင် တွေကတော့ ကြီးမားပါတယ်။ အရှေ့ဘက်မျက်နှာပြင်ရဲ့ အပေါ်ဘက်မှာ အရှေ့ ကင်မရာ Lens ၊ Screen ရဲ့ အောက်နားလေး မှာ Capacitive button ၃ ခုကို မြင်တွေ့ရ မှာပါ။ နောက်ကျောဘက်အပေါ်ညာ ဘက်ထောင့်မှာတော့ အနောက် ကင်မရာ Lens တည်ရှိပြီး သူ့ဘေးမှာ LED Flash မီးလုံးကို တပ်ဆင် ထားပါတယ်။ ပါဝါခလုတ်နဲ့အသံ အတိုးအကျယ်ခလုတ်တွေ အကုန်လုံးက ညာဘက်ဘေးဘောင်မှာရှိပြီး ကျန်တာတွေအားလုံးကလည်း သူ့နေရာနဲ့ သူသေသေသပ်သပ်ပါရှိပါတယ်။ အရှေ့မျက်နှာပြင် အကျယ်က 5.46-inch ရှိပြီး 3840 x 2160 pixels ရှိတဲ့ 4K resolution မြင်ကွင်းတွေကို ပေးစွမ်းနိုင်တဲ့ IPS LCD Capacitive touchscreen display နဲ့ပြုလုပ် ထားပါတယ်။ဒါကြောင့် အကြည်လင်အပြတ်သားဆုံးပုံရိပ်တွေကို အရည်အသွေးကောင်းကောင်းနဲ့ တွေ့မြင်ရမှာပါ။ မျက်နှာပြင်ပေါ်မှာ multitouch စနစ်ကို သုံးစွဲနိုင်ပြီး အကြမ်းခံနိုင်တဲ့ Corning Gorilla Glass 5 နဲ့ ထပ်မံဖုံးအုပ်ပေးထားပါတယ်။ အထဲမှာ 7 .1 (Nougat) ကို run ထားပြီး အသုံးပြုရတာ အဆင်ပြေတဲ့ User Interface နဲ့ပြုလုပ် ပေးထားပါတယ်။ အနောက်ကင်မရာက 19MP နဲ့ f/2.0 aperture စွမ်းအားတွေကို ပေးစွမ်းနိုင်လို့ အရည်အသွေးမြင့်မားတဲ့ ဓာတ်ပုံတွေနဲ့ 30fps မှာ 2160p အရည်အသွေးရှိတဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ အရှေ့ကင်မရာကလည်း 13MP နဲ့ 2.0 aperture စွမ်းအားပါရှိတာ ကြောင့် အလှပဆုံး Selfie ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ရိုက်ယူနိုင်မှာပါ။ ဖုန်းထဲမှာ data တွေကို သိမ်းဆည်းဖို့အတွက် internal memory 64GB ပါရှိတဲ့အပြင် Micro SD card ကို 256GB အထိ ထပ်မံစိုက်ထည့်သုံးစွဲနိုင် ပါတယ်။ ယာယီမှတ်ဥာဏ်စွမ်းအား RAM က 4GB တောင်ပါရှိပြီး စက် စွမ်းဆောင်ရည်ပိုင်းအတွက်လည်း ကောင်းမွန်တဲ့ chipset နဲ့ Processor တို့ကို ထောက်ပံ့ပေးထားပါတယ်။ ၄င်းမှာ 3.1, Type-C 1.0 reversible connector နဲ့ Bluetooth 5.0, A2DP, aptX နဲ့ LTE စနစ်တွေပါရှိပါ တယ်။ ဒါ့အပြင် NFC စနစ်ကိုလည်း အသုံးပြုနိုင်ပါသေးတယ်။

<Design & Display>

၎င်းရဲ့ဒီဇိုင်းပုံစံက လေးထောင့်စက်စက်ရှိပြီး အရင် Sony Xperia ဖုန်းတွေနဲ့ ဘာမှသိပ်မကွာခြားပါဘူး။ ၄င်းကို Luminous Chrome, Deepsea Black, Bronze Pink ဆိုတဲ့ အရောင် ၃ မျိုးထုတ်လုပ်ထား ပါတယ်။ 4K resolution ကို ပေးစွမ်းနိုင်တဲ့ Triluminos display က ၁ လက်မအတိုင်းအတာမှာ ~807 ppi pixels ပမာဏသိပ်သည်းဆရှိတဲ့ မြင်ကွင်းတွေကိုပြသနိုင်မှာပါ။

<Camera>

စွမ်းအားကောင်းမွန်တဲ့ အနောက်ကင်မရာကြောင့် အရောင်အသွေး စိုပြည်တောက်ပတဲ့ ဓာတ်ပုံတွေနဲ့ဗီဒီယိုတွေကို ရရှိစေနိုင်သလို လှပတဲ့ Selfie ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ဖို့အတွက်လည်း အကောင်းဆုံး အရှေ့ကင်မရာကို တပ်ဆင်ပေးထားပါတယ်။

<Processor>

ကျစ်လျစ်တောင့်တင်းတဲ့ ကိုယ်ထည်အတွင်းထဲမှာ Qualcomm MSM8998 Snapdragon 835 chipset နဲ့ Octa-core Processor တို့က ဟန်ချက်ညီညီပူးပေါင်းလုပ်ဆောင် ပေးထားသလို Adreno 540 GPU လည်းပါရှိတာကြောင့် သုံးစွဲရတာ အဆင်ပြေပြီး ရုပ်ထွက်တွေလည်း ကောင်းမွန်ပါတယ်။

<Performance>

၎င်းက ဖုန်းလိုင်းဆွဲအားကောင်းပြီး အင်တာနက် အသုံးပြုရတာလည်း လျင်မြန်မှုရှိတဲ့ အဆင့်မြင့် ဖုန်းတစ်လုံးပါ။ မြင့်မားတဲ့ စက်စွမ်းဆောင်ရည် ကြောင့် စက်ဟမ်းခြင်းမရှိဘဲ Multitasking တွေကိုလည်း တစ်ပြိုင်နက် တည်း ပြုလုပ်နိုင်ပါတယ်။

<Battery Life>

ထည့်သွင်းထားတဲ့ Non-Removable Li-Ion 3230 mAh battery က တစ်နေ့တာလုံးအတွက် လုံလောက်တဲ့ ဘက် ထရီစွမ်းအားတွေကို ပေးစွမ်းနိုင်ပြီး Fast battery charging (Quick Charge 3.0) စနစ်လည်း ပါရှိလို့ ဖုန်းအားသွင်းရတာလည်း မြန်ဆန်မှုရှိပါတယ်။

<Technical Specs>

» Network............................. GSM/HSPA/LTE
» Dimensions........................ 156 x 77 x 7.9 mm mm
» Weight............................... 195g
» Display............................... 5.46-inch, Capacitive
Touchscreen
» OS..................................... Android 7.1 (Nougat)
» CPU................................... Octa-core processor
» Memory............................. 64GB, 4GB
» Camera............................. Back : 19 MP, Front : 13MP
» Connectivity...................... GSM, WLAN, Bluetooth 5.0,
USB 3.1
» Sensors............................ Fingerprint, accelerometer,
gyro, proximity, barometer,
compass
» Battery............................ Non-removable Li-Ion 3230 mAh

Price » 999,000 Ks
Contact » 09-421141000 (E-City Mobile)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com