8/05/2017

♪ Selfie ဆွဲဖို့ အရှေ့ ကင်မရာစွမ်းအားက အထူးကောင်းမွန်တဲ့ - " Vivo V5 " Price - 318,000 Ks ♫

Image may contain: phone

Vivo V5 ဟာ အလယ်အလတ်တန်းစား စမတ်ဖုန်းတစ်လုံးအနေနဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပေမယ့် အရှေ့ ကင်မရာစွမ်းအားက အထူးကောင်းမွန်တာကြောင့် Selfie ချစ်သူတွေအတွက်တော့ အရမ်းကို အဆင်ပြေ ပါတယ်။ ထောက်ပံ့ပေးထားတဲ့ features တွေနဲ့ Specs တွေက သုံးစွဲလို့ကောင်းပြီး သူ့ကို ပြီးခဲ့တဲ့ 2016 နှစ်ကုန်ပိုင်းလောက်က ထုတ်လုပ်ခဲ့တာဖြစ်ပေမယ့် အခုထိ ဈေးကွက်ထဲမှာ ရောင်းအားကောင်း ဆဲပါပဲ။ ဒီဇိုင်းပုံစံက ဈေးကွက်ထဲက နာမည်ကြီးဖုန်းတွေအတိုင်းပဲဖြစ်ပြီး ရိုးရိုးရှင်းရှင်းလေးနဲ့ ဆွဲဆောင်မှု ရှိပါတယ်။

ကိုယ်ထည်တစ်ခုလုံးကို faux-metal chassis နဲ့ Corning Gorilla Glass ဖုံးအုပ်ထားတဲ့ HD Display တို့နဲ့ စနစ်တကျတည်ဆောက်ထားလို့ သေသပ်လှပပြီး Premium လည်း ကျပါတယ်။ နောက်ကျောဘက် ဒီဇိုင်းပုံစံက iPhone 6 နဲ့ တော်တော်လေးကို ဆင်တူပါတယ်။ မျက်နှာပြင်အပေါ်ဘက်မှာ အရှေ့ကင်မရာ Lens နဲ့ အောက်ခြေမှာ Home button တို့ တည်ရှိပြီး Home button ဘေးတစ်ဖက်စီမှာ Capacitive buttons 2 ခု ပါရှိပါတယ်။ ၎င်း Home buttons မှာ Fingerprint sensor ကို တပ်ဆင်ထားပြီး ၎င်းက ဖုန်းကို တိကျလျင်မြန်စွာ unlock လုပ်ပေးနိုင်ပြီး ဖုန်းထဲက data တွေကို လုံခြုံစွာ ကာကွယ်ပေးထားနိုင်ပါတယ်။


ညာဘက်ဘေးဘောင်မှာ အသံအတိုးအကျယ်ခလုတ်နဲ့ ပါဝါခလုတ်တွေကို တပ်ဆင်ထားပြီး ဘယ်ဘက် မှာတော့ SIM tray ကို တွေ့မြင်နိုင်ပါတယ်။ နောက်ကျောဘက်ရဲ့ ညာဘက်ထောင့်မှာ အနောက်ကင်မရာ Lens နဲ့ သူ့ဘေးမှာ LED Flash မီးလုံးကို တပ်ဆင်ပေးထားပါတယ်။ ဖုန်းရဲ့အရွယ်အစားက 153.8 x 75.5 x 7.6 mm ရှိပြီး 154g အလေးချိန် လေးပါတယ်။ ဒါကြောင့် ကိုင်တွယ်သုံးစွဲလို့ကောင်းတဲ့ အနေတော် အရွယ်အစားနဲ့ အလေးချိန်ပါပဲ။


ကိုယ်ထည်ကို တည်ဆောက်ထားတဲ့ hardware ပိုင်းတွေကလည်း အထူးကောင်းမွန်တာကြောင့် Premium ဖုန်းတစ်လုံးရဲ့ အသွင်အပြင်နဲ့ အစင်းရော၊ အချင်းရောရှိတဲ့ ဖုန်းတစ်လုံးလို့ ပြောနိုင်ပါတယ်။ ၎င်းကို GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Nano SIM card 1 card နဲ့ Micro SIM card 1 ကတ်ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်တဲ့ Dual SIM စနစ် ပါရှိပါတယ်။


မျက်နှာပြင်အကျယ်က 5 လက်မခွဲအကျယ်ရှိပြီး IPS LCD capacitive touchscreen display အမျိုးအစားကို သုံးထားပါတယ်။ ၎င်းမျက်နှာပြင်က မြင်ကွင်းစွမ်းအားအနေနဲ့ 720 x 1280 pixels ရှိတဲ့ HD မြင်ကွင်းတွေကို ပေးစွမ်းနိုင်ပါတယ်။ 1 လက်မမှာရှိတဲ့ သိပ်သည်းဆ ပမာဏကတော့ ~267 ppi pixels ရှိပါတယ်။ ဒါ့အပြင် မျက်နှာပြင်ပေါ်မှာလည်း လက်ချောင်း 5 ချောင်းထိ တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်တဲ့ multitouch စနစ်ကို သုံးစွဲနိုင်ပြီး မျက်နှာပြင်ကို အကြမ်းခံနိုင်အောင် Corning Gorilla Glass နဲ့ ထပ်မံဖုံးအုပ် ကာကွယ်ပေးထားတာကြောင့် အစင်းရာ၊ အခြစ်ရာတွေလည်း အလွယ်တကူ မဖြစ်စေနိုင်ပါဘူး။


ကိုယ်ထည်ထဲမှာ Android 6.0 (Marshmallow) ကို run ပေးထားပြီး Funtouch OS 2.6 User Interface ကို သုံးထားပါတယ်။ ၎င်းရဲ့ USB ပေါက်က Micro USB 2.0 ဖြစ်ပြီး bluetooth 4.0 နဲ့ A2DP Bluetooth စနစ်တို့ ပါရှိပါတယ်။ ဒါ့အပြင် FM radio ကိုလည်း အကောင်းဆုံး ဖမ်းယူနားထောင်နိုင်ပါတယ်။ အနောက်ကင်မရာက 13MP ရှိပြီး အရှေ့ကင်မရာက 20MP, f/2.0 aperture စွမ်းအားတွေပါရှိလို့ အလှပဆုံး selfie ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် ကင်မရာ 2 ခုလုံးက 30fps မှာ 1080p အရည်အသွေးရှိတဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။


Vivo V5 ဟာ စွမ်းဆောင်ရည်မြင့်မားတဲ့ CPU နဲ့ GPU တို့ကို ထည့်သွင်းအသုံးပြုထားတဲ့အတွက် လုပ်ဆောင်ချက်တွေကလည်း မြန်ဆန်တိကျမှု ရှိပါတယ်။ ဖုန်းထဲမှာ data တွေကို သိမ်းဆည်းဖို့အတွက် Internal memory 32GB ပါရှိတဲ့အပြင် Micro SD card ရဲ့အကူအညီကို 256GB အထိ ရယူနိုင်ပါတယ်။ RAM ကတော့ 4GB ပါရှိပါတယ်။ ၎င်းကို ဒီဇိုင်းပုံစံနဲ့ လိုက်ဖက်ညီတဲ့ ရွှေရောင်နဲ့ မီးခိုးရောင်ဆိုတဲ့ အရောင် 2 မျိုး ထုတ်လုပ်ပေးထားပါတယ်။

* Battery Life *

Vivo V5 မှာ ထောက်ပံ့ပေးထားတဲ့ Non-removable Li-Ion 3000mAh battery ကြောင့် ဖုန်းအား ခဏခဏသွင်းစရာမလိုဘဲ လုပ်ဆောင်ချက်တွေအကုန်လုံးကို အချိန်ကြာမြင့်စွာ ပြုလုပ်နိုင်မှာပဲ ဖြစ်ပါတယ်။

* Design *

Vivo V5 ရဲ့ ဒီဇိုင်းပုံစံက မျက်စိကိုဖမ်းစားနိုင်မယ့် ရိုးရှင်းတဲ့ဒီဇိုင်းပုံစံရှိပြီး ကိုယ်ထည်ကို သတ္တုနဲ့ ပြုလုပ်ပေးထားလို့ အကြမ်းခံနိုင်ပါတယ်။ ဒ့ါအပြင် ပေါ့ပေါ့ပါးပါးနဲ့ သုံးစွဲရတာလည်း အဆင်ပြေပါတယ်။ နောက်ကျောဘက်ကနေ ကြည့်လိုက်ရင် iPhone 6 ဒီဇိုင်းနဲ့ အနည်းငယ်ဆင်တူတာကို တွေ့ရပါတယ်။

* Processor *

Vivo V5 မှာ RAM 4GB ပါရှိတဲ့ Mediatek MT6750 chipset နဲ့ Octa-core 1.5GHz Cortex-A53 processor တို့ကို ထောက်ပံ့ပေးထားပြီး Mali-T860MP2 Graphics Card ကို သုံးထားပါတယ်။ ဒါကြောင့် တိကျသေချာတဲ့ လုပ်ဆောင်ချက်တွေကို လျင်မြန်စွာ ပြုလုပ်နိုင်ပြီး multitasking တွေကိုလည်း ပြုလုပ်နိုင်ပါတယ်။

* Display and Camera *

5 လက်မခွဲအကျယ်ရှိတဲ့ မျက်နှာပြင်ကို IPS LCD capacitive touchscreen display အမျိုးအစားနဲ့ ပြုလုပ်ပေးထားပြီး 720 x 1280 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ရရှိမှာဖြစ်ပါတယ်။ 13MP ရှိတဲ့ အနောက်ကင်မရာနဲ့ 20MP တောင်ရှိတဲ့ အရှေ့ကင်မရာတို့ကလည်း အကောင်းဆုံးဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာပါ။

* Verdict *

ဒီ Vivo V5 ဟာ သင့်တင့်ကောင်းမွန်ပြီး သုံးစွဲလို့အဆင်ပြေတဲ့ Specs တွေနဲ့ features တွေကို ထောက်ပံ့ထားတဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးပဲဖြစ်ပြီး ဈေးနှုန်းကလည်း လူတိုင်းတတ်နိုင်တဲ့ဈေးနှုန်းနဲ့ ရောင်းချပေးထားတာကို တွေ့ရပါတယ်။

Specification

» Network : 2G, 3G, 4G (Dual SIM)
» Weight : 154 g
» Display : 5.5", IPS LCD capacitive touchscreen
» Dimensions : 153.8 x 75.5 x 7.6 mm
» Memory : 32GB, 4GB RAM, microSD card up to 256GB
» Camera : 13MP, phase detection autofocus, LED flash,
Geo-tagging, face detection, panorama, HDR, Front : 20MP, 1/2.8" sensor size
» Connectivity : GPS, WLAN, Bluetooth 4.0, microUSB 2.0
» OS : Android OS 6.0 (Marshmallow)
» Chipset : Mediatek MT6750, GPU : Mali-T860MP2,
CPU : Octa-core 1.5GHz Cortex-A53
» Protection : Corning Gorilla Glass, Funtouch OS 2.6

Contact Phone - 09-253050066 (Vivo Showroom)

Price - 318,000 Ks

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com