ဒီနေ့ခေတ်မှာ မျက်နှာပြင် အပိုပါတဲ့ စမတ်ဖုန်းများကို
ထုတ်လုပ်ရောင်းချနေကြပါတယ်။ Meizu ကလည်း မကြာခင်က အနောက်ဘက်မှာ မျက်နှာပြင်
အပိုတစ်ခုပါတဲ့ Pro 7 ဖုန်းများကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ Samsung က
မျက်နှာပြင် ၂ ခု ပါတဲ့ ခေါက်ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။
Samsung ဟာ ၂၀၁၆ ခုနှစ်တုန်းကလည်း W2017 အမည်ရ ခေါက်ဖုန်းကို ရောင်းချပေးခဲ့ပါတယ်။ ယခု ခေါက်ဖုန်း အသစ်ကို Leadership 8 လို့ အမည်ပေးထားပြီး W2017 ခေါက်ဖုန်းကို အနည်းငယ် အဆင့်မြှင့်ထားတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 130.2 x 62.6 x 15.9mm ဖြစ်ပြီး ၂၃၅ ဂရမ် အလေးချိန်ရှိပါတယ်။
Leadership 8 ရဲ့ အတွင်းနဲ့ အပြင်ဘက်မှာ ၄.၂ လက်မ AMOLED Full HD Display တစ်ခုစီ တပ်ဆင်ထားပါတယ်။ Qualcomm Snapdragon 821 CPU မောင်းနှင်မှာ ဖြစ်ပြီး အနောက်ဘက်မှာ 12MP Camera တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ 5MP Camera ပါပါတယ်။ 2300mAh Battery , Always-on Display ထည့်သွင်းထားပါတယ်။ Configure လုပ်နိုင်တဲ့ ခလုတ်တစ်ခုလည်း ပါပါတယ်။ Secure Folder အမည်ရ ဖိုင်များကို ကာကွယ်ထားတဲ့ စွမ်းဆောင်ချက်လည်း ပါပါတယ်။
အခုခေါက်ဖုန်း အသစ်ကို China Mobile အမည်ရ မိုဘိုင်းအော်ပရေတာကနေ ရောင်းချပေးမှာ ဖြစ်ပါတယ်။ အခြားနိုင်ငံများမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။