8/15/2017

♪ “နှင်းဆီပန်းရောင် Samsung Galaxy S8 စမတ်ဖုန်းလာမည်” ♫

Image may contain: phone

Roland Quandt က နှင်းဆီပန်းရောင် Samsung Galaxy S8 ရဲ့ ဓါတ်ပုံများကိုအွန်လိုင်းမှာဖော်ပြလိုက်ပါတယ်။ Samsung ကတော့ Galaxy S8 ရဲ့ နှင်းဆီပန်းရောင် မော်ဒယ်ကို တရားဝင်ကြေညာခြင်း မရှိသေးပေမယ့် ယခုထွက်ပေါ်လာတဲ့ ဓါတ်ပုံများအရမကြာခင်မှာကုမ္ပဏီ ကအဲဒီအရောင်ကိုရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ Specifications အပိုင်းမှာတော့ နှင်းဆီပန်းရောင် မော်ဒယ်ဟာမူလမော်ဒယ်များနဲ့ တူညီပါတယ်။

Samsung ရဲ့ Galaxy S8 မှာ 2960 x 1440 pixels resolution ထောက်ပံ့တဲ့အပြင် 570 Pixels per inch ရှိတဲ့ Quad HD+ resolution 5.8 inch Samsung Infinity Display ကိုအသုံးပြုထားပြီး Qualcomm Snapdragon 835 processor (or) Samsung Exynos 8895 processor နဲ့အတူ RAM 4GB နှင့် 64GB internal storage တို့ ပါဝင်ပါတယ်။ကင်မရာပိုင်းအနေနဲ့လည်း12 MP back camera နဲ့ အတူ 8MP camera တို့ကိုတပ်ဆင်ထားပြီး 3000mAh battery ကိုအသုံးပြု ထားတာဖြစ်ပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com