8/11/2017

♪ တန်ဖိုးမှာ ၁,၀၃၀,၀၀၀/- ကျပ် ၀န်းကျင်ရှိတဲ့ “Samsung Galaxy S8” နဲ့ပတ်သတ်သမျှပြည့်ပြည့်စုံစုံ ♫

Image may contain: 1 person, smiling, standing and text

Samsung ရဲ့ ထိပ်တန်းဖုန်းဖြစ်သော S8 ဟာ လူကြိုက်များလျက်ရှိပြီး ဓာတ်ပုံရိုက်ကူးတဲ့အခါတွင် ဘေးဘောင်ဒီဇိုင်း ပါးလျမှုကြောင့် ဆန်းသစ် သောပုံများကို ပိုမိုရိုက်ကူးနိုင်ပါတယ်။ သုံးစွဲသူရဲ့ပျော်ရွင်စရာ အခိုက် အတန့်တွေကို Galaxy S8 တွင် တပ်ဆင်ပေးထားတဲ့ 12MP, f/1.7 စွမ်းရည်ရှိသောနောက်ကျောဘက်ကင်မရာနဲ့ 8MP, f/1.7 စွမ်းရည်ရှိသော အရှေ့ကင်မရာ တွေကိုအသုံးပြုပြီး မြန်ဆန်သွက်လက်စွာ ဖမ်းယူနိုင်ပါ လိမ့်မယ်။ နေ့၊ ညဘယ်လိုအချိန်မျိုးမှာဖြစ်စေ အခိုက်အတန့်ကောင်း တွေကို လွတ်သွားစေတော့မှာမဟုတ်ပါဘူး။ Selfie ဓာတ်ပုံကောင်းတွေ ရိုက်ကူးလိုသူတွေအတွက် လုပ်ဆောင်ချက်ကောင်းမွန် တဲ့ feature တစ်ခု ထည့်သွင်းပေးထားပါသေးတယ်။ 4K video တွေကိုရိုက်ကူးနိုင်မှာဖြစ်ပြီး၊ Pro Mode ကိုသုံးပြီး ရိုက်မယ် ဆိုရင်တော့ တကယ့်ကင်မရာတစ်လုံးကို သုံးနေရသလို ပုံကောင်းတစ်ခုရဖို့အတွက် ချိန်ညှိနိုင်ပါလိမ့်မယ်။ iSO, Shutterspeed, Exposure, Colortone, Manual Focus နဲ့ White Balance လိုလုပ်ဆောင်ချက်တွေကို အသုံးပြုနိုင်ပါလိမ့်မယ်။ မိမိ အလိုရှိတဲ့ နေရာကို Focus ပြုလုပ်နိုင်စေဖို့အတွက်ကတော့ Selective Focus ဆိုတဲ့ လုပ်ဆောင်ချက်ကိုသုံးပြီးတော့ foreground, background ကြိုက်ရာကို ရွေးချယ်နိုင်ပါလိမ့်မယ်။ Samsung ဟာ မျက်နှာပြင်ပိုင်းအတွက် အထူးဂရုစိုက်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ သာမန်ဖုန်းတွေကိုင်တွယ်ရတာနဲ့ လုံးဝကွဲပြားတဲ့မြင်ကွင်းကို ခံစား ရမှာဖြစ်ပြီး ရှင်းလင်းပီသတဲ့ ရုပ်ထွက် ပိုင်းနဲ့ သုံးနိုင်ပါလိမ့်မယ်။ တစ်နည်းပြောရရင်တော့ စမတ်ဖုန်းထက်စာရင် phablet နဲ့တောင်ပို၍ ဆင်တူပါသေးတယ်။

Samsung Galaxy S8 ရဲ့မျက်နှာပြင်မှာ 2960×1440 Pixel QHD+ Resolution သုံးထားပါတယ်။ အနားထောင့်နှင့်ရုပ်ထွက်ကို ကပ်လုနီးပါး အခြေအနေသို့ရောက်အောင် ဖန်တီးထားတာတွေ့ရပါတယ်။ Home Button မပါဝင်တာကြောင့် မျက်နှာပြင်ရုပ်ထွက် ပမာဏကို ပိုပြီးတော့ ကြီးမားလာအောင် လုပ်ဆောင်လာနိုင်ခဲ့ပါတယ်။ ဖုန်းရဲ့မျက်နှာပြင် အကျယ်အ၀န်းဟာ 5.8 inches ရှိပြီး ဖုန်းကိုယ်ထည်အရွယ်အစား ပမာဏကတော့ 148.9x68.1x 8 mm ဖြစ်ကာ အလေးချိန်မှာ 155g ရှိပါတယ်။ အသံဖြင့် ထိန်းချုပ်ခိုင်းစေနိုင်တဲ့စနစ်က အဆင့်မြင့်စမတ်ဖုန်း တစ်လုံးမှာ မပါမဖြစ်ပါဝင်ရမယ့် အချက်တစ်ခုဖြစ်လာနေပါပြီ။ ဒါကြောင့် လည်း Samsung ဟာ S8 မှာ Bixby ကို ထည့်သွင်းလာပါတယ်။ Bixby က သုံးရလွယ်ကူတဲ့အပြင် ပိုပြီးတော့ အသုံးတွင် အောင် လုပ်ထားတာ တွေ့ရပါတယ်။ သင့်အနေနဲ့ Bixby ကိုသုံးပြီး သီချင်းဖွင့်ခိုင်းနိုင်ပါတယ်။ စာလှမ်းပို့ခိုင်းနိုင်ပါတယ်။ တက္ကစီအငှားယာဉ်ခေါ်နိုင်ပါတယ်။ သင် ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတစ်ပုံရဲ့ တည်နေရာကို မမှတ်မိတော့ဘူးဆိုရင် လည်း Bixby က မှန်ကန်စွာ ဖြေဆိုပေးနိုင်ပါသေးတယ်။ အကောင်းဆုံး အစားအသောက်ဆိုင်တွေရှိတဲ့ နေရာကိုလည်း လမ်းညွှန်နိုင်ပါသေးတယ်။ Samsung ဟာ လက်ဗွေရာစနစ်ကို ကျောဘက်မှာ ထည့်သွင်းပေးထား ပါသေးတယ်။ မျက်နှာစကင်စနစ်ကိုလည်း ထည့်သွင်း ပေးထားပါသေး တယ်။ သုံးစွဲသူအနေနဲ့ဖုန်းရှေ့မှာ မျက်နှာထားလိုက်ရုံဖြင့် ဖုန်းကိုဖွင့်နိုင် ပါမယ်။ ဖုန်းလုံခြုံရေးအတွက် ပိုမိုစိတ်ချ ရလာစေပါတယ်။ မျက်နှာစကင် စနစ်ဟာ အလွန်တိကျတဲ့အပြင် အလွန် လျင်မြန်လှပါတယ်။ စမတ်ဖုန်း လုံခြုံရေးစနစ်က အခု ဆိုရင် အရေးပါသထက် ပါလာပြီဖြစ်ပါတယ်။ မျက်နှာစကင်စနစ်ဟာ အခြားသော စမတ်ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီ များအတွက် လည်း မျက်စိကျစရာဖြစ်လာခဲ့ပါတယ်။ Samsung ဟာ အရင်တုန်းက TouchWiz ကို အသုံးပြုခဲ့ပါတယ်။ S8 မှာတော့ အသစ် ဖန်တီးထားတဲ့ Samsung UX ကို အသုံးပြုထားပါတယ်။ သူ့ရဲ့စနစ်က ဒီဇိုင်းပိုင်းကိုပါ အများကြီးအထောက်အပံ့ဖြစ်စေပါတယ်။

Samsung ဟာ Galaxy S8 မှာ ပါဝါစွမ်းရည်အမြင့်မားဆုံး Processor များဖြစ်တဲ့ Snapdragon 835 နှင့် Exynos 8895 ကို အသုံးပြုထား ပါတယ်။ Galaxy S8 မှာ အသုံးပြုထားတဲ့ Processor က ကမ္ဘာ့ပထမဆုံး Nanometer Chip လည်း ဖြစ်ပါတယ်။ တရုတ်၊ တောင်ကိုးရီးယား၊ အမေရိကန်ဈေးကွက်တို့မှာဖြန့်တဲ့ဖုန်းတွေမှာ Snapdragon 835 ကို သုံးထားပြီး ကျန်ဈေးကွက် တွေမှာ ဖြန့်ချိတဲ့ဖုန်းများမှာတော့ Exynos 8895 ကို သုံးထားပါတယ်။ S8 ရဲ့ မော်ဒယ်နံပါတ်များကတော့ G950F, G950FD, G950U, G950A, G950P, G950T, G950V, G950R4, G950W, G950S, G950K, G950L, G9500 တို့ဖြစ်ပါတယ်။ အကြမ်း အတမ်းခံသော ဖုန်းတစ်လုံးဖြစ်စေရန်အတွက်လည်း Gorilla Glass 5 နဲ့ ဖွဲ့စည်းတည်ဆောက်ပေးထားပြီး IP68 အသိအမှတ်ပြုထားသော ဖုန်းလည်းဖြစ်ပါတယ်။ ရေအနက် ၁.၅ မီတာတွင် မိနစ် ၃၀ နီးပါး ရေစိမ်ခံနိုင်စွမ်းရှိပါမယ်။ ဆက်သွယ်ရေးစနစ် အပိုင်းအတွက် Bluetooth 5.0, A2DP, LE, aptX နှင့် NFC စနစ်တို့အပြင် USB 3.1, Type C 1.0 Reversible Connector တို့ ပါရှိပါတယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM 4GB နှင့် ROM 64GB တို့ကို ထည့်သွင်းပေးထားပြီး အချက် အလက် အများအပြားသိမ်းဆည်းလိုပါက မှတ်ဥာဏ်ပမာဏကို ချဲ့ထွင် အသုံးပြု နိုင်ပါမယ်။ အများဆုံးတိုးချဲ့နိုင်မယ့်မှတ်ဥာဏ်ပမာဏမှာ 256GB အထိ ဖြစ်ပါတယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီ အမျိုးအစားကတော့ Li-Ion 3000mAh ဖြစ်ပြီး၊ 3G Network တွင် စကားပြောဆိုဖို့ နာရီ ၂၀ နီးပါးခံနိုင်စွမ်းရှိမှာဖြစ်ကာ သီချင်းနားထောင်ဖို့ ၆၇ နာရီနီးပါးခံနိုင်ရည် ရှိပါမယ်။ အားသွင်း မြန်ဆန်သော Quick Charge 2.0 စနစ်လည်း ပါရှိပါတယ်။ S8 ရဲ့ ဈေးနှုန်းတန်ဖိုးမှာ ၁,၀၃၀,၀၀၀/- ကျပ် ၀န်းကျင် ရှိပါတယ်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com