8/11/2017

♪ Dual Camera ကင်မရာနှစ်လုံးပါတဲ့ Xiaomi 5X ကို စတင်ရောင်းချမည် ♫


အိန္ဒိယဈေးကွက်မှာ ဈေးကွက်ဝေစု အတော်အသင့်ရထားတဲ့ ရှောင်မီ ဟာ ပထမဆုံးအကြိမ်ထုတ်လုပ်လိုက် တဲ့ Dual Camera ကင်မရာနှစ်လုံးပါတဲ့ Xiaomi 5X ကို လာမည့်လ မှာ စတင်ရောင်းချမှာ ဖြစ်တယ် လို့ သိရပါတယ်။

စေျးကွက်စစ်တမ်းတွေအရ ရှောင်မီဟာ  အိန္ဒိယမှာ ဒုတိယရှယ်ယာအများဆုံးအဖြစ်ရပ်တည်ပြီး Samsung နောက်ကနေ ရပ်တည်နေတယ် လို့ ကောက်ထားတဲ့ အချက်အလက်တွေ က ပြောဆိုနေပါတယ်။ အခု ကုမ္မဏီက ပထမဆုံးထုတ်လိုက်တဲ့ နောက်ကင်မရာနှစ်လုံးပါတဲ့ ဖုန်းကို Mi 6 နဲ့ Mi 5X တို့ရဲ့ အမြင့်ဆုံးစွမ်းဆောင်မှု အသွင်အပြင်ပြောင်းထည့်ပြီး နောက်လထဲမှာ ဖြန့်မှာ ဖြစ်ပါတယ်။

အိန္ဒိယက Xiaomi ရဲ့ မန်နေးဂျင်းဒါရိုက်ဖြစ်တဲ့ Manu kumar Jain ရဲ့ ပြောစကားအရဆို နောက်လမှာ အိန္ဒိယမှာ တရားဝင်ရောင်းချတော့မည်လို့ Twitter မှာ ကြေငြာထားပေမယ့် နောက်ပိုင်းမှာတော့ အဲဒါဟာ အတိအကျပုံစံ ပြောဆိုထားခြင်းမျိုးမဟုတ်ပဲ သူ့ Followers တွေကို ခန့်မှန်း ပြောဆိုတဲ့အနေအထားနဲ့သာ ပြောထားတာဖြစ်တယ် လို့ ပြောင်းလဲ ဖြည့်စွက်ခဲ့ပါတယ်။

အားလုံးကတော့ Xiaomi Mi 5X အတွက် နောက်ပြောင်မှုတခုလို့သာ ထင်မှတ်နေကြပါတယ်။ လွန်ခဲ့တဲ့ ၁ ပတ် လောက် ကတည်းက အဲဒီသတင်းဟာ တရုတ်လူမှုကွန်ယက် Weibo ကနေ စတင်ပျံ့နှံခဲ့တာ ဖြစ်ပြီး ဒီ သတင်း ဟာ အမှန်ဖြစ်ခဲ့မယ်ဆို Mi 5X က အိန္ဒိယရဲ့ ပထမဆုံး Dual Camera Xiaomi Handset ဖြစ်လာမှာ ဖြစ်ပြီး MIUI 9 အတွက်လဲ လမ်းခင်းပြီးသားဖြစ်ပါလိမ့်မယ်။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com