8/03/2017

♪ “Samsung Galaxy Note 8 ရဲ့ ဓါတ်ပုံထွက်ပေါ်လာ” ♫

Image may contain: phone

Samsung က သြဂုတ်လ ၂၃ ရက်နေ့မှာ Galaxy Note 8 ကိုမိတ်ဆက် မှာ ဖြစ်ပါတယ်။ အချိန်နီးကပ်လာတာနဲ့ အမျှ အဲဒီစမတ်ဖုန်းရဲ့ သတင်း အချက်အလက်များဟာလည်းပေါက်ကြားထွက်ပေါ်လာပါတယ်။ အခုလည်း VentureBeat ၀က်ဆိုက်မှ Evan Blass က ပေါက်ကြား ထွက်ပေါ်လာတဲ့ Galaxy Note 8 ရဲ့ ဓါတ်ပုံကို Twitter မှာပို့စ်တင်ခဲ့ ပါတယ်။

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ Samsung Galaxy Note 8 မှာ ၆.၃ လက်မ Super AMOLED Infinity Display , 6GB RAM, 64GB Internal Storage , Qualcomm Snapdragon 835 or Exynos 8895 Chipset ,12-MP Dual Rear Cameras , Fingerprint Sensor , Android 7.1.1 Nougat , S-Pen များတပ်ဆင်ထားနိုင်ပါတယ်။

အမေရိကန်၊ ကိုရီးယားနဲ့ ဗြိတိန်နိုင်ငံများ အပါအ၀င် အချို့နိုင်ငံများမှာ စက်တင်ဘာလအစောပိုင်းတွင် ပထမအသုတ်ကိုရောင်းချပေးမှာ ဖြစ်ပါတယ်။ ဒုတိယအသုတ်ကိုတော့ အောက်တိုဘာလမှာရောင်းချ မှာဖြစ်တယ်လို့ Samsung ရဲ့ မိုဘိုင်းဆက်သွယ်ရေးဌာနမှ ဥက္ကဌ ဖြစ်သူ Gao Dongzhen ကအတည်ပြုထားပါတယ်။

Samsung ဟာသူ့ရဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Bixby ပါတဲ့ နားကြပ်ကို Galaxy Note 8 မှာထည့်ပေးမယ်လို့ သိရပါတယ်။ သတင်းများ အရနားကြပ်ဟာသေးငယ် ကျစ်လစ်တဲ့ ဒီဇိုင်း ဖြစ်နိုင်ပါတယ်။ အဲဒီနားကြပ်မှာအသံဆူညံမှုကိုတားဆီးပေးတဲ့ နည်းပညာထည့်သွင်း ပေးထားမယ်လို့ သိရပါတယ်။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com