8/04/2017

♪ " Samsung Galaxy Note 8 မှာ အဆင့်မြင့် Multimedia စွမ်းဆောင်ချက်များ ပါဝင်မည် " ♫

Image may contain: phone and text

Samsung က Galaxy Note 8 မှာ အဆင့်မြင့် Multimedia စွမ်းဆောင်ချက်များ ပါမယ်လို့ ပြောပါတယ်။ အဲ့ဒီအတွက် ရုပ်ရှင်၊ ဗီဒီယိုများ ကြည့်ခြင်း၊ သီချင်းနားထောင်ခြင်းများ ပြုလုပ်ရင် အလွန်ကောင်းမွန်မှာ ဖြစ်ပါတယ်။ “ 2011 ခုနှစ်က စတင်ရောင်းချပေးခဲ့တဲ့ Galaxy Note Series များမှာ ကြီးမားတဲ့မျက်နှာပြင်နဲ့ S Pen အပါအ၀င် Multimedia စွမ်းဆောင်ချက်များ ပါပါတယ်။

Galaxy Note 8 မှာ ပိုမိုအဆင့်မြင့်တဲ့ Multimedia စွမ်းဆောင်ချက်များ ပါလာမှာဖြစ်ပါတယ် ” လို့ ကုမ္ပဏီက ပြောပါတယ်။ Samsung ရဲ့ မိုဘိုင်းဆက်သွယ်ရေးဌာနမှ ဥက္ကဌဖြစ်သူ Gao Dongzhen က Galaxy Note 8 ကို သြဂုတ်လ 23 ရက်နေ့မှာ မိတ်ဆက်မယ်လို့ အတည်ပြုထားပါတယ်။ Dongzhen က အဲဒီစမတ်ဖုန်းကို ရောင်းချမယ့်အချိန်များကိုလည်း ပြောကြားခဲ့ပါတယ်။ အမေရိကန်၊ ကိုရီးယားနဲ့ ဗြိတိန်နိုင်ငံများအပါအ၀င် အချို့နိုင်ငံများမှာ စက်တင်ဘာလအစောပိုင်းတွင် ပထမအသုတ်ကို ရောင်းချပေးမှာ ဖြစ်ပါတယ်။ ဒုတိယအသုတ်ကိုတော့ အောက်တိုဘာလမှာ ရောင်းချမှာ ဖြစ်ပါတယ်။ 

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ Samsung Galaxy Note 8 မှာ 6.3 လက်မ Super AMOLED Infinity Display, 6GB RAM, 64GB Internal Storage, Qualcomm Snapdragon 835 or Exynos 8895 Chipset, 12-MP Dual Rear Cameras, Fingerprint Sensor, Android 7.1.1 Nougat, S-Pen များ တပ်ဆင်ထားနိုင်ပါတယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com