
တရုတ်နိုင်ငံရဲ့
နည်းပညာမှတ်ပုံတင်ဌာန TENNA မှာ (7) လက်မ မျက်နှာပြင်ရှိပြီး Quad-core
Processor သုံးထားတဲ့ Honor Tablet သစ် စာရင်းသွင်းပြီးပြီလို့ သိရပါတယ်။
မော်ဒယ်လ်နံပါတ် BG2-UO1 လို့ပဲ ဖော်ပြထားပြီး တက်ဘလက်ရဲ့နာမည်ကိုတော့
ပြောကြားထားခြင်း မရှိသေးပါဘူး။
TENNA မှာ ဒီတက်ဘလက်ရဲ့ လုပ်ဆောင်ချက်တွေကို ဖော်ပြထားပြီး ပုံတွေကိုတော့ Honor device ကနေပဲ ကြည့်ရှုခွင့်ပြုထားပါတယ်။ Honor BG2-UO1 မှာ 1024×600 pixels နဲ့ 7 လက်မ display ၊ 1.4GHz နဲ့ Quad-core processor တို့ပါဝင်မယ်လို့ သိရပြီး chipset ရဲ့အမည်ကိုတော့ အတိအကျ ဖော်ပြမထားပါဘူး။ Honor tablet မှာ RAM 2GB ၊ 16GB storage ပါဝင်ပြီး micro SD card ကိုအသုံးပြုပြီး မန်မိုရီကိုလည်း ထပ်တိုးချဲ့နိုင်ပါတယ်။
4000 mAh battery ၊ Android 7.0 Nougat ကိုလည်း အသုံးပြုထားပါတယ်။ ဒီတက်ဘလက်ရဲ့ အရောင်အနေနဲ့ Sky Gray နဲ့ Streamer Gold ရရှိမယ်လို့ TENNA မှာ ဖော်ပြထားပါတယ်။ TENNA မှာ စာရင်းသွင်းပြီးပြီဖြစ်လို့ ဒီတက်ဘလက်ကို အကြာကြီးစောင့်ဖို့ မလိုအပ်တော့ပါဘူး။ ဈေးနှုန်းအတိအကျ မသိရှိရသေးပေမယ့် ပါဝင်တဲ့လုပ်ဆောင်ချက်တွေအရ တော့
တန်ဖိုးသင့်တက်ဘလက် ဖြစ်နိုင်ပါတယ်။
ဒါဟာ Huawei ကုမ္ပဏီရဲ့ low-end features နဲ့ ထုတ်လုပ်တဲ့ နောက်ဆုံးထုတ်ကုန်လည်း ဖြစ်နိုင်ပါသေးတယ်။ ဘာလို့လဲဆိုတော့ ကုမ္ပဏီကနေ budget စမတ်ဖုန်းနဲ့ device တွေ ထုတ်လုပ်မှုရပ်ဆိုင်းတော့မယ် လို့ မကြာသေးမီကပဲ ပြောကြားခဲ့တာကြောင့်ပါ။
♯gizbot.com
သံစဉ်ချို
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
TENNA မှာ ဒီတက်ဘလက်ရဲ့ လုပ်ဆောင်ချက်တွေကို ဖော်ပြထားပြီး ပုံတွေကိုတော့ Honor device ကနေပဲ ကြည့်ရှုခွင့်ပြုထားပါတယ်။ Honor BG2-UO1 မှာ 1024×600 pixels နဲ့ 7 လက်မ display ၊ 1.4GHz နဲ့ Quad-core processor တို့ပါဝင်မယ်လို့ သိရပြီး chipset ရဲ့အမည်ကိုတော့ အတိအကျ ဖော်ပြမထားပါဘူး။ Honor tablet မှာ RAM 2GB ၊ 16GB storage ပါဝင်ပြီး micro SD card ကိုအသုံးပြုပြီး မန်မိုရီကိုလည်း ထပ်တိုးချဲ့နိုင်ပါတယ်။
4000 mAh battery ၊ Android 7.0 Nougat ကိုလည်း အသုံးပြုထားပါတယ်။ ဒီတက်ဘလက်ရဲ့ အရောင်အနေနဲ့ Sky Gray နဲ့ Streamer Gold ရရှိမယ်လို့ TENNA မှာ ဖော်ပြထားပါတယ်။ TENNA မှာ စာရင်းသွင်းပြီးပြီဖြစ်လို့
ဒါဟာ Huawei ကုမ္ပဏီရဲ့ low-end features နဲ့ ထုတ်လုပ်တဲ့ နောက်ဆုံးထုတ်ကုန်လည်း ဖြစ်နိုင်ပါသေးတယ်။ ဘာလို့လဲဆိုတော့ ကုမ္ပဏီကနေ budget စမတ်ဖုန်းနဲ့ device တွေ ထုတ်လုပ်မှုရပ်ဆိုင်းတော့မယ်
♯gizbot.com
သံစဉ်ချို
NetGuide Journal (Every Wednesday)
https://www.facebook.com/