
Meizu M6 Note ရဲ့ အနောက်ဘက် ကာဗာကို ဖြုတ်၍ ရိုက်ကူးထားတဲ့ ဓါတ်ပုံများအွန်လိုင်းမှာပေါက်ကြား ထွက်ပေါ်လာပါတယ်။ ဓါတ်ပုံများအရ Meizu M6 Note မှာအနောက်ကင်မရာ နှစ်လုံးနဲ့အတူ LED Flash လေးလုံးကိုပူးတွဲတပ်ဆင်ထားတာကိုတွေ့မြင်ရပါတယ်။
M6 Note မိတ်ဆက်ပွဲအတွက် ဖိတ်စာများဟာလည်းမကြာခင်ကအွ န်လိုင်း မှာပေါက်ကြားထွက်ပေါ်လာခဲ့ပါ တယ်။ သြဂုတ်လ ၂၃ ရက်နေ့မှာ ပွဲတစ်ခုကျင်းပ၍ Meizu
M6 Note ကိုကြေညာမှာ ဖြစ်ပါတယ်။ ဖိတ်စာမှာ ကြီးမားတဲ့ ပိုစတာတစ်ခုနဲ့ STAY
TRUE ဆိုတဲ့ စာသားကိုရိုက်နှိပ်ထားပါ တယ်။ Can you go faster? ဆိုတဲ့
မေးခွန်းကိုလည်းရေးသားထားပါ တယ်။ အဲဒီအတွက် M6 Note မှာHelio P25 လို လျင်မြန်တဲ့ Chipset ကိုထည့်သွင်းထားမယ်လို့ ယူဆရပါတယ်။
ယခင်ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ သတင်းများအရ Meizu M6 Note မှာ ၅.၅ လက်မမျက်နှာပြင်နဲ့ 4000mAh Battery တပ်ဆင်ထားမှာ ဖြစ်ပါ တယ်။ မတူညီတဲ့ RAM/
Storage များပါတဲ့ မော်ဒယ်နှစ်မျိုးထုတ်လုပ်ထား မှာ ဖြစ်ပါတယ်။ Meizu M6
Note ကိုတရုတ်ယွမ် ၁၅၉၉ ( ၂၄၀ ဒေါ်လာ ) ဖြင့် ရောင်းချနိုင်ပြီး မြန်မာငွေ
အားဖြင့် ကျပ် ၃၂၀,၀၀၀ ၀န်းကျင် ကျသင့် မှာ ဖြစ်ပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/ officialmobileguidejournal
M6 Note မိတ်ဆက်ပွဲအတွက် ဖိတ်စာများဟာလည်းမကြာခင်ကအွ
ယခင်ပေါက်ကြားထွက်ပေါ်ခဲ့တဲ့
Mobile Guide Journal (Every Monday)
https://www.facebook.com/