8/05/2017

♪ လက်တော့ကို အားသွင်းပေးနိုင်တဲ့ Power Bank ♫


Mophie က MacBook တစ်လုံးကို အားအပြည့်သွင်းပေးနိုင်တဲ့ Power Bank ကို မိတ်ဆက်လိုက်ပြီး ကုမ္ပဏီရဲ့ လက်တော့ကို အားသွင်းပေးနိုင်တဲ့ ပထမဆုံး Power Bank ဖြစ်လာပါတယ်။ သူ့ရဲ့ အမည်ကို Powerstation USB-C XXL လို့ ပေးထားပြီး MacBook , MacBook Pro တစ်လုံးကို အားအပြည့်ဖြည့်ပေးနိုင်ပါတယ်။ ဘက်ထရီဟာ သွားလေရာယူဆောင်သွားနိုင်အောင် ပါးလွှာ ပေါ့ပါးပါတယ်။

19500mAh Battery ဖြစ်ပြီး ၁၂ နာရီကျော်ကြာ လက်တော့ကို အားသွင်းပေးနိုင်ပါတယ်။ သူ့မှာ USB-C Connector တပ်ဆင်ထားတဲ့အတွက် ၂၀၁၅ ခုနှစ်နဲ့ နောက်ပိုင်းထုတ် MacBooks များ၊ ၂၀၁၆ ခုနှစ်နဲ့ နောက်ပိုင်းထုတ် MacBook Pros များကို အားသွင်းပေးနိုင်ပါတယ်။ USB-C Port ဖြင့် လျှင်မြန်စွာ အားသွင်းနိုင်သလို USB-A Port လည်း ပါတဲ့အတွက် စမတ်ဖုန်းကိုပါ အားသွင်းပေးနိုင်ပါတယ်။

Mophie က ဘက်ထရီကို ဖန်တီးဖို့ Apple နဲ့ နီးကပ်စွာ ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။ ဘက်ထရီမှာ အားပမာဏကို ပြသတဲ့ မီးသီးများနဲ့ Power Switch များကို တပ်ဆင်ထားပါတယ်။ အပြင်ပိုင်းကို ချည်သားဖြင့် ဖုံးအုပ်ထားပါတယ်။

Powerstation USB-C XXL ကို Apple Stores နဲ့ Mophie ရဲ့ ၀က်ဆိုက်များကနေသာ ရောင်းချပေးနေပါတယ်။ ၁၄၉.၉၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Power Bank များရဲ့ စွမ်းရည်များဟာ မြင့်မားလာပြီး အရွယ်သေး အီလက်ထရောနစ် ကိရိယာများ ဖြစ်တဲ့ စမတ်ဖုန်း၊ တက်ဘလက်များကို သာမက လက်တော့များလို စွမ်းအင်များစွာ လိုအပ်တဲ့ အရွယ်ကြီး အီလက်ထရောနစ် ကိရိယာများကိုပါ အားသွင်းပေးနိုင်လာပါပြီ။



Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com