8/03/2017

♪ “Nokia 8 ဟု ခေါ်သည်” ♫

No automatic alt text available.

အတိတ်တစ်ချိန်က မိုဘိုင်းကမ္ဘာကို လွှမ်းမိုးခဲ့သော Nokia အမှတ်တံဆိပ် အား အဆင့်မြင့်တန်ဖိုးကြီး စမတ်ဖုန်းများ အဖြစ် ဆက်လက် ထုတ်လုပ် သွားမည်ဟု ကြေညာချက်ထွက်ပေါ်လာပြီးနောက် ဖင်လန်အခြေစိုက် HMD Global ကုမ္ပဏီအပေါ် Nokia ချစ်သူများ၏မျှော်လင့်ချက်က မြင့်တက်လာခဲ့သည်။ HMD Global သည် Nokia ဆိုသော အမည်နှင့် လိုင်စင်ကို လွှဲပြောင်းရယူကာ Android အမျိုးအစားစမတ်ဖုန်းများကို စတင်ထုတ်လုပ်နေပြီဟု သတင်းထွက်ပေါ်လာခဲ့ကတည်းက နည်း ပညာလောက၏ စောင့်ကြည့်အခံရဆုံး စွန့်ဦးတီထွင်ကုမ္ပဏီလည်း ဖြစ်လာခဲ့လေသည်။ ယခုတော့ အဆိုပါကုမ္ပဏီသည် အသစ် ထုတ်လုပ် လိုက်သည့် Android စမတ်ဖုန်းသစ်၏အမည်ကို Nokia 8 ဟုအမည်ပေး ခဲ့သလို စတင်မိတ်ဆက်မည့်ရက်စွဲကိုပင် သတင်းစာရှင်းလင်းပွဲနှင့်အတူ ထုတ်ပြန်ကြေညာခဲ့ပြီဖြစ်သည်

HMD ကုမ္ပဏီ၏ကြေညာချက်အရ Nokia 8 စမတ်ဖုန်းသစ်ကို သြဂုတ်လ ၁၆ ရက်နေ့တွင် စတင်မိတ်ဆက်မည်ဖြစ်ကြောင်း သိရသည်။ တကယ်တော့ ၂၀၁၇ ခုနှစ်နှောင်းပိုင်းသည် နာမည်ကျော်စမတ်ဖုန်း အမှတ်တံဆိပ်များ ဆက်လက်ထွက်ရှိ လာမည့်အချိန်ဖြစ်ပြီး Samsung ၏ Galaxy Note 8၊ Apple ၏ iPhone 7S၊ 7S Plus တို့အပြင် iPhone 8 ပါ ထွက်ပေါ်လာ မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိနေသည်။ တစ်နည်းအားဖြင့်တော့ လာမည့်သီတင်းပတ်အနည်းငယ်အတွင်း ထွက် ပေါ်လာမည့် Nokia 8 သည် နာမည်ကျော်စမတ်ဖုန်းသစ်များအတွက် ကန့်လန့်ကာကို စတင်ဖွင့်ပေးရန် အဆင်သင့်ဖြစ်နေပြီဟု ဆိုရမည် သာဖြစ်၏။

သို့သော် လက်ရှိအချိန်တွင်လည်း Nokia 8 နှင့်ပတ်သက်သော သတင်းအချက်အလက်များနှင့် ပုံရိပ်များက ဖောက်သည်များ၏မြင်ကွင်း သို့ ရောက်ရှိလာခဲ့ပြီးဖြစ်သည်။ Nokia 8 တွင် SnapDragon 835 စနစ်အသုံးပြုသည့် ချစ်ပ်ပြားနှင့် RAM 4 GB သို့ 6 GB တို့ပါဝင်မည် ဖြစ်ကြောင်းသိရသည်။ ဆင်းကတ်အရေအတွက်မှာ တစ်ကတ်သုံးလား (သို့မဟုတ်) Dual အမျိုး အစားလား ကွဲကွဲပြားပြားမသိရသေးသော်လည်း Build in Memory ပမာဏမှာ 64 GB ပါဝင်မည်ဖြစ်၏။ ကင်မရာ စနစ်မှာမူ နောက်ဆုံးပေါ်စမတ်ဖုန်းများတွင် ခေတ်စားနေသော Dual Camera System ဖြစ်နေမည်ဟုသိရသည်။

တကယ်တော့ Nokia သည် မူလကုမ္ပဏီပိုင်းအရ ပြိုလဲခဲ့သော်လည်း အမှတ်တံဆိပ်ပိုင်းကတော့ ကြံ့ကြံ့ခံနိုင်ခဲ့သည်ဟု ချီးကျူးရပါလိမ့်မည်။ မကြာသေးခင်ကလည်း Nokia 3 ၊ Nokia 5 နှင့် Nokia 6 တို့ ထွက်ရှိ ခဲ့သေးသည်။ ဇန်န၀ါရီလက ကျင်းပခဲ့ သည့် CES 2017 ပြပွဲတွင် Nokia 6 ထွက်ပေါ်လာခဲ့စဉ်က ဖောက်သည်များ၏အံ့အားသင့်မှုနှင့် အထင်ကြီး လေးစားမှုများကို တစ်ပြိုင်နက်ရယူနိုင်ခဲ့သည်ကို တွေ့ရ၏။ ထိုဖုန်းများကို ဗြိတိန်ဈေးကွက်တွင် ရောင်းချပြီး အတိုင်းအတာတစ်ခုအထိလည်း အောင်မြင်မှုရရှိခဲ့လေသည်။ အဘယ့်ကြောင့်ဆိုသော် ဗြိတိန်သည် Nokia ပရိသတ်များရှိနေပြီး ရောင်းအားကောင်းလေ့ရှိသည့် သမိုင်းအစဉ်အလာ ရှိထားသောကြောင့်ပင်။

ယခုတော့ ဖင်လန်အခြေစိုက် HMD Global ကုမ္ပဏီသည်လည်း ကြိုတင် ထည့်သွင်းထားသော Third Party Software များမှလွဲပြီး ကိုယ်တိုင် ထုတ်လုပ်ထားသော Nokia 8 စမတ်ဖုန်းသစ်ကို ဗြိတိန် ဈေးကွက် ဦးတည်ပြီး မိတ်ဆက်ရောင်းချပါလိမ့်မည်။ စင်စစ်အားဖြင့်တော့ မျက်နှာပြင်အရွယ်အစား ၅ .၃ လက်မရှိမည်ဖြစ်သော Nokia 8 သည် လက်ရှိ Android မျိုးဆက်၏ အကောင်းဆုံးထိပ်တန်းစမတ်ဖုန်း တစ်လုံးတော့ ဖြစ်လာနိုင်မည်မဟုတ်ပါ။ သို့သော် အားသာချက်က သူနှင့် မတိမ်းမယိမ်းအဆင့် ရှိသော အကောင်းစား စမတ်ဖုန်းများထက် ဈေးနှုန်း သိသိသာသာ လျော့နည်းနေမည့်အချက်ပင်။ Nokia ဆိုသောအမည်ကို ဆက်ခံထားခြင်းနှင့် HMD Global ၏ ကြိုးစားအားထုတ်မှုအရ Nokia 8 သည် စမတ်ဖုန်းဈေးကွက်၏ ထိပ်တန်း ၅ နေရာအတွင်း ၀င်ရောက်နိုင် မည်ဟုတော့ မျှော်လင့်ရလေသည်။ ယင်းမျှော်လင့်ချက် ပြည့်ဝနိုင်ခြင်းရှိ၊ မရှိ ကိုတော့ သြဂုတ်လ ၁၆ ရက်နေ့ နောက်ပိုင်းတွင် သိရှိရပါလိမ့်မည်။

Ref : (How Businesses Use Controversial Device Fingerprinting To Identify And Track Customers - by Bernard Marr)



ကိုဆွဲ(မုံရွာ)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com