8/02/2017

♪ “Huawei Mobile Myanmar မှ Mobile Legend Game ပြိုင်ပွဲတစ်ခုပြုလုပ်ပေးသွားမည်” ♫

No automatic alt text available.

Huawei Mobile Myanmar အနေဖြင့် ယခုလက်ရှိတွင် လူငယ်အများစု နှစ်သက်သဘောကျစွာ ယှဉ်ပြိုင်လျက်ရှိသည့် Mobile Legend Game ပြိုင်ပွဲတစ်ခုကို ရန်ကုန်မြို့ Junction Square တွင် ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် မိမိကိုယ်ပိုင် ၅ ဦးတစ်သင်းစီစုစည်းပြီး ဇူလိုင်လ (၂၈) ရက်မှစတင်ပြီး စာရင်းပေးသွင်း ရမည်ဖြစ်သည်။ စာရင်းပေးသွင်းခြင်းကို ဇူလိုင်လ ၃၁ ရက်နေ့ ည (၉း၀၀ ) နာရီထိ လက်ခံသွားမည်ဖြစ်ပြီး သြဂုတ်လ (၁) ရက်နေ့တွင် Online အဆင့်ပြိုင်ပွဲများကို စတင်ပြုလုပ် သွားမည်ဟုဆိုသည်။ နောက်ဆုံး Final ပွဲစဉ်ကို သြဂုတ် (၅) ရက်နေ့တွင် Junction Square တွင် Huawei mediapad M3 များဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ကစားရမည်ဟုဆိုသည်


အနိုင်ရရှိသော အသင်းများအနေဖြင့် ပထမဆုအဖြစ် ငွေကျပ်သုံးသိန်း ရှစ်သောင်းဝန်းကျင်တန်ဖိုးရှိ Huawei media-pad M3 (၅) ဆုနှင့်အတူ Huawei Esport Gaming Challenge Trophy ၊ ဒုတိယဆုအဖြစ်ငွေ ကျပ်တစ်သိန်းခုနှစ်သောင်းဝန်းကျင် တန်ဖိုးရှိ Huawei Y5 ၂၀၁၇ (၅) ဆုနှင့်အတူ Huawei Esport Gaming Challenge ဂုဏ်ပြုတံဆိပ် ၊ တတိယဆုနှင့် စတုတ္ထဆုအဖြစ် Huawei Esport Gaming Challenge ဂုဏ်ပြုတံဆိပ်များနှင့် Huawei မှ ဂုဏ်ပြုဆုလက်ဆောင်များကို ချီးမြှင့်ပေး အပ်သွားမည်ဖြစ်ကြောင်း သိရ သည်။

Final ပွဲစဉ်များကို ရန်ကုန်မြို့ရှိ Junction Square တွင် August (၅) ရက်နေ့ နံနက် (၁၀း၀၀) နာရီတွင် စတင်ပြုလုပ် သွားမည်ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက Huawei Myanmar ၏ Facebook ဖြစ်သော https://www.facebook.com/HuaweimobileMM/ တွင် ၀င်ရောက် ကြည့်ရှုနိုင်ပါသည်။



ကောင်းမြတ်ရာ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com