8/02/2017

♪ ဘောလုံးဝါသနာအိုးတွေအတွက် - " FIFA 17 (PC) " ♫

Image may contain: 4 people


ဒီတစ်ပတ်မှာထွက်ရှိလာတာကတော့ ဘောလုံးဂိမ်မာတွေအသည်းစွဲ နာမည်ကျော် FIFA 17 ပဲဖြစ်ပါတယ်။ ဒီကနေ့မှာ ဂိမ်းအမျိုးအစားတွေ ဘယ်လောက်ပဲများများ ခေတ်အဆက်ဆက်မှာ ရိုးအီမသွားဘဲ အမြဲတမ်းဈေးကွက်ဝင်နေတာကတော့ ဘောလုံးဂိမ်းတွေပါ။ ဒီထဲမှာမှ Electronic Arts ကနေ ပွဲထုတ်ပေးတဲ့ FIFA စီးရီးကတော့ Top (10) စာရင်းမှာ ထိပ်ဆုံးကလိုဦးဆောင်နေပြီး ပရိသတ်အများစုအသည်းစွဲလို့ ဆိုရမှာဖြစ်ပါတယ်။ FIFA 16 ကိုဖန်တီးပေးထားတဲ့ Developer ကတော့ ယခင်အတိုင်း ကနေဒါ EA အုပ်စုဖြစ်ပြီး Publisher(s) ကတော့ မူပိုင် EA Sports ပါ။ ဂိမ်မာအားလုံးစိတ်ကျေနပ်စေဖို့ Microsoft Windows နဲ့ PlayStation 3, PlayStation 4, Xbox 360, Xbox One ပလက်ဖောင်းစုံအတွက် တစ်ပြိုင်တည်း ပွဲထုတ်ပေးခဲ့တာဖြစ်ပါတယ်။

FIFA ဟာ ဘောလုံးဈေးကွက်ရဲ့ပြိုင်ဖက်ဖြစ်တဲ့ PES နဲ့ အမြဲတမ်းယှဉ်ပြိုင်နေရတာကြောင့် Feature သစ်တွေ အပြိုင်မြှင့်တင်ကြရာမှာ အခု (2017)ဗားရှင်းမှာ အသစ်ထပ်မံ ထည့်သွင်းပေးထားတာကတော့ The Journey လို့ အမည်ပေးထားတဲ့ Single-Player Story Campaign Mode ပဲဖြစ်ပါတယ်။ Single-Player Story ဇာတ်ကောင်အနေနဲ့ အင်္ဂလန်ရဲ့ (1968-69)ရာသီမှာ (22)ဂိုး သွင်းယူနိုင်ခဲ့တဲ့ လန်ဒန်၊ ကလက်ပ်ဟန်က နာမည်ကျော်တိုက်စစ်မှူး Jim Hunter ရဲ့ မြေးဖြစ်သူ (17)နှစ်အရွယ် လူငယ်လေး အဲလက်စ်ဟန်တာနေရာကနေ ၀င်ရောက်ဆော့ကစားရမှာပါ။ ဘောလုံးကိုရူးသွပ်တဲ့ အဲလက်စ်ဟန်တာအနေနဲ့ ပရီးမီးယားလိဂ်တွေမှာ ခြေစွမ်းပြရင်း အင်္ဂလန်နိုင်ငံ လက်ရွေးစင်အသင်းမှာ ၀င်ရောက်ရွေးချယ်ခံနိုင်ခွင့်ရတဲ့အထိ အပြင်းအထန် ကြိုးစားရမှာ ဖြစ်ပါတယ်။ 


အခြား Features တွေအနေနဲ့ကတော့ အမာခံပရီးမီးယားလိဂ်အတွက် အသင်း (20)၊ ဘွန်ဒက်စ်လီဂါအတွက် (16)သင်း၊ စီးရီးအေအတွက် (20)၊ ပြင်သစ်လိဂ်အတွက် (20)၊ လာလီဂါအတွက် (19)သင်းနဲ့ ကျန်လိဂ်များစွာ လည်း ထည့်သွင်းပေးထားမှာပါ။ နောက်ခံမြူးကြွသွက်လက်တဲ့ SoundTrack ပိုင်းတွေအနေနဲ့ကတော့ (30) နီးပါး ပါဝင်တာတွေ့ရပါမယ်။ ကာဗာပိုင်းကိုတော့ Marco Reus, Eden Hazard, James Rodríguez နဲ့ Anthony Martial တို့ရဲ့ပုံတွေနဲ့ ပွဲထုတ်ပေးထားပြီး Attacking Techniques ပိုင်းတွေ AI ပိုင်းတွေကို အဆင့်မြှင့်တင်ပေးထားတာကြောင့် ပလေယာတွေအနေနဲ့ ယခင်ဗားရှင်းတွေကထက် ပိုပြီးခက်ခက်ခဲခဲ ကစား ရမှာအသေအချာပါ။


ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်ဂရပ်ဖစ်တွေ၊ သွက်လက်တဲ့လှုပ်ရှားမှုတွေ အတွက်ကို တော့ ယခင်က Ignite ဂိမ်းအင်ဂျင်အစား Frostbite 3 အင်ဂျင်ကို ပထမဆုံးဆန်းသစ်မှုအဖြစ် အသုံးပြု ဖန်တီးရေးဆွဲပေး ထားတာကြောင့် ရသသစ်တွေကို ခံစားရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် FIFA ရဲ့ အမာခံပရိသတ်တွေအတွက် စောင့်မျှော်ရကျိုးနပ်တဲ့ အခွေဖြစ်တဲ့အကြောင်း ညွှန်းချင်ပါတယ်။ ၀ယ်ယူကစားမယ်ဆိုရင်တော့ အမြို့မြို့ အနယ်နယ်တိုင်းက Excellent Softwares & Games ဆိုင်တိုင်းမှာ ရရှိနိုင်ပါပြီ။


Author: GT (Excellent)


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com