8/18/2017

♪ Facebook App ကနေ GIF များ ပြုလုပ်နည်း ♫


Facebook က GIF ပြုလုပ်နိုင်တဲ့ စွမ်းရည်ကို သူ့ရဲ့ Mobile App များမှာ ထည့်သွင်းပေးလိုက်ပါတယ်။ ၃ စက္ကန့်ကြာ GIF သို့မဟုတ် Looping Video များကို ဖန်တီးနိုင်ပြီး Facebook Story မှာ မျှဝေနိုင်သလို သင့်ရဲ့ ပရိုဖိုင် ဓါတ်ပုံအဖြစ်လည်း သတ်မှတ်နိုင်ပါတယ်။ ဖန်တီးထားတဲ့ GIF များမှာ Frames, Filter များထည့်သွင်းနိုင်ပါတယ်။



GIF ပြုလုပ်နည်း
သင့်ရဲ့ Facebook App ကို ဖွင့်ပြီး ထိပ်မှ ကင်မရာ ခလုတ်ကို နှိပ်ပါ။ သို့မဟုတ် Newsfeed မှာ ဘယ်ဘက်မှ ညာဘက်သို့ ပွတ်ဆွဲပါ။ နောက်ပေါ်လာတဲ့ ကင်မရာ စကရင်ရဲ့ ထိပ်မှာ Normal နဲ့ GIF Tab ကို မြင်ရမှာပါ။ GIF ကို ရွေးချယ်ပြီး ၃ စက္ကန့်ကြာ GIF ကို ဖန်တီးပါ။ Frames, Emoji, Text, Effects အပါအ၀င် Editing Tools များကိုလည်း အသုံးပြုနိုင်ပါတယ်။ ဖန်တီးပြီးရင် GIF ကို သင့်ဖုန်းမှာ သိမ်းထားနိုင်သလို Facebook Story မှာ မျှဝေခြင်း၊ Messenger ကနေ ပေးပို့ခြင်း၊ သင့် ပရိုဖိုင်အဖြစ် သတ်မှတ်ခြင်းများကို ပြုလုပ်နိုင်ပါတယ်။

ပရိုဖိုင်အဖြစ် သတ်မှတ်ခြင်း
သင် ဖန်တီးထားတဲ့ GIF ကို ပရိုဖိုင် ဓါတ်ပုံ အဖြစ် သတ်မှတ်ဖို့အတွက် သင့် ပရိုဖိုင် ဓါတ်ပုံရဲ့ ညာဘက်အောက်ထောင့်မှ Edit ကို နှိပ်ပြီး Select Profile Video ကို နှိပ်ပါ။ ဒါဆိုရင် သင့်ရဲ့ Camera Roll ကို ဖွင့်ပေးမှာ ဖြစ်ပြီး သင် ဖန်တီးထားတဲ့ GIF ကို ရွေးချယ်ပေးပါ။ Save ကို နှိပ်ပါ။

Facebook App ကနေ သင်ဖန်တီးထားတဲ့ GIF ကို Facebook မှာသာ မျှဝေနိုင်ပြီး အခြား ပလက်ဖောင်းများမှာ မျှဝေခြင်း မပြုနိုင်ပါဘူး။ GIF ဖန်တီးနိုင်တဲ့ စွမ်းဆောင်ချက်ကို Facebook က သူ့ရဲ့ Android နဲ့ iOS Mobile Apps များမှာ ထည့်သွင်းပေးနေပါတယ်။ သင့် Facebook App မှာ အဲဒီ စွမ်းဆောင်ချက် မပါသေးရင် နောက်ဆုံး ဗားရှင်းကို အဆင့်မြှင့်ပါ။ အဆင့်မြှင့်ပြီးလို့မှ အဲဒီ စွမ်းဆောင်ချက်ကို မတွေ့သေးရင်တော့ Facebook ဟာ ကမ္ဘာအ၀န်းသို့ အဲဒီ စွမ်းဆောင်ချက်ကို တစ်ဖြည်းဖြည်းချင်း ဖြန့်ချီပေးနေတဲ့အတွက် အချိန် စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။



Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com