8/05/2017

♪ သင် မသိတဲ့ အသုံးဝင်တဲ့ ၀က်ဆိုက် (၁၀) ခု ♫


အင်တာနက်မှာ အခုဆိုရင် ၀က်ဆိုက်ပေါင်း ဘီလီယမ်နဲ့ချီပြီး တည်ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် သင် မသိတဲ့ အသုံးဝင်တဲ့ ၀က်ဆိုက်များစွာလည်း ရှိနေပါသေးတယ်။ သင့်ရဲ့ အလုပ်ကိစ္စအတွက်တောင် အသုံးချနိုင်တဲ့ ၀က်ဆိုက်များစွာလည်း ရှိပါတယ်။ အဲဒီအထဲမှ အသုံးအ၀င်ဆုံး ၀က်ဆိုက်များကို ဖော်ပြပေးလိုက်ပါတယ်။
 
၁။ 10 Minute Mail
အွန်လိုင်း ၀န်ဆောင်မှုများအတွက် အီးမေးတစ်ခုကို Verify ပြုလုပ်ဖို့ လိုအပ်နေရင်တော့ 10 Minute Mail ကနေ ရယူနိုင်ပါတယ်။ သူက Temporary Email Address တစ်ခုကို ပြုလုပ်ပေးမှာ ဖြစ်ပြီး ၁၀ မိနစ် အသုံးခံပါတယ်။ အွန်လိုင်း ၀န်ဆောင်မှုက အဲဒီ အီးမေးထံ ပေးပို့တဲ့ စာများကို ဖတ်ခြင်း၊ လင့်များကို နှိပ်၍ Verify ပြုလုပ်ခြင်း၊ စာပြန်ခြင်းများကို ပြုလုပ်နိုင်ပါတယ်။

၂။ PicMonkey
PicMonkey ၀က်ဆိုက်မှာ ဓါတ်ပုံများကို Editing ပြုလုပ်ခြင်း၊ Collage ပြုလုပ်ခြင်း၊ ဂရပ်ဖစ် ဒီဇိုင်းများ ပြုလုပ်ခြင်းများကို ပြုလုပ်နိုင်ပါတယ်။ ဓါတ်ပုံနဲ့ ပတ်သက်တဲ့ တီထွင်ဖန်တီးမှုများစွာကို အဲဒီ ၀က်ဆိုက်မှာ ပြုလုပ်နိုင်ပါတယ်။
 
၃။ Account Killer
သင့်ရဲ့ အွန်လိုင်း အကောင့်များမှ ကိုယ်ရေးကိုယ်တာ ဒေတာများ လုံခြုံစိတ်ချချင်ရင် Account Killer ၀က်ဆိုက်မှာ လေ့လာနိုင်ပါတယ်။ အဲဒီမှာ Skype, Facebook, Windows Live, Hotmail / Live, Twitter, MSN / Messenger, Google အပါအ၀င် နာမည်ကြီး ၀က်ဆိုက်များမှ သင့်အကောင့်ရဲ့ ဒေတာများကို စနစ်တကျ ဖယ်ရှားနည်းများကို ညွှန်ကြားပြသပေးထားပါတယ်။

၎။ What Font is
စာလုံးဖောင့်များကို နှစ်သက်သူများအတွက် What Font is ၀က်ဆိုက်က အသုံးဝင်ပါတယ်။ ၀က်ဆိုက်ထံ ဖောင့်ရဲ့ ဓါတ်ပုံကို Upload ပြုလုပ်ခြင်းဖြင့် ဖောင့်အမည်ကို သိရှိနိုင်ပါတယ်။
 
၅။ Mathway
သူက အွန်လိုင်း ဂဏန်းတွက်စက်ဖြစ်ပါတယ်။ ဒါ့အပြင် သူက သင်္ချာညီမျှခြင်းများကိုလည်း အဖြေထုတ်ပေးနိုင်ပါတယ်။ သင်္ချာတွက်နည်းများကိုလည်း အဆင့်လိုက် သင်ကြားပေးနိုင်ပါတယ်။ ကျောင်းသားများအတွက်တော့ ဒီဝက်ဆိုက်က အသုံးဝင်ပါတယ်။

၆။ Livestream
Livestream က စတိတ်ရှိုးပွဲများနဲ့ အခြား Event များကို တိုက်ရိုက်ထုတ်လွှင့်ပေးတဲ့ ၀က်ဆိုက်ဖြစ်ပါတယ်။ ၀က်ဆိုက်ကို Device မျိုးစုံကနေ ကြည့်ရှုနိုင်ခြင်းက အလွန် အဆင်ပြေပါတယ်။
 
၇။ Skyscanner
Skyscanner က ခရီးသွားမယ့် လူများအတွက် လေယာဉ်များကို ရှာဖွေပေးပါတယ်။ စက္ကန့်ပိုင်းအတွင်းမှာ လေယာဉ်ပေါင်း သန်းပေါင်းများစွာထဲမှ ဈေးအသက်သာဆုံးကို ရွေးချယ်ပေးပါတယ်။

၈။ Get Notify
သင်ပေးပို့လိုက်တဲ့ အရေးကြီး အီးမေးကို တစ်ဖက်လူက ဖတ်ပြီးပြီလားဆိုတာကို သိချင်ရင် Get Notify က ကူညီပေးနိုင်ပါတယ်။ တစ်ဖက်လူက သင့်အီးမေးကို ဖတ်ပြီးတာနဲ့ သူက သင့်ထံ Notification ပေးပို့မှာ ဖြစ်ပါတယ်။
 
၉။ Dictation
Dictation ၀က်ဆိုက်မှာ အသံဖြင့် အီးမေးများ၊ ၀တ္ထုများနဲ့ ရှည်လျားတဲ့ စာများကို ရေးသားခြင်းများ ပြုလုပ်နိုင်ပါတယ်။ သင့် ကွန်ပြူတာမှာ မိုက်ကရိုဖုန်းကို တပ်ဆင်ပြီး Start Dictation Button ကို နှိပ်၍ စာရေးခြင်းကို စတင်နိုင်ပါတယ်။

၁၀။ Privnote
မှတ်စုများကို လုံခြုံစွာ သိမ်းထားချင်ရင် Privnote ကို အသုံးပြုပါ။ ၀က်ဆိုက်မှာ သတင်းအချက်အလက်များကို လုံခြုံစိတ်ချစွာ မျှဝေနိုင်ပါတယ်။ မျှဝေပြီးရင် ၀က်ဆိုက်က အဲဒီ သတင်းအချက်အလက်ကို အလိုအလျှောက် ဖျက်ဆီးပေးပါတယ်။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com