8/18/2017

♪ စမတ်ဖုန်း အားသွင်း လျှင် သင့်ဘယ်တော့မှ မလုပ်သင့်တဲ့ အရာ ၆မျိုး ♫



တစ်နေ့ထက်တစ်နေ့ ဘီလီယံ ပေါင်းများစွား Android / iOS ထုတ်ကုန် များကို အသုံးပြုနေကြတာဖြစ်ပါ တယ်။ အသုံးပြုတဲ့အခါမှာလဲ လူတိုင်း ဘက်ထရီ အားဖြည့်တဲ့ ပြဿနာအမြဲရင်ဆိုင်နေရပါတယ်။ Android mobile Operating System ကတော့ အခြားသူတွေနဲ့ နှိုင်းယှဉ်လျှင် အား သုံးစွဲမှု အများဆုံးဖြစ်ပါတယ်။ ပျမ်းမျှတွက်ကြည့်မယ်ဆိုရင် ဖုန်းတစ်လုံးရဲ့ ဘက်ထရီဟာ ၇နာရီက ၈နာရီထိ အား သက်တမ်း ခံပါတယ်။ ဖုန်း တစ်လုံးဝယ်မယ်ဆိုရင်လဲ ရေရှည်အားသက်တမ်းခံမခံဆိုတာ မဝယ်ယူခင် စဉ်းစားရမယ့် အရေးကြီး တဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။ သို့ပေမဲ့ သုံးစွဲသူဘက်ကလဲ အဆိုပါ Device ရဲ့ ဘက်ထရီသက်တမ်းကို ကြာရှည်ခံနိုင်သမျှ ခံအောင်လို့ ရှောင်ကြဉ်ရမယ့်အချက်လေးတွေနဲ့ လုပ်ဆောင်ရမဲ့ နည်းလမ်း လေးတွေကိုပရိတ်သတ်ကြီး အတွက် မျှဝေပေးလိုက်ပါတယ်။

၁။ မူရင်း အားသွင်းကြိုး နဲ့သာ အားသွင်း ပါ။
သင့်ရဲ့ စမတ်ဖုန်း ကို သင် ဖုန်း ဝယ်တဲ့အခါမှာတစ်ခါတည်ပါလာတဲ့ Original အားသွင်းကြိုးနဲ့ သားအားသွင်းတာအကောင်းဆုံးပါ။ တခါတလေ သင့် အားသွင်းကြိုး မေ့ခဲ့လို့ အခြား ကြိုး နဲ့ အားယူသွင်း မယ်ဆိုရင်ဘက်ထရီရဲ့သက်တမ်းကို ထိခိုက်စေပါတယ်။ မဖြစ်မနေအသုံးပြုရမယ်ဆိုရင်တော့ ၎င်း အားသွင်းကြိုး ရဲ့ Output Voltage (V) နဲ့ လက်ရှိ (Ampere) ကို သေချာစစ်ဆေးပြီးမှ အသုံးပြုသင့်ပါတယ်။

၂။ အားသွင်း နေစဉ် သင့် ဖုန်း ရဲ့ ကာဗာ ကို ဖြုတ်ထားပါ။
ကျွန်တော်တို့ နေ့စဉ် ဖုန်း အားသွင်း တဲ့အခါမှာ ဖုန်း က အနည်းငယ်ပူနွေးလာတာကို သတိထားမိ ကြပါလိမ့်မယ်။ ဒါကြောင့် အားသွင်း တဲ့အခါမှာ ဖုန်း မှ ဖုန်း အုပ်ထားတဲ့ ကာဗာ ကို ဖယ်ရှားပြီးမှ အားသွင်း တာအကောင်းဆုံးပါ။ ဘာကြောင့်လဲဆိုတော့ သင့်ဖုန်းကာဗာဟာ ဖုန်း ရဲ့ အပူရှိန် ကို ပိုပြီး မြင့်တက်စေနိုင် ပါတယ်။

၃။ တစ်ညလုံး အားသွင်း ခြင်း ကို ရှောင်ကြဉ်ပါ။
ဖုန်း သုံးစွဲသူ တော်တ်ေများများဟာ ညဘက် တစ်ညလုံး ဖုန်း ကို အလွန်အကျွံ အားသွင်း ကြတာတွေ့ရ ပါတယ်။ ဒီလို့အားသွင်းတဲ့ အပြုအမူကို မလုပ်သင့်ပါဘူး။ လိုတာထက် ပိုပြီး တစ်ညလုံးအားသွင်းတာဟာ ဖုန်း ဘက်ထရီသက်တမ်း ကို ပိုပြီးထိခိုက်စေပါတယ်။ ဒါ့အပြင် အပူရှိန်လွန်ကဲစေပြီး ပေါက်ကွဲ တာ ရှော့ဖြစ်တာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင့်ဖုန်းရဲ့အားကို သင့်သုံးဖို့ လုံလောက်ရုံရပြီဆို အားသွင်းမှု ကို ရပ်တန့်လိုက်ပါ။

၎။ ဘက်ထရီ နဲ့ ပတ်သက်တဲ့ Third Party App များ အသုံးပြုမှု ကို ရှောင်ကြဉ်ပါ။
စမတ်ဖုန်းအသုံးပြုသူများဟာ ဖုန်း ရဲ့ ဘက်ထရီ အားပိုခံတယ်ထင်ပြီး Power Management app များကို အသုံးပြုတတ်ကြပါတယ်။ ဘက်ထရီရဲ့အားသက်တမ်းကို ပိုမိုကောင်းမွန်ပြီး ကြာရှည်ခံတယ်ဆိုပြီး ကြေညာတဲ့ Applications များကို Google Play မှာ အလွယ်တကူရရှိနိုင်ပါတယ်။ တကယ်တော့ ဒီ App တွေဟာ ဖုန်း ရဲ့ ဘက်ထရီ အားကို ကြာရှည်ခံတယ်လို့ကြေညာထားပေမဲ့ ဖုန်းအားပိုကုန်မှုကို သာဖြစ်ပေါ်စေပါတယ်။

၅။ ၈၀% ထိသာ အားဖြည့်တာ အကောင်းဆုံးပါ။
ပုံမှန်အားဖြင့် ဘက်ထရီ သက်တမ်း ဟာ ၈၀% ဆိုရင် သင့်တစ်နေ့သာ အသုံးပြုဖို့ လုံလောက်ပါတယ်။ ဒီထက်ပိုပြီး အားသွင်းရင်တော့ ဘက်ထရီ ဟာ အပူရှိန် လွန်ကဲမှုကို ဖြစ်စေပြီး ဘက်ထရီ ရဲ့ သာမန် အားခံနိုင်တဲ့နှုန်းထက်ပိုပြီးလျှော့ကျနိုင်ပါတယ်။


၆။ အားခ ဏခဏ သွင်းခြင်းကို ရှောင်ကြဉ်ပါ။
တချို့ ဖုန်း သုံးစွဲသူ တွေဟာ ဖုန်း ဘက်ထရီ အားကုန်မှာကို စိုးရိမ်ပြီး အား ၅၀ % ကျန်တာနဲ့ အား ကို ခဏခဏ သွင်းတတ်ကြပါတယ်။ ဒီလိုလုပ်ရပ်ဟာ အကောင်းဆုံးအရာတော့မဟုတ်ပါဘူး။ ပုံမှန် ၂၀% လောက်ကျန်မှ အားသွင်းတာ အကောင်းဆုံးပါ။ သုတေသန ပညာရှင်များရဲ့ လေ့လာချက်အရ မလိုအပ်ပဲ အားခဏခဏ သွင်းတာဟာ ဘက်ထရီရဲ့ သက်တမ်းကို ထိခိုက်စေပါတယ်လို့ ဆိုထားပါတယ်။


Credit : today Bago






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com