8/16/2017

♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿနာများ " ♫

Image may contain: phone

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းကတော့ ပါဝါကီးနှိပ်လိုက်တာနဲ့ Vibration ချည်းပဲ တုန်နေတယ်။ ဘာမှမလာဘူးအစ်ကို။ ဘာဖြစ်တာလဲမသိဘူး။
ဖြေ - ဟုတ်ကဲ့အစ်ကို။ အစ်ကို့ဖုန်းက ဆားကစ်ပြားအတွင်းပိုင်း IC တစ်ခုခု အဆင်မပြေတာကြောင့် ဖြစ်တာပါ။ နီးစပ်ရာ Service ဆိုင် ပြလိုက်ပါအစ်ကို။

မေး - အစ်ကိုတို့ရေ Online ပေါ်က သီချင်း၊ ဗီဒီယိုဇာတ်ကားတွေကို စိတ်ကြိုက် Download ပြုလုပ်နိုင်ရန်အတွက် apk တစ်ခုကို ပြောပြချင်ပါတယ်။
ဖြေ - အစ်ကိုတို့ရေ Online ပေါ်က သီချင်း၊ ဗီဒီယိုဇာတ်ကားတွေကို စိတ်ကြိုက် Download ပြုလုပ်နိုင်ရန်အတွက် OG YouTube apk က အဆင်ပြေပါသည်။ ထို့အပြင် OG YouTube apk က အခြားသော apk တွေလို Format ပြောင်းစရာမလိုပါဘူး။ OG YouTube apk လေးနဲ့ Download ဆွဲလိုက်လျှင် သီချင်းဆိုလျှင် MP3 ရသည်။ ဗီဒီယိုဆိုလျှင် MP4 ရသည်။ အားလုံးအဆင်ပြေပါသည်။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Honor 4X ပါဗျာ။ Touch ဆွဲမရတော့လို့ပါ။ မှန်မကွဲဘူး။ နားကြပ်ထိုးပြီး သီချင်းဖွင့်တာ အဲ့လိုဖြစ်သွားလို့ပါ။ ဘယ်လိုလုပ်ရမလဲဗျာ။
ဖြေ - ဟုတ်ကဲ့ပါ။ အစ်ကိုရေ မှန် Touch အသစ်နဲ့ စမ်းကြည့်ရပါမယ်။ အဲ့လိုအဖြစ်များတာကတော့ Circuit ပြားပေါ်က Resistor လေးတွေ ပျက်တာ၊ Volt မရောက်တာကြောင့် ဖြစ်တတ်ပါတယ်။

မေး - ဆရာရေ ကျွန်တော့်ဖုန်းက ဘက်ထရီနဲ့သုံးရင် ပါဝါမနိုးဘူး။ အားသွင်းကြိုးထိုးပြီးသုံးမှ ပါဝါနိုးပြီး အကုန်သုံးလို့ရတယ်။ ဘယ်လိုဖြစ်တာလဲမသိဘူးခင်ဗျာ
ဖြေ - ဟုတ်ကဲ့။ အားသွင်းကြိုးမှသုံးလို့ရတဲ့ Error က ဖုန်းရဲ့ USB ခေါင်းက မကောင်းရင်ဖြစ်စေ၊ USB ခေါင်းကနေ ဆားကစ်လမ်းကြောင်း မကောင်းရင်ဖြစ်စေ ဖြစ်တတ်ပါတယ်။ နီးစပ်ရာ Service ဆိုင်မှာ သွားပြကြည့်ပါအစ်ကို။

မေး - အစ်ကိုတို့ရေ Notification ကို ရောင်စုံသုံးချင်လို့ပါဆိုပြီး ကျွန်တော်ဖုန်းဆိုင်သို့ ရောက်လာပါသည်။ ကျွန်တော်ရှာ၍ လုပ်ပေးလိုက်သည်။
ဖြေ - အစ်ကိုတို့ရေ Notification ရောင်စုံသုံးချင်သူများအတွက် Light Flow LED Notifications apk လေးကို ထည့်ပေးလိုက်ပါသည်။ အားလုံးအဆင်ပြေသွားပါသည်။ မိမိကြိုက်တဲ့ပုံစံကို ရောင်စုံသတ်မှတ်ပေးနိုင်ပါတယ်။ ဖုန်းတော်တော်များများ အဆင်ပြေပါသည်။

မေး - Phone Service အတွက် ဘယ် Windows ကို အသုံးပြုရင် ကောင်းမလဲခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ အရင်ကတော့ Phone Service အတွက် Windows 7 က အကောင်းဆုံးပါ။ Windows 8, 8.1 Pro တို့မှာတော့ Driver Error အချို့ တက်တတ်ပါတယ်။ ယခုလတ်တလော Phone Service အတွက် အသုံးများတာက Windows 10 ပါခင်ဗျာ။ Windows 10 X86 (32 Bits) က အသုံးများပါတယ်။ ဒါပေမယ့် Windows 7 ကလည်း အဆင်ပြေနေသေးလို့ ဆက်ပြီးသုံးနေကြဆဲပါပဲ။ ဒီတော့ အစ်ကိုနှစ်သက်တဲ့ Windows 7 (သို့) Windows 10 တို့ကို ရွေးချယ်ပြီး သုံးနိုင်ပါတယ်ခင်ဗျာ။

မေး - အစ်ကိုတို့ရေ မင်္ဂလာပါခင်ဗျာ။ Xiaomi Smartphone အကြောင်း နည်းနည်းလောက် မေးချင်လို့ပါ။ ကျွန်တော် Xiaomi ဖုန်းဝယ်မလို့ပါ။ ခက်တာက Xiaomi ဖုန်းတွေကို Model တွေနဲ့ အတု၊ အစစ် မခွဲတတ်ဘူး ဖြစ်နေလို့ပါ။ Xiaomi ဖုန်း Model ကြည့်နည်းနဲ့ အတု၊ အစစ် ခွဲနည်းလေး အဆင်ပြေရင် ကူညီပါခင်ဗျာ။
ဖြေ - Xiaomi ဖုန်းတွေမှာ အခေါ်အဝေါ် 3 မျိုးလောက် ရှိပါတယ်။ Customer Name Model နှင့် Nick Name ဆိုပြီး ရှိပါတယ်။ Model ကြည့်ချင်တယ်ဆိုရင်တော့ ဖုန်း၏ imei နံပါတ်သိဖို့ လိုပါတယ်။ imei နံပါတ်ကို Power ဖွင့်လို့ရတဲ့ဖုန်းမှာ *#06# နှင့်ကြည့်ပါ။ Power ဖွင့်လို့မရရင်တော့ Battery ဖြုတ်ပြီး ကြည့်ပါ။ imei နံပါတ်ရရင် www.imei.info တွင် စစ်ကြည့်လို့ရပါတယ်။ နောက်တစ်နည်းကတော့ ဖုန်း Power ဖွင့်လို့ရမှ ကြည့်လို့ရမှာပါ။ အတု၊ အစစ် ခွဲဖို့ပါ။ ဖုန်းခေါ်တဲ့နေရာမှာ *#*#64663#*#* ကို နှိပ်လိုက်ပါ။ Xiaomi ဖုန်းတွေမှာ China နဲ့ Global ဆိုပြီး 2 မျိုး ရှိပါတယ်။ China အလုံးဆိုရင် တရုတ်စာနဲ့ပေါ်လာပြီး Global ဆိုရင်တော့ English စာနဲ့ ပေါ်လာမှာ ဖြစ်ပါတယ်။ အဲ့ဒီမှာဖုန်း၏ Touch, LCD, Speaker ... စသည်တို့ စစ်ကြည့်လို့ရပါတယ်။ အတုဆိုရင်တော့ ဘာမှပေါ်လာမှာ မဟုတ်ပါဘူး။ Xiaomi ဖုန်းတွေ ၀ယ်မယ်ဆိုရင်တော့ Model နဲ့ အတု၊ အစစ် ခွဲခြားတတ်ဖို့ အရေးကြီးပါတယ်။ အားလုံးပဲအဆင်ပြေပါစေ။



ဤကဏ္ဍကို Today’s Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com