8/13/2017

♪ “အော်ပရေတာတွေ ပြောင်းလဲလိုက်တဲ့အစီအစဉ်သစ်တွေက သုံးစွဲသူတွေအတွက် တကယ်သက်သာစေရဲ့လား” ♫

Image may contain: one or more people, phone and text

သြဂုတ်လ ၁ ရက်နေ့ကစပြီး ပြည်တွင်းက မိုဘိုင်းအော်ပရေတာ ၃ ခုရဲ့အစီအစဉ်တွေ၊ Plan တွေနဲ့ Package ဈေးနှုန်းတွေ ပြောင်းလဲ လိုက်ပါတယ်။ Ooredoo မြန်မာမှာဆိုရင် ၁ဝဝဝ ဖိုး ဖုန်းငွေဖြည့်ရုံနဲ့ ၃ရက် အတွင်း Ooredoo ဆင်းကတ် အချင်းချင်း မိနစ် ၅ဝ အခမဲ့ ဖုန်းပြောခွင့်လိုမျိုး အစီအစဉ်တွေကိုပါ ဖျက်သိမ်းလိုက်တာပါ။ MPT ဆိုရင်လည်း မူလပေးထားတဲ့ ၃၉၉ ကျပ်နဲ့ MPT အချင်းချင်း တစ်ရက်စာ Unlimited ဖုန်းပြောဆိုခွင့် Plan တွေကို သြဂုတ်လ ၁ ရက်နေ့ကနေစပြီး ကုန်သွယ် ခွန်အပါ MPT အချင်းချင်း ၆၅မိနစ်သာဖုန်းပြောနိုင်တဲ့ ပက်ကေ့အဖြစ် ပြောင်းလဲလိုက်တဲ့အကြောင်း သုံးစွဲသူတွေဆီ မက်ဆေ့ ပေးပို့လာတာဖြစ်ပါတယ်။ အလားတူပဲ တယ်လီနောမြန်မာကလည်း Package သစ်တွေ ထပ်မံမိတ်ဆက်လာပါတယ်။ ဒီလိုမျိုး ပြောင်းလဲ မိတ်ဆက်လိုက်တာနဲ့ပတ်သက်ပြီး သုံးစွဲသူတွေအနေနဲ့ လက်ရှိမှာ ဘယ်အော်ပရေတာရဲ့ ဆင်းကတ်အသုံးပြုနေတယ် ဆိုတာနဲ့ အသုံးပြုရ တာအဆင်ပြေမှုရှိမရှိ၊ အခက်အခဲတွေရှိနေသလား၊ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းကောင်းမကောင်း၊ ဖုန်းဘေ ပိုဖြတ်တာမျိုး အင်တာနက် ပက်ကေ့တွေဖြတ်တောက်မှု ပုံမှန်မဟုတ်တာမျိုး ရှိ/မရှိ၊ သြဂုတ် ၁ရက်နေ့ ကစပြီး ပြောင်းလဲလိုက်တဲ့ အစီအစဉ်တွေက သုံးစွဲသူတွေအတွက် အမှန်တကယ်သက်သာစေတာ ဟုတ်မဟုတ်ဆိုတဲ့မေးခွန်းလေးတွေကို မေးမြန်းဖြစ် ခဲ့ပါတယ်။ သုံးစွဲသူတွေဘက်က ဘယ်လိုတွေ ပြန်လည် ဖြေကြား ထားတယ်ဆိုတာကိုဖတ်ကြည့်ပြီး လက်ရှိကိုယ်တိုင်ကြုံတွေ့ နေရတာနဲ့တူမတူ လေ့လာကြည့်လိုက်ပါဦးနော်။

ကိုဇော်ဇော်မျိုးလွင်
(MD-Yangon Heartz)

လက်ရှိသုံးဖြစ်နေတာက MPT နဲ့ Ooredoo ပါ။ တယ်လီနောကတော့ လုံးဝမသုံးဖြစ်ဘူး။ အင်တာနက်သုံးတာ ဖုန်းလိုင်း ဘာညာမှာ သိပ်မပြောချင်ပေမယ့် စားသုံးသူ အခွင့်အရေး အရမ်းနှောင့်ယှက်တဲ့ ကြော်ငြာတွေ အော်ပရေတာနှစ်ခုလုံး အရမ်းများ တယ်လို့ထင်တယ်။ ထုံးစံအတိုင်းမှားဖြတ်တယ်၊ ပိုဖြတ်တယ်တို့ကတော့ အနည်းနဲ့ အများရှိနေတုန်းပဲ။ ဘာလို့လဲဆိုတော့ သူတို့က ပရိုမိုးရှင်းတွေကို မျိုးစုံလုပ်တာကိုး၊ အဲဒီအခါကြတော့ နည်းပညာပိုင်းဆိုင်ရာ Error တွေတက်တယ်လို့ထင်တယ်။ ဥပမာ ပြောရရင် အူရီဒူးရဲ့ပေါင်းကူးဆိုရင် အရင်တုန်းက ၉၉၉ ကျပ်ကို 800MB ပေးတယ် အခုမပေးတော့ဘူး။ ပြီးတော့ အရင်တုန်းက ၃ဝဝဝ နဲ့ဝယ်ရင် 2GB ကိုမှ နောက်ထပ် ၅ဝ% အပိုဆိုပြီး အူရီဒူးချင်းဖုန်းပြောတာတို့ဘာတို့ ပြန်ပေးလိုက်တာ။ သူတို့ ဘာသာပဲ အမျိုးမျိုးတွေပြောင်းပြီး သူတို့ဘာသာ Error တွေတက်နေကြ တာ။ သုံးတဲ့သူတွေက ကြားထဲကဒုက္ခရောက်တာပေါ့။ လိုင်း ကတော့ သင်္ကန်းကျွန်းဘက်ဆိုတော့ လိုင်းမိပါတယ်။ စစသုံးချင်းဆိုရင် ဖုန်းဘေတွေ ဘယ်လောက်ထည့်ထည့် ထည့်မလောက် ဘူး။ အခုကတော့ အဲလိုမျိုးတွေသိပ်တော့မရှိတော့ဘူး။ MPT ဆိုရင် အခုထက်ထိ အင်တာနက်ကိုသိပ်မဖွင့်ရဲဘူး။ ဖွင့်တာနဲ့ဝုန်းဒိုင်းဆိုပြီး Bill တွေစား သွားတာ။ အူရီဒူးကတော့ ပက်ကေ့တွေဝယ်တာများတယ်။

ကိုဝင်းမင်းဟန်
(ဆရာဝန်)

ကျွန်တော်က အရင်တည်းကကိုင်နေကျ MPT 51___ နဲ့ Telenor ကိုင်ပါတယ်။ MPT က အလုပ်ကိစ္စ အတွက်ပဲ ဖုန်းပြောဖြစ်တာဗျ။ အင်တာနက်မသုံးဘူး။ Telenor နဲ့ပဲ အင်တာနက်သုံးတာများတယ်။ သုံးရတာအဆင်ပြေပါတယ်။ ဖုန်းလိုင်း အရမ်းဆိုးတာတော့ ခုထိမရှိသေး ပါဘူး။ တစ်ခါတလေလိုင်းကျတာတော့ရှိတယ်။ အင်တာနက်သုံးရတာ လည်း အဆင်ပြေတာ များပါတယ်။ ကျွန်တော်ကအလုပ်ကိစ္စများ တတ်တော့ တော်ရုံတော့ဘေတွေဘာ တွေစစ်ကြည့်တာ၊ သတိထားမိ တာမရှိဘူး။ အခုကတော့ iPad ထဲ ထားတဲ့တယ်လီနောကတ်မှာ ဘေကခဏလေးနဲ့ ကုန်သွားတာ၊ ဘေဖြတ်ခံရတာနဲ့ပတ်သက်ပြီး Complain တွေ ဘာတွေတော့ပြန်မတက်တော့ပါဘူး။ ကိုယ့် Facebook မှာပဲ တင်လိုက်တာပါ။ ဒီလိုဖြစ်တာကိုတော့ ဘယ်လိုမှ မမြင်ပါဘူး။ သူတို့စီးပွားရေးသူတို့ လုပ်တာ။ ကျွန်တော်ကတော့ ကြိုက်ရင်သုံးတယ်။ မကြိုက်ရင် မသုံးတော့ဘူးပေါ့။ ဒီလိုမျိုး အဆင်မပြေတာက ဒါပထမဆုံး ပါပဲ။ ပြီးတော့ ကျွန်တော်က ဘေအများကြီးထည့်လေ့မရှိဘူး။ အင်တာနက် package ဝယ်ပြီး တာနဲ့ ၁ဝဝဝ လောက်ပဲ အပိုထားတာ ဆိုတော့ အဲဒီတစ်ထောင်ထဲက ဘေခိုးတယ်ဆိုရင်တော့ ကုသိုလ်လုပ် တယ်ပဲ သဘောထားပါတယ်။ အင်တာနက် package ပုံမှန်ဖြတ် မဖြတ်တော့ သတိမထားဖြစ်ဘူး။

မချမ်းမြေ့ခိုင်
(Amara Digital Marketing)

အူရီဒူးဆင်းကတ်သုံးတာပါ။ ဖုန်းလိုင်းကတော့ အဆင်ပြေတယ် ထင်ရတာပဲ။ အင်တာနက်ကို ပေါင်းကူးတစ်မျိုးပဲ သုံးပြီးဖုန်းက အထွက်ကော မရှိသလောက်ပဲ။ ဘယ်သူ့ကိုမှ ဖုန်းမခေါ်တာ တော်ရုံမိသားစုဝင်တွေတောင် ကိုယ့်ဆီပဲ ဆက် ကြတာ။ အဲဒါ လည်းပေါင်းကူးဝယ်ပြီး ကျန်တဲ့ဘေက ခဏလေးနဲ့ကုန် တာကို နားမလည်ဘူး။ ခဏလေးဆိုတာ ၁ ရက် ၂ ရက် လောက်လေး။ ဖုန်းဘေကို ဘယ်လိုဖြတ်လဲမသိဘူး။ အင်တာနက်ကတော့ အဆင်ပြေ တယ်။ ဖုန်းကတစ်ခါလောက်ဆက်လိုက် ရင်ကို ဘေလ်ကုန်သွားရော၊ ဥပမာ- ၁ဝဝဝဝ တန်ငွေဖြည့်ပြီး ပေါင်းကူးကို ၈ဝဝဝ ကျပ်ဝန်းကျင် လောက်နဲ့ ဝယ်လိုက်တယ်၊ ကျန်တဲ့ငွေက ဖုန်း ၂ ခါလောက်ခေါ်ပြီးတာနဲ့ ကုန်တာပဲ။ ခေါ်တာလည်း ၃၊ ၄ မိနစ်လောက်ပါပဲ။ ဒါတောင် အမြဲလို ဖုန်းခေါ်လေ့မရှိဘူး။ ညီမအမေဆီကဖုန်းအဝင်လောက်ပဲ လက်ခံတာ များတယ်။ တော်ရုံဆို ဘယ်သူ့ကိုမှဖုန်းမဆက်ဘူး။ နေရာနဲ့ ဆိုင်လို့လားတော့ မသိဘူး။ ပုဇွန်တောင်မှာတော့ အင်တာနက်လိုင်း ကျတာ မဖြစ်ဖူးဘူး။ တခြားနေရာတွေမှာ လုံးဝလိုင်း မတက်တာကြုံရ တယ်။ ဖုန်းက သိပ်မပြောတော့ သတိမထားမိဘူး။ အင်တာနက်က ပေါင်းကူးသုံးတာအဆင်ပြေတယ်။ ကျန်တဲ့ဘေကိုတော့ ဖုန်းလည်း မပြောဘဲ ဘယ်လိုဖြတ်နေလဲ နားမလည်ဘူး။ မြို့နယ်တိုင်း တစ်ပြေးညီလိုင်း မကျရင် ပိုကောင်းမယ်။

မြင့်မြတ်မိုး
(ကျောင်းသူ)

အခုလက်ရှိသုံးနေတာကတော့ MPT နဲ့ Ooredoo ဆင်းကတ်တွေပါ။ သုံးရတာသိပ်အဆင်မပြေဘူး။ နေရာနဲ့ လိုက်ဖြစ် တာလားတော့မသိဘူး။ အလုံမှာတော့ Ooredoo ဆို Internet လိုင်းက အရမ်းအဝိုင်းလည်ပြီး Video ကြည့်ရင်ထစ်တယ်။ ပြီးတော့ Bill လည်း အရမ်းကုန်လွယ်တယ်။ Ooredoo က ဖုန်းပြောရင်တော့ လိုင်းကောင်းပေမဲ့ Internet သုံးရတာ အဆင်မပြေ တာပါ။ MPT ကတော့ အဆင်ပြေတယ်လို့ ပြောလို့ရတယ်။ အရင်က တယ်လီနောသုံးတာ ဘေပိုဖြတ်တာတို့ အင်တာနက် ပက်ကေ့တွေယူထားတာ ခဏလေးနဲ့ ကုန်တာတို့ကြုံဖူးတယ်။ ဖုန်းဘေ ၁ဝဝဝ ထည့်ထားတာကို နာရီဝက်ပဲခံလို့ တယ်လီနော သုံးတုန်းကဆိုရင် ဖုန်းဘေ ၁ဝဝဝ ထည့်ပြီးပြီးချင်း FB 999 ကျပ်တန် ပက်ကေ့ဝယ်ပြီး လက်ကျန်ငွေ ဝ ကျပ်နဲ့ပဲသုံးတယ်။ ဒါပေမယ့် ကွန်ပလိမ်းတော့ တစ်ခါ မှပြန်မတက်ဖူးဘူး။ MPT ကတော့ ပက်ကေ့ တွေဘာတွေမယူဘဲ ဒေတာကိုတစ်ခါတစ်လေ သုံးဖြစ်တာ။ MPT ကတော့အခုနောက်ပိုင်း သိပ်မဖြတ်သလိုပဲ MPT က အခုနောက်ပိုင်းတော့ ဖုန်းပြောရတာလည်း လိုင်းကောင်း တယ်အဆင်ပြေတယ်။ ဒါပေမယ့် အင်တာနက်ကိုတော့ MPT နဲ့မသုံးဘဲအူရီဒူးပဲ အဓိကသုံးဖြစ်တယ်။ သုံးဖူးသမျှ simcard ထဲမှာ လိုင်းအကောင်းဆုံးက Telenor ပါ။ ဒါပေမယ့် အခု Bill အရမ်း အဖြတ်ကြမ်းလို့ Ooredoo ကို change ထားတယ် Ooredoo ကလည်း လက်ရှိမှာပလန်တွေ ပြောင်းလိုက်တယ်။ ပြောင်းလိုက်တဲ့ပလန်တွေက အဆင်သိပ်မပြေဘူး။ သမီးတို့က FB Free ရလို့ အူရီဒူးကိုသုံးဖြစ် တာလေ။ အခုအဲဒီဟာကိုဖြုတ်လိုက်တော့ Package တွေဝယ်ပြီးသုံး ရတယ်။ မဝယ်ရင် Bill က ဘယ်လိုကုန်မှန်းမသိဘူး။ ဒါပေမယ့် Paung Kuu Data package ကလည်း အရင် 999ks ဆိုရင် 800MB ရနေ တာကနေ 650MB ပဲရတော့တော်တော်ဆိုးတယ်။ Telenor ကတော့ Fb 999 ဝယ်ပြီးသုံးရင် အဆင်ပြေပေမယ့် Bill ကိုအပိုထည့်လိုက်ရင် နာရီဝက်တွင်းဘယ်ရောက်သွားမှန်းကိုမသိတာ။ Bill 0 ကျပ်ထက်ကို ပိုမထားရဲဘူး။ အရင်ကဖုန်းဘေ ၁ဝဝဝ ဖြည့်ရင်တစ်ရက် ကို 150Mb free နဲ့ 1 week ရတယ်လေ။ အခုမရတော့ သုံးလို့အဆင်မပြေတာနဲ့ အူရီဒူးဘက်ရောက်လာတာ။

ကိုဟိန်းကျော်စွာ
(သမိုင်း၊ မုဒိတာအိမ်ရာ)

လက်ရှိတော့ MPT, Telenor, Ooredoo, MEC ဆင်းကတ်တွေ သုံးပါတယ်။ တစ်မျိုးစီမှာ အခက်ခဲတွေ ရှိလို့ ကတ်ပေါင်းစုံသုံးရတာပါ။ လက်ရှိအင်တာနက်သုံးတဲ့နေရာမှာတော့ Ooredoo နဲ့ပါ အခက်အခဲ ကတော့ အင်တာနက် သုံးရတာပါပဲဖုန်းပြောရတာကတော့ အဆင်ပြေပါ တယ်။ အင်တာနက်မှာလိုင်း အရမ်းကျပါတယ်။ Operator ကို ကွန်ပလိမ်း တက်တဲ့အခါမှာ ပြန်ဖြေတဲ့အခါ မီးစက်မရှိလို့ပါလို့ပြောပါတယ်။ ဘယ်ချိန် လိုင်းပြန်ကောင်းမလဲဆိုတော့ ဘယ်တော့မှန်း သေချာမသိဘူးလို့ Ooredoo ကဖြေပါတယ်။ Ooredoo ကတော့ ဖုန်းဘေပိုဖြတ်တာမျိုး မကြုံရပါဘူး။ အင်တာနက်ကလည်း သုံးသလောက်ပဲကုန်ပါတယ်။ အူရီဒူးကပလန်တွေပြောင်းလိုက်တော့ အစက ဘေဖြည့်ပြီးရင် Facebook. Viber. Beetalk Free ရတော့ အင်တာနက်ပဲ သီးသန့်သုံးရ တာ အဆင်ပြေပါတယ်။ ခုအစီစဉ်သစ်က Plan ဝယ်ရင် ဘေအပိုရတယ် ဆိုပေမယ့် ဖုန်းမပြောဘဲ အင်တာနက်ပဲသုံးတဲ့သူတွေကတော့ အဆင် မပြေပါဘူး။ အခက်အခဲကတော့ အင်တာနက်လိုင်းကျတာပါပဲ။ Ooredoo ကလည်း တိကျတဲ့အဖြေမပေးနိုင်သလို MPT ကလည်း Complain ကို ပြန်မဖြေရှင်းပေးပါဘူး။ Telenor ကိုတော့ ဖုန်းပြောရုံပဲသုံးတာဆိုတော့ အင်တာနက်နဲ့ပတ်သက်ပြီး ပြဿနာမကြုံရပါဘူး။

စိမ့်စိမ့်လွင်
(ကွန်ပျူတာတက္ကသိုလ်ကျောင်းသူ)

လက်ရှိ Ooredoo သုံးနေပါတယ်။ သုံးရတာအဆင်ပြေတယ်။ 4G လည်း မိတယ်။ နယ်သွားတော့တောင် 4G မိတယ်။ အခုပြောင်းလိုက်တဲ့ ပလန်အရ Facebook 500MB ကိုမပေးတော့တာသိပ်ပြဿနာ မရှိပေမယ့် ပေါင်းကူးကို 800 MB ကနေ 650MB လျှော့ချလိုက်တာတော့ သဘောမကျဘူး။ တကယ်ဆို Ooredoo ကိုသုံးနေတာ ပေါင်းကူးနဲ့ သက်သာနေလို့လည်း ပါတယ်။ လိုင်းကတော့ အဆင်ပြေပါတယ်။ ကိုယ်သွားနေတဲ့နေရာတိုင်းမှာတော့မိတယ် Aug 1st ကစပြီးတော့ အင်တာနက် connection နည်းနည်းလေးတော့ကျတယ်။ ဒါပေမယ့် သုံးလို့ရတဲ့ အနေအထားပါ။ ဖုန်းဘေလ်ဖြတ်တာ ပုံမှန်ဟုတ်မဟုတ်က ပိုဖြတ်တာမျိုး အရမ်းသိသိသာသာကြီးတော့ မကြုံဖူးသေးဘူး။ ဖုန်းက သိပ်မပြောဖြစ်တော့ ရှိသမျှ Bill ကို ပလန်တွေဝယ်ပစ်တာ။ ခုဆိုအူရီဒူး က ၁ ရက်စာ Facebook 500 မရတော့ဘူးဆိုတော့ ၃ဝဝဝဖြည့်တယ် ၁ဝဝဝ ကို Facebook pack ဝယ်တယ်။ *234# နှိပ်ပြီး ၁ဝဝဝ နဲ့ 800 MB ဝယ်တယ်။ အဲ့ကနေ Bonus 500 ထပ်ရတယ်။ ပြီးတော့ ကျန်တဲ့ ၁ဝဝဝ ကို night plan ဝယ်တယ် ph ခေါ်စရာရှိရင် Ooredoo ချင်း ဆိုရင်တော့ Bonus ရထားတဲ့ထဲကခေါ်လို့ရလို့အဆင်ပြေတယ်။ တခြား operator ဆိုရင်တော့ ဖုန်းနဲ့မခေါ်တော့ဘူး။ Online ကနေပဲ လှမ်းပြောထားလိုက်တယ်။ (ရယ်လျက်) Ooredoo ပလန်တွေပြောင်း တော့အရင်က ၁ဝဝဝဖြည့်ရုံနဲ့ အဆင်ပြေနေရာကနေ ခုဆို ၃ဝဝဝ ဖြည့် ရတော့ Budget တော့ထိတာ ပေါ့လေ။

မမေမြသူ(ကုမ္ပဏီဝန်ထမ်း)

အူရီဒူးနဲ့ တယ်လီနောသုံးပါတယ်။ အူရီဒူးက SIM 1 မှာထားပြီး အင်တာနက်ကို အူရီဒူးနဲ့သုံးဖြစ်တယ်။ အိမ်က လမ်းမတော်မြို့နယ် ခြောက်လွှာမှာဆိုတော့အဲဒီမှာဆိုရင် ဖုန်းလိုင်းကမိတယ်။ အင်တာနက် လိုင်းကတော့ မမိတော့ဘူး။ တယ်လီနောကတော့ ဖုန်းလိုင်းလည်း သိပ်မမိဘူး။ SIM 2 မှာထည့်ထားလို့လားတော့ မပြောတတ်ဘူး။ အူရီဒူးက ဂျန်းရှင်း စီးတီးမှာဆိုရင် လုံးဝလိုင်းမမိဘူး။ ပုံတင်ဖို့ကို အကြာကြီးစောင့် ရတယ်။ ဂျန်းရှင်းစီးတီးလာတယ်ဆိုရင် ဘယ်သူမဆို အင်တာနက်သုံးချင် တယ်လေ။ ဒါပေမယ့် သုံးလို့မရဘူး။ အင်တာနက်ကတော့ ပလန်တွေ ဝယ်သုံးတယ်။ အခုဆိုပေါင်းကူး သုံးဖြစ်နေတယ်။ အဆင်ပြေပါတယ်။



ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com