7/02/2017

♪ " Xiaomi Mi6 Plus ကလည်း One Plus 5 ကိုတိုက်ရိုက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထား " ♫

Image may contain: phone

Xiaomi Mi 6 ရဲ့ မျက်နှာပြင်ကသေးငယ်တာကြောင့် Xiaomi က ပိုကြီးပြီးပိုကောင်းတဲ့ Xiaomi Mi6 Plus ကို ပြင်ဆင်နေပြီးဒါဟာ One Plus 5 ကိုတိုက်ရိုက်ယှဉ်ပြိုင်ရောင်းချမယ့် စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။ Snapdragon 836 အသုံးပြုထားပြီး MIUI 9 နဲ့ ကြီးမားတဲ့မျက်နှာပြင် ပိုကောင်းလာတဲ့ ဘက်ထရီခံနိုင်ရည်အားတို့ကို Mi6 Plus မှာ တွေ့ရှိရမှာပါ။

ဒီစမတ်ဖုန်းကိုဇွန်လထဲမှာမိတ်ဆက်နိုင်မယ်လို့ ယူဆခဲ့ကြပေမယ့် လက်ရှိသတင်းတွေအရတော့ ဒီထက်နောက်ကျဖွယ်ရှိနေပါတယ် ဘက်ထရီကို 4050 mAhအထိတိုးမြှင့်ထားပြီး 5.7 လက်မမျက်နှာပြင်မှာ 18:9 infinity display ဖြစ်မလားဒီထက်ပိုတိုးမြှင့်လာမလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။ Xiaomi Mi6 Plus ရဲ့ RAM နဲ့ Storage ကတော့ OnePlus 5 မှာပါဝင်တဲ့ RAM 6GB/ ROM128GB နဲ့ RAM 8GB/ ROM 256GB အတိုင်းရရှိမှာလို့ ဆိုပါတယ်။ 


Mi6 Plus ဟာ MIUI 9 ပါဝင်မယ့် Xiaomi ရဲ့ ပထမဆုံးဖုန်းဖြစ်ပါတယ်။ Xiaomi Mi6 Plus ရဲ့နောက်ကင်မရာကို Mi6 မှာလိုပဲ regular+telephoto sensors ကို အသုံးပြုထားပြီးပိုကြီးတဲ့ lenses ကို အသုံးပြုထားတယ်လို့ သိရပါတယ်။ ဒါကြောင့် Mi6 Plus ဟာကင်မရာ အကောင်းဆုံးစမတ်ဖုန်းဖြစ်လာနိုင်ပါတယ်။ Xiaomi က ပိုကောင်းတဲ့ ရှေ့ကင်မရာ sensor ကိုအသုံးပြုမယ်လို့လည်းယူဆရပြီး Mi6 Plus ဟာ Xiaomi ရဲ့ ပထမဆုံးကင်မရာလေးလုံးနဲ့ စမတ်ဖုန်းကို ဖြစ်လာနိုင်တယ်လို့ခန့်မှန်းရပါတယ်။


ကောလာဟလသတင်းတွေအရတော့ Mi6 Plus ရဲ့ ဈေးနှုန်းက တရုတ်ယွမ် 2999 ရှိမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ 440 နီးပါး ကျသင့်မယ်လို့ သိရပါတယ်။ Mi6 Plus သာဒီဈေးနဲ့ တစ်လအတွင်း အမှန်တကယ်ထွက်ရှိလာခဲ့မယ်ဆိုရင်တော့ OnePlus 5 ကတော့ သူ့ရဲ့ဈေးနှုန်းကိုလျော့ချရပါလိမ့်မယ်။ OnePlus 5 ကိုအော်ဒါမှာမို့ စဉ်းစားထားတယ်ဆိုရင် Mi6 Plus ထွက်မယ့်အချိန်ကို စောင့်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ Mi6 Plus ထွက်ရှိလာချိန်မှာ OnePlus 5 ကသူ့ရဲ့ နဂိုဈေးနှုန်းကိုမဖြစ်မနေလျော့ချရပါလိမ့်မယ်။ Xiaomiရဲ့ Mi6 Plus အပြင် OnePlus 5 ကိုယှဉ်ပြိုင်တိုက်ခိုက်ဖို့ ရည်ရွယ်ထွက်ရှိလာမယ့် တစ်ခြားစမတ်ဖုန်းတွေလည်းများစွာ ရှိနေပါသေးတယ်။




#xiaomitoday

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com