7/02/2017

♪ " RAM 6GB နဲ့ Dual ကင်မရာပါဝင်မယ့် Honor 8 Pro ကိုဇူလိုင် 6 ရက် နေ့တွင် မိတ်ဆက်မည် " ♫

Image may contain: phone

Huawei အမှတ်တံဆိပ်တွေထဲက Honor 8 Pro ကိုလာမယ့် ဇူလိုင်လအတွင်း flagship စမတ်ဖုန်းအဖြစ် မိတ်ဆက်မယ်လို့ သိရပါတယ်။ MWC 2017 ပွဲမှာတုန်းက Honor V 9 နာမည်နဲ့ ပြသခဲ့ပြီးအိန္ဒိယဈေးကွက် အတွက် Honor 8 Pro လို့ နာမည်အသစ်ပေးထားတာလို့သိရပါတယ်။ ဒီစမတ်ဖုန်းကိုအိန္ဒိယမှာဇူလိုင်လ 6 ရက်နေ့မှာ မိတ်ဆက်မှာဖြစ်ပြီးအွန်လိုင်းကနေတဆင့် Amazon ဝက်ဘ်ဆိုက်မှာပဲ ရရှိမှာဖြစ်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာက Honor 8 Pro က Amazon မှာပဲရရှိတဲ့ OnePlus 5 ကိုတိုက်ရိုက်ယှဉ်ပြိုင်နေတယ်ဆိုတာပါပဲ။ Honor 8 Pro ရဲ့ ဈေးနှုန်းကအိန္ဒိယဈေးကွက်မှာပဲရူပီး 30000 အောက် (အမေရိကန်ဒေါ်လာ 465 ဝန်းကျင်) OnePlus 5 ရဲ့ ဈေးနှုန်းကိုဦးတည်ယှဉ်ပြိုင်လိုက်တာပဲ ဖြစ်ပါတယ်။ ဥရောပဈေးကွက်မှာတော့ ရူပီး 37000 (အမေရိကန်ဒေါ်လာ 570 နီးပါး) ရှိမယ်လို့ ခန့်မှန်းရပါတယ်။


Huawei က 4th generation dual ကင်မရာနည်းပညာကို Honor 8 Pro မှာ အသုံးပြုလိမ့်မယ်လို့လည်းသိရပါတယ်။ မနှစ်က Huawei ရဲ့ ကင်မရာအကောင်းဆုံးစမတ်ဖုန်းအချို့ကိုလည်းအိန္ဒိယဈေးကွက်မှာရရှိနိုင်
ပြီး ယနေ့ထိလည်းရနေတုန်းပါပဲ။ Huawei အနေနဲ့ 8 megapixel dual camera နဲ့ Honor 6 Plus ကို dual lens ကင်မရာနည်းပညာသစ် ထည့်သွင်းနိုင်ခဲ့ပြီး ရောင်းအားလည်းကောင်းခဲ့တယ်လို့သိရပါတယ်။ OnePlus 5 နဲ့ Honor 8 Pro နှစ်မျိုးလုံးရဲ့ ကျောဘက်မှာ dual ကင်မရာရှိပြီး အိန္ဒိယဈေးကွက်မှာရှိတဲ့ Amazon မှာသာလျှင် ရရှိနိုင်တာကတော့ ထူးခြားတဲ့ တိုက်ဆိုင်မှုပါပဲ။ Honor 8 Pro မှာ 4000mAh ဘက်ထရီ၊ အံသြဖွယ်ကောင်းပြီး 7-mm အထိပါးလွှာတဲ့ frame အသုံးပြုထားပါတယ်။


Honor 8 Pro မှာ OnePlus 5 ထက်ကြီးတဲ့ 5.7- လက်မမျက်နှာပြင်၊ Quad HD 2K display တို့ပါဝင်ပါတယ်။ Honor 8 Pro မှာ dual camera နည်းပညာအသုံးပြုထားပြီးနောက်ကျောဘက်မှာ 12 MP ကင်မရာ 2 လုံး တပ်ဆင်ထားပါတယ်။ fourth generation dual ကင်မရာစနစ်အပြင် monochrome ဆင်ဆာနဲ့ ကာလာအတွက် RGB ဆင်ဆာကိုလည်း အသုံးပြုထားပါတယ်။ HiSilicon Kirin 960 chipset အသုံးပြုထားပြီး RAM က 6GB ရှိမှာ ဖြစ်ပါတယ်။




#news18.com

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com