7/06/2017

♪ စမတ်ဖုန်းလောကကို တံခါးခေါက်လာပြီ ဖြစ်တဲ့ အီလက်ထရောနစ် ဘီလူးကြီး Sharp ♫


နှစ်ပေါင်းများစွာ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်၊ မီးဖို တွေနဲ့ အီလက်ထရောနစ်ပစ္စည်းတွေမှာသာ ကျင်လည်နေခဲ့တဲ့ အီလက်ထရောနစ်ဘီလူးကြီးတစ်ကောင် နိုးထလာခဲ့ပြီ လို့ ထင်ချင်စရာပါ။ အမှန်တကယ်ပါပဲ .. ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ စမတ်ဖုန်းဈေးကွက်ထဲကို အသစ်တိုးဝင်လာခဲ့တဲ့ သူကတော့ Sharp ပဲ ဖြစ်ပါတယ်။

အစကတည်းက ယဉ်သကို လို့ မှတ်ယူရမယ့် သတင်းအချက်ကတော့ အခု မှသာ စတင် ၀င်ရောက် လာခဲ့ပေမယ့် Sharp ဟာ ဇူလိုင် လ လယ် မှာ bezeless Phone တွေကိုသာ ထုတ်လုပ်သွားမှာ ဖြစ်တယ် လို့ ကြေငြာခဲ့တဲ့အချက် ပဲ ဖြစ်ပါတယ်။ ဆမ်ဆောင်း S8 ဟာ မျက်နှာပြင် တစ်ခုလုံး ကို မှန်သားပြည့်ဖြစ်လုနီးပါး အထိ အောင်မြင်ခဲ့ပြီး အဲဒီ အနေအထား ကို Infinity Display ကိုခေါ်ဆိုခဲ့ပါတယ်။ Sharp ကတော့ ဇူလိုင်လ အလယ်မှာပဲ လက်ရှိ ဆမ်ဆောင်း ရဲ့ S8 စတိုင်ထက် သာလွန်တဲ့ bezeless မျက်နှာပြင် ကို Version ၂ ခု ကွဲပြားခြားနားစွာ ထုတ်လုပ်မယ် လို့ ဆိုလိုက်ပါတယ်။

လက်ရှိအချိန်အထိတော့ Code အမည် နဲ့ သာ ယာယီ မှည့်ခေါ်ထားတဲ့ FS8016, FS8010 တွေအဖြစ် သတင်းထုတ်ပြန်ထားပြီး နှစ်ခုစလုံးဟာ ၅.၅ လက်မ မျက်နှာပြင် ၊ 2048×1080 pixel ရှိမယ် လို့ ဆိုပါတယ်။ 4GB RAM နဲ့အတူတူ ကင်မရာ နှစ်ခုလုံးကလည်း 12MP, 8 MP လို့ ဆိုထားတဲ့အတွက် လက်ရှိ ရောင်းတန်းဝင် အဆင့်မီ စမတ်ဖုန်း အနေအထား တွေ အတိုင်း ယှဉ်ပြိုင်သွားမယ့် ပုံ ရှိနေပါတယ်။

Code FS 8016 ဟာ Snapdragon 660 ကို သုံးစွဲမှာ ဖြစ်ပြီး Snapdragon 330 ကိုတော့ FS 8010 မှာ ထည့်သွင်းသွားမှာ ဖြစ်တယ် လို့ ဆိုပါတယ်။ အံ့သြဖွယ်ရာ ဒီ သတင်း ဟာ စမတ်ဖုန်းချစ်သူတွေအဖို့ စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်နေပေမယ့် Xiaomi Mi Mix, Galaxy S8 တို့လောက် စွမ်းရည် တန်းတူ ရှိနေတဲ့ Sharp စမတ်ဖုန်းတွေကိုတော့  လက်ရှိ စမတ်ဖုန်းထုတ်လုပ်သူတွေ က နှစ်လိုကြမယ် မထင်ဘူး လို့ သတင်းရရှိပါတယ်။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com