7/06/2017

♪ Meizu က ကျပ် ၁၄၀ ၀၀၀ ၀န်းကျင်ရှိတဲ့ တန်ဖိုးနည်း A5 ကို မိတ်ဆက် ♫


တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ Meizu က A Series စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ A5 လို့ အမည်ပေးထားပြီး တန်ဖိုးနည်း စမတ်ဖုန်း ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းကို Meizu ရဲ့ တရားဝင် ၀က်ဆိုက်မှာ ပြသထားပါတယ်။ Meizu A5 မှာ Mediatek MT6737 SoC မောင်းနှင်မှာ ဖြစ်ပါတယ်။

Meizu A5 မှာ ၅ လက်မ HD Display တပ်ဆင်ထားပါတယ်။ 2GB RAM, 16GB Internal Storage ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 8 Megapixel Camera နဲ့ အရှေ့ဘက်မှာ 5 Megapixel Camera တပ်ဆင်ထားပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 144×70.5×8.3mm ဖြစ်ပြီး အလေးချိန်မှာ ၁၄၀ ဂရမ် ဖြစ်ပါတယ်။ 3060mAh Battery တပ်ဆင်ထားပါတယ်။ 4G VoLTE, Wi-Fi 802.11 a/b/g/n နဲ့ Bluetooth 4.1 ဆက်သွယ်မှုများ ပါဝင်ပါတယ်။

Meizu က A5 အတွက် အနက်၊ ရွှေနဲ့ ငွေရောင်များ ထုတ်လုပ်ပေးထားပါတယ်။ တရုတ်မှာယွမ် ၆၉၉ သတ်မှတ်ထားပြီး ၁၀၅ ဒေါ်လာ ၀န်းကျင် တန်ကြေးရှိပါတယ်။ မြန်မာငွေ အားဖြင့် ၁၄၀ ၀၀၀ ၀န်းကျင်သာ ကျသင့်မှာ ဖြစ်ပါတယ်။ Meizu A5 ကို တရုတ်မှာ စတင် ရောင်းချပေးနေပါပြီ။





Credit to ==> DigitalTimes.com.mm





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com