7/01/2017

♪ “အင်တာနက် မချိတ်ဆက်ထားတဲ့ ကွန်ပျူတာများကိုတောင် Hack နိုင်တဲ့ CIA” ♫

No automatic alt text available.

Central Intelligence Agency (CIA) ဟာအင်တာနက် ချိတ်ဆက် ထားခြင်းမရှိတဲ့ ကွန်ပျူတာများကိုတောင် ဟက်နိုင်တယ်ဆိုတဲ့ သက်သေအထောက်အထားစာရွက်စာတမ်းများကို WikiLeaks က ပြသလိုက်ပါတယ်။ စုစုပေါင်းစာမျက်နှာ ၁၅၀ ပါရှိပြီးစီအိုင်အေက Brutal Kangaroo အမည်ရ Malware နဲ့ USB Drive ကိုအသုံးပြု၍ အင်တာနက် မချိတ်ဆက်ထားတဲ့ ကွန်ပျူတာများကိုဟက်နိုင်တာ ဖြစ်ပါတယ်။

WikiLeaks က Brutal Kangaroo ဟာကွန်ပျူတာကွန်ရက်တစ်ခုအထဲမှာ လျှို့ဝှက်စွာ ခြေရာဖျောက်နိုင်တဲ့အတွက် ဟက်ရာမှာပိုမိုလွယ်ကူစေတယ် လို့ ပြောပါတယ်။ ကွန်ပျူတာကွန်ရက် တစ်ခုအထဲမှ တစ်လုံးကို USB Drive ဖြင့် ဗိုင်းရက်စ် ကူးစက်စေပြီးနောက်မှာအခြားကွန်ပျူတာများကို ဗိုင်းရက်စ်က ကူးစက်နိုင်ပါတယ်။ Brutal Kangaroo က USB Thumb Drives များကိုအထူးဖန်တီးထားတဲ့ ဗိုင်းရက်စ် လင့်များဖြင့် ကူးစက် အောင် ပြုလုပ်တာ ဖြစ်ပါတယ်။

Brutal Kangaroo မှာအစိတ်အပိုင်းလေးခု ပါဝင်ပါတယ်။ အဲဒါတွေ ကတော့ Thumb Drive ကိုဗိုင်းရက်စ် ကူးစက်စေတဲ့ Drifting Deadline ၊ Thumb Drive များကိုအလိုအလျှောက် ဗိုင်းရက်စ် ကူးစက်စေပြီး Server Tool ဖြစ်တဲ့ Shattered Assurance ၊ သတင်းအချက်အလက်များခိုးယူတဲ့ Broken Promise နဲ့ ဗိုင်းရက်စ်ကိုအသက်ရှင်သန်အောင်လုပ်ပေးတဲ့ Shadow တို့ ဖြစ်ပါတယ်။

WikiLeaks က ယခင်ကလည်းစီအိုင်အေရဲ့ Sophisticated Software Tools နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းများကိုဖွင့်ချခဲ့ဖူးပါတယ်။ အဲဒီ ဆော့ဖ်ဝဲက နာမည်ကြီး Messenger Apps အချို့ရဲ့ Encryption များကိုကျော်ဖြတ်နိုင်ခြင်း၊ ကွန်ပျူတာများကိုဟက်နိုင်ခြင်း၊ တီဗီကို မိုက်ကရိုဖုန်းအဖြစ် အသွင်ပြောင်းခြင်းစတာတွေကို ပြုလုပ်နိုင်ပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com