7/01/2017

♪ “Dual Camera များနဲ့ Snapdragon 835 ပါတဲ့ OnePlus 5” ♫

Image may contain: one or more people, phone and text

OnePlus က 3T ကို မိတ်ဆက်ပြီးနောက်မှာ 4 ကို မထုတ်လုပ်တော့ဘဲ OnePlus 5 ကို မိတ်ဆက်လိုက်ပါတယ်။ OnePlus 5 မှာ စွမ်းဆောင် ရည်မြင့် Qualcomm Snapdragon 835 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ ဒီနှစ်ထုတ် စွမ်း ဆောင်ရည်မြင့် စမတ်ဖုန်းများ ဖြစ်တဲ့ Samsung Galaxy S8/S8 Plus, Xiaomi Mi 6 တို့မှာလည်း အဲဒီ Chipset ထည့် သွင်းထားတာဖြစ်ပါတယ်။ 

OnePlus 5 အတွက် 6GB RAM/64GB Internal Storage နဲ့ 8GB RAM/128GB Internal Storage များ ထုတ်လုပ်ပေးထားပါတယ်။ ၅.၅ လက်မ Full HD AMOLED Display တပ်ဆင်ထားပါတယ်။ iPhone 7 နဲ့ Galaxy S8 မှာလို မျက်နှာပြင်က DCI-P3 ကို ထောက်ပံ့ပါတယ်။ Chipset ကြောင့် ဘက်ထရီ သက်တမ်းဟာ ယခင် မျိုးဆက် 3T ထက် ၂၀ ရာခိုင်နှုန်း ပိုမို တိုးတက်လာပါတယ်။ Dash Charge အမည်ရ လျင်မြန်စွာ အားသွင်းနိုင် တဲ့ နည်းပညာပါပြီး မိနစ် ၃၀ အားသွင်းရင် တစ်နေ့လုံး အသုံးခံပါတယ်။

OnePlus 5 ရဲ့ အဓိက စွဲဆောင်မှုမှာ ကင်မရာများဖြစ်ပါတယ်။ အရှေ့ဘက်မှာ 16MP Camera တပ်ဆင်ထားပြီး အလင်းရောင် နည်းပါးတဲ့ အခြေအနေများမှာ ဓာတ်ပုံကောင်းများ ရိုက်ကူးပေးနိုင်တဲ့ Screen Flash ပါပါတယ်။ အနောက်ဘက်မှာ 16MP Color Sensor နဲ့ 20MP Monochrome Sensor ပါပါတယ်။ Image Stabilization နည်းပညာဖြင့် 4K Video များကို ရိုက်ကူးနိုင်ပါတယ်။ 

Portrait Mode က ဓါတ်ပုံများမှ နောက်ခံများကို Blur လုပ်ပေးပြီး လူလို အဓိကအရာများကို ထင်ရှားစွာ မြင်ရအောင် ဖန်တီးပေးပါတယ်။ 6GB RAM/64GB Model ကို ၄၈၀ ဒေါ်လာ၊ 8GB RAM/128GB Model ကို ၅၄၀ ဒေါ်လာ သတ်မှတ်ထားပြီး ဇွန်လ ၂၇ ရက်နေ့မှာ စတင် ရောင်းချမှာပါ။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com