7/09/2017

♪ Facebook မှာ ခင်မင်မိတဲ့ အမျိုးသားများက အုပ်စုလိုက် မုဒိန်းကျင့်မှု ဖြစ်ပွား ♫


ဆယ်ကျော်သက်အရွယ် မိန်းကလေး တစ်ယောက်ကို နေအိမ် ပါတီတစ်ခုမှာ အုပ်စုလိုက် မုဒိန်းကျင့်နေတာကို ရိုက်ကူးထားတဲ့ GoPro ရဲ့ ဗီဒီယိုကို ရဲများက အခင်းဖြစ်ပြီး ၆ ပတ်အကြာမှာ တွေ့ရှိခဲ့တယ်လို့ ဆစ်ဒနီ တရားရုံးက ပြောပါတယ်။ ဗီဒီယိုဟာ ၁၇ မိနစ် အရှည်ရှိပြီး အမျိုးသားများက အသက် ၁၆ နှစ်အရွယ် မိန်းကလေးကို ပါတီကျင်းပတဲ့ အိမ်ရဲ့ အိပ်ခန်းထဲမှာ မုဒိန်းကျင့်နေတာကို ရိုက်ကူးထားတယ်လို့ တရားသူကြီး Sharon Harris က ပြောပါတယ်။ အခင်းဖြစ်ပွားခဲ့တဲ့ ကာလဟာ ၂၀၁၅ ခုနှစ် မေလ ဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ် Kurt Stevenson ၊ အသက် ၂၄ နှစ်အရွယ် Andrew Waters နဲ့ အသက် ၂၆ နှစ်အရွယ် Tristan Carlyle-Watson တို့က မိန်းကလေးငယ်ကို မုဒိန်းကျင့်ခဲ့တာ ဖြစ်ပါတယ်။ မိန်းကလေးဟာ Facebook မှာ Carlyle-Watson နဲ့ သိကျွမ်းခဲ့ကြတာ ဖြစ်ပြီး သူက နေအိမ်ပါတီသို့ မိန်းကလေးအား ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

ကောင်မလေးဟာ ပါတီမှာ ဆေးခြောက် ရှူပြီး အရက်လည်း မူးနေခဲ့တဲ့အတွက် သူ့ကို မုဒိန်းကျင့်တာကို ကာကွယ်နိုင်ခြင်းလည်း မရှိခဲ့ပါဘူး။ သူမ မနက်အိပ်ယာထတဲ့အချိန်မှာ ဘေးမှာ Carlyle-Watson ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ရဲများက GoPro ကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုကို တွေ့ရှိပြီးနောက်မှာ သူမအား စုံစမ်းမေးမြန်းခဲ့ပါတယ်။ သူတို့ရဲ့ အမှုကို လက်ရှိမှာ တရားရုံးမှာ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com