7/09/2017

♪ စမတ်ဖုန်း ဓါတ်ပုံပညာအတွက် ဟွာဝေး က လစဉ်တိုင်း ဆွေးနွေးပွဲတွေ ပြုလုပ်သွားမည် ♫


စမတ်ဖုန်း တွေနဲ့ ရိုက်ကူးရတဲ့အခါမှာ လိုအပ်တဲ့ ဓါတ်ပုံပညာရပ်တွေအတွက် ဟွာဝေးကုမ္ပဏီ ကနေ လစဉ်တိုင်း Photography Workshop တွေပြုလုပ်ပေးသွားမှာ ဖြစ်တယ် လို့ Huawei Myanmar ထံမှ သိရပါတယ်။

အဲဒီ ဆွေးနွေးပွဲ၊ ဖိတ်ခေါ်ပွဲတွေအတွက် ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ က Workshop တစ်ခု ပြုလုပ်နိုင်ခဲ့တယ် လို့ ဆိုပါတယ်။ အထူးသဖြင့် စမတ်ဖုန်းဓါတ်ပုံပညာနှင့် ပတ်သက်သော (အထူးသဖြင့် P10၊ P10 Plus တို့ဖြင့် ရိုက်ကူးရသော) ဓါတ်ပုံပညာကို စိတ်ဝင်စားကြတဲ့ Huawei Fans တွေ စုစည်းပြီး သူတို့အတွက် သင့်လျော်စေမယ့် Photography Workshop ကလေးတစ်ခု ကို ပြုလုပ်ပေးခဲ့တာ ဖြစ်တယ် လို့ သိရပါတယ်။

အဲဒီ Photography Workshop မှာ တက်ရောက်လာသူအချင်းချင်း စမတ်ဖုန်းဓါတ်ပုံပညာနဲ့ ပတ်သက်တာတွေကို ဝေမျှခဲ့ပြီး Huawei P10 နှင့် P10 Plus ကို အသုံးပြုကာ Indoor ဓါတ်ပုံများ စမ်းသပ် ရိုက်ကူးခဲ့ကြတယ်လို့ ဆိုပါတယ်။ Outdoor အနေနဲ့ အင်လျားကန်ဘောင်သို့ သွားရောက်ကာ Outdoor ဓါတ်ပုံများကို စမ်းသပ်ရိုက်ကူးခဲ့ကြတယ် လို့ သိရပါတယ်။

Huawei ကနေ ယခုကဲ့သို့ Photography Workshop တွေကို လစဉ်ပြုလုပ်ပေးသွားမည်ဖြစ်ပြီး HUAWEI P10 နှင့်သာ မဟုတ်ဘဲ အခြားသော Huawei မော်ဒယ်လ်စမတ်ဖုန်းများနှင့် ရိုက်ကူးနိုင်ရန် နည်းလမ်းများအပြင် အဆင်မြင့် စမတ်ဖုန်းဓါတ်ပုံပြိုင်ပွဲတွေကိုလည်း ၀င်ရောက်နိုင်ဖို့ အထိ ပညာရပ်တွေ မျှဝေပေးသွားမှာ ဖြစ်တဲ့အကြောင်း သတင်းရရှိပါတယ်။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com