အတွင်းပိုင်း ပါဝင်ဖွဲ့စည်းမှုတွေကို တစ်ခု မှမဖော်ပြခဲ့ပေမယ့်
အိုင်ဖုန်းနဲ့ ဆင်တူလှတဲ့ စမတ်ဖုန်းတစ်လုံးကို မြောက်ကိုးရီးယား က
ထုတ်လုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီဖုန်း ဟာ အမည်နာမ၊ အတွင်းပိုင်း Specs၊ ရောင်းချမယ့် ဈေးနှုန်း
စတာတွေကို တစ်ခုမှ ဖော်ပြခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် မျက်မြင်သွင်ပြင်
နဲ့ ရုပ်ပိုင်းလက္ခဏါတွေအရ အိုင်ဖုန်းရဲ့ ဗားရှင်းအသစ် နဲ့
ဆင်တူလွန်းလှတာကို တွေ့ရှိရပါတယ်။ အမည်နာမတွေကို ထုတ်ဖော်မပြောခဲ့ပေမယ့်
သတင်းသမားတွေ ရဲ့ စုံစမ်းမှုအရ အဲဒီဇုန်းကို Jindallae 3 လို့
အမည်ခေါ်တွင်ပြီး အတွင်းပိုင်း မှာ အဆင့်မြင့် နည်းပညာ ပစ္စည်းတွေကို
ထည့်သွင်းထားတယ် လို့ ဆိုပါတယ်။ အဲဒီဇုန်းကို DPRK's Mangyoungdae
Information Technology Corporation က ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
ကနဦး အနေနဲ့ မတ်လအတွင်းမှာ ထုတ်လုပ်ခဲ့ပြီး ဓါတ်ပုံတွေကိုတော့ အခု အပတ်အတွင်းမှာမှ အွန်လိုင်းကို လွှတ်တင်ခဲ့တာ ဖြစ်တယ် လို့ ဆိုပါတယ်။ အဲဒီဖုန်း မှာ ဂဏန်းပေါင်းစက်၊ အင်တာနက် ဘရောက်ဇာ၊ Music Player တွေ အပြင် ဖုန်းပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေ အပြင် Trump's Style Card ဂိမ်းတွေ လည်း ပါရှိတယ် လို့ ဆိုပါတယ်။
Ref : DM