7/13/2017

♪ Android နဲ့ iOS တို့ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်များ ♫


ဒီနေ့ခေတ်မှာတော့ Mobile Operating System များထဲမှာ Android နဲ့ iOS ဟာ လူသုံးအများဆုံး ဖြစ်နေကြပါပြီ။ ကုမ္ပဏီများဟာ သူတို့ရဲ့ OS အတွက် စွမ်းဆောင်ချက် အသစ်များကို စဉ်ဆက်မပြတ် ထည့်သွင်းပေးနေကြပါတယ်။ ဒါပေမယ့် ဂေဟစနစ် မတူတဲ့ အတွက် စွမ်းဆောင်ချက်များနဲ့ ပတ်သက်၍ အပြန်အလှန် အားသာချက်၊ အားနည်းချက်များ ရှိနေပါတယ်။

၁။ Default Apps (Android)


ပထမဆုံး iPhone ကို ရောင်းချတာ ၁၀ နှစ်ပြည့်ပြီ ဖြစ်ပေမယ့် လင့်များကို ဆာဖာရီက လွဲပြီး အခြား ဘရောက်စာများမှာ ဖွင့်လို့ မရသေးပါဘူး။ အလားတူပဲ အီးမေးများကို Mail ၊ ဓါတ်ပုံများကို Photos များကနေသာ Default အားဖြင့် ဖွင့်နိုင်ပါတယ်။ Android မှာတော့ Default Browser , SMS App နဲ့ အခြား App များအားလုံးကို ပြောင်းလဲ သတ်မှတ်နိုင်ပါတယ်။

၂။ Launcher Apps (Android)


Android မှာ Launchers များကို အသုံးပြုနိုင်တဲ့အတွက် Interface ကို နှစ်သက်သလို ပြောင်းလဲနိုင် ပါတယ်။ ဒါပေမယ့် iOS မှာတော့ ဒီလိုလုပ်လို့ မရဘဲ အိုင်ကွန်များအတွက် Apple ဖန်တီးထားတဲ့ Rows , Columns များကိုသာ အသုံးပြုနေရဆဲ ဖြစ်ပါတယ်။

၃။ Smart Unlock (Android)



စမတ်ဖုန်းကို Lock Screen PIN Code , Fingerprint Lock များဖြင့် ကာကွယ်ထားဖို့ အလွန် အရေးကြီးပါတယ်။ ဒါပေမယ့် သင့်အိမ်လို စိတ်ချရတဲ့ တည်နေရာများမှာ ဖုန်းကို အသုံးပြုချင်တိုင်း Unlock လုပ်ရတာ အလုပ်ရှုပ်ပါတယ်။ ဒီအချက်မှာ Android က iOS ထက် ပိုမို အဆင်ပြေစေပါတယ်။ Android ရဲ့ Settings> Security > Smart Lock ထဲသွားပါ။ သင့် အိမ်လို စိတ်ချရတဲ့ တည်နေရာများမှာ ၊ သင့် စမတ်နာရီနဲ့ ဖုန်း ချိတ်ဆက်ထားတဲ့ အချိန်များမှာ ဖုန်းကို အလိုအလျှောက် Unlock လုပ်ပေးအောင် အဲဒီမှာ သတ်မှတ်နိုင်ပါတယ်။ Trusted Face, Trusted Voice များကိုလည်း သတ်မှတ်ထားနိုင်ပါတယ်။

၎။ Continuity (iOS)


Apple ဟာ သူ့ရဲ့ Devices များအကြား ပူးပေါင်းအလုပ်လုပ်မှု စွမ်းရည်အပိုင်းမှာ Google ထက် သာလွန်နေပါတယ်။ iOS မှ Continuity စွမ်းဆောင်ချက်က အလွန် စွမ်းရည်မြင့်မားပြီး iPhone အချင်းချင်းနဲ့ iPad , MacBook များအကြားမှာ Content များကို Copy/ Paste လုပ်နိုင်ပါတယ်။ ဖုန်းမှာ အီးမေးတစ်စောင်ကို ရေးနေရင်းကနေ MacBook မှာ အဲဒီ အီးမေးကို ဆက်လက်ရေးသားနိုင်ပါတယ်။

၅။ iMessage (iOS)


iMessage ကို လူတော်တော်များများက မသုံးကြပါဘူး။ ဒါပေမယ့် သူဟာ Apple ထုတ်ကုန်များအကြားမှာ Sync လုပ်ပေးရာမှာ အလွန် ကောင်းမွန်ပါတယ်။ Encryption ကိုလည်း ထည့်သွင်းပေးထားတဲ့အတွက် လုံခြုံစိတ်ချရပါတယ်။ ယခင်နှစ်ကလည်း iMessage App Store ကို ဖန်တီးပေးခဲ့တဲ့အတွက် စွမ်းရည်များ ပိုမိုများပြားလာပါတယ်။

Google Hangouts ကတော့ မအောင်မြင်ခဲ့တဲ့အတွက် သူ့နေရာမှာ ကုမ္ပဏီက Allo နဲ့ အစားထိုးခဲ့ပါတယ်။ ဒါပေမယ့် Allo ကို မိုဘိုင်းမှာသာ အသုံးပြုနိုင်ပါသေးတယ်။ နောက်ပြီး သူက SMS Message ကိုလည်း မထောက်ပံ့သေးပါဘူး။ End-to-End Encryption လည်း မပါသေးပါဘူး။ Allo ဟာ အနာဂတ်မှာ အောင်မြင်လာနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ သူဟာ iMessage လောက် စွမ်းရည် မမြင့်မားသေးပါဘူး။




Credit to ==> Digital Times
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com