7/02/2017

♪ “ ရက် (30) အတွင်း အလုံးရေ (1) သန်းကျော် ရောင်းချခဲ့ရတဲ့ Xiaomi Redmi 4 ” ♫

Image may contain: phone

Xiaomi Redmi 4 စမတ်ဖုန်းကို စတင်ရောင်းချတဲ့နေ့ကစပြီး ရက် 30 အတွင်း အလုံးရေ 1 သန်းကျော်အထိ ရောင်းချခဲ့ရတယ်လို့ Xiaomi India က ဆိုပါတယ်။ 2017 ခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်း အကြီးအကျယ်အောင်မြင်မှုရခဲ့တဲ့ Xiaomi India အနေနဲ့ ကုမ္ပဏီရဲ့ အောင်မြင်မှုအတိုင်းအတာကို ထုတ်ဖော်ပြောကြားလာတာပဲ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ ရောင်းအားအကောင်းဆုံးနဲ့ စိတ်ဝင်စားမှုအများဆုံး စမတ်ဖုန်းအဖြစ် Redmi 4 က ရပ်တည်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ မေလအစောပိုင်းမှာ စတင်ရောင်းချ ခဲ့တာဖြစ်ပြီး အချိန်တိုအတွင်း အမှာစာအများဆုံးရရှိခဲ့တဲ့ စမတ်ဖုန်းအဖြစ်လည်း Redmi 4 က မှတ်တမ်းဝင်ခဲ့ ပါတယ်။

Xiaomi India ရဲ့တာဝန်ရှိသူ Manu Kumar Jain က အခုရောင်းချရတဲ့ အရေအတွက်ကို သူ့ရဲ့တရားဝင် Twitter မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ Jain က “ Redmi Note 4 က 45 ရက်အတွင်း အလုံးရေ 1 သန်းကျော် ရောင်းချခဲ့ရတဲ့ စံချိန်ချိုးဖောက်နိုင်ခဲ့ပြီး အခုတစ်ခါ Redmi 4 ကလည်း ဒီစံချိန်ကို ထပ်ချိုးပြီး ရက် 30 အတွင်း အလုံးရေ 1 သန်းကျော်သွားခဲ့တာပါ ” လို့ ပြောပါတယ်။ RAM 2GB storage 16GB ပါဝင်တဲ့ Redmi 4 ကို ရူပီး 6999 (အမေရိကန်ဒေါ်လာ 108 ဝန်းကျင်) နဲ့ ရောင်းချခဲ့ပြီး ၊ 3GB RAM 32GB storage အတွက် ရူပီး 8999 (အမေရိကန်ဒေါ်လာ 140 ဝန်းကျင်) ၊ 4GB RAM 64GB storage အတွက် ရူပီး 10999 (အမေရိကန်ဒေါ်လာ 170 ဝန်းကျင်) နဲ့ Amazon India ၊ Mi.com တို့ကနေ ရောင်းချခဲ့တာပါ။ Redmi 4 မှာ 1280 x 720 pixels resolution နဲ့ 5 လက်မ မျက်နှာပြင်ပါဝင်ပြီး ထိပ်ဘက်မှာ 2.5 D မှန်ခုံးအသုံးပြုထားပါတယ်။ နောက်ဘက်မှာ fingerprint scanner ပါဝင်ပြီး 4,100 mAh battery အသုံးပြုထားပြီး microSD card ကိုသုံးပြီး 128GB ထိ တိုးချဲ့နိုင်ပါတယ်။ 

primary ကင်မရာ 13 Megapixel နဲ့ ရှေ့ကင်မရာ 5 megapixel တို့ပါဝင်ပါတယ်။ ဒါ့အပြင် MIUI 8 custom OS ကို အခြေခံထားတဲ့ Android Marshmallow 6.0 ကို အသုံးပြုထားပါတယ်။ ကုမ္ပဏီက Redmi Note 4 ကိုလည်း မကြာသေးမီက မိတ်ဆက်ခဲ့ပြီး Redmi Note 4 ၊ Redmi 4 နဲ့ Redmi 3S စမတ်ဖုန်းတွေက ကုမ္ပဏီရဲ့ ရောင်းအားအကောင်းဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီနှစ်ထဲမှာ အောင်မြင်မှုရရှိခဲ့တဲ့ Xiaomi စမတ်ဖုန်းသုံးမျိုးက အရင်နှစ်က အောင်မြင်ခဲ့တဲ့ စမတ်ဖုန်းတွေရဲ့ စံချိန်ကိုချိုးခဲ့တယ်လို့လည်း ကုမ္ပဏီက ဆိုထားပါတယ်။



#bgr.in

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://web.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com