Xiaomi က စွမ်းဆောင်ရည်မြင့် Mi Series များရဲ့ တန်ဖိုးနည်းဗားရှင်း
များကို ထုတ်လုပ်ရောင်းချပေးလေ့ ရှိပါတယ်။ ၂၀၁၅ ခုနှစ်မှာ Mi 4c နဲ့ ၂၀၁၆
ခုနှစ်မှာ Mi 5c ကိုရောင်းချပေးခဲ့ပါတယ်။ ဒီနှစ်မှာလည်း Mi 6c
ကိုမိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ GFXBench ၀က်ဆိုက်မှ ထွက်ပေါ် လာတဲ့ သတင်းအရ Mi
6c ရဲ့ လျှို့ဝှက်အမည်ကို Jason လို့ ပေးထားပြီး သူ့ရဲ့ Specification
များကို ပြသထားပါတယ်။
XiaomiMi 6c မှာ ၅.၁ လက်မ Full HD Display တပ်ဆင်ထားမှာ ဖြစ်ပါ တယ်။ မကြာခင်ကမှ မိတ်ဆက်ခဲ့တဲ့ Qualcomm Snapdragon 660 Chipset မောင်းနှင်မှာဖြစ်ပြီးOcta-Core 2.2GHz CPU နဲ့ Adreno 512 GPU များပါမှာ ဖြစ်ပါတယ်။ 6GB RAM, 64GB Internal Storage ထည့်သွင်းထားမှာ ဖြစ်ပါတယ်။
Mi 6c ရဲ့ အနောက်ဘက်မှာ 12MP Camera နဲ့ အရှေ့ဘက်မှာ 5MP Camera ပါမှာ ဖြစ်ပါတယ်။ Android 7.1.1 ကို Xiaomi MIUI နဲ့ ပေါင်းစပ် ထားမှာ ဖြစ်ပါတယ်။ Mi 6 မှာတော့ စွမ်းဆောင်ရည်မြင့် Snapdragon 835 Chipset ထည့်သွင်းထားပေမယ့် Mi 6c ရဲ့ Snapdragon 660 က လည်းစွမ်းဆောင်ရည် မြင့်မားတယ်လို့ စမ်းသပ်မှုများအရသိရပါတယ်။ 660 က စွမ်းအင်စားသုံးမှုကိုလည်းလျှော့ချပေးပြီးဘက်ထရီသက်တမ်း ရှည်ကြာစေပါတယ်။
Mi 6c ဟာ Mi 6 ထက် ဈေးအလွန်သက်သာမှာ ဖြစ်ပါတယ်။ 64GB Model ကို ၃၆၀ ဒေါ်လာ ၀န်းကျင်ဖြင့် ရောင်းချနိုင်ပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal