6/02/2017

♪ “မျက်နှာပြင် နှစ်ခုပါမယ့် LG V30” ♫

Image may contain: phone and text

LG က စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများကိုတစ်နှစ်လျှင် နှစ်ကြိမ် မိတ်ဆက်လေ့ရှိပါတယ်။ G Series ကို နွေရာသီနဲ့ V Series ကို ဆောင်းရာသီမှာ ပြသလေ့ရှိပါတယ်။ G Series များကတော့ စွမ်းဆောင်ရည်မြင့် ပင်မစမတ်ဖုန်းများ ဖြစ်ပြီး V Series များကတော့ အပိုမျက်နှာပြင် တစ်ခုပါတဲ့ ဆန်းသစ်တဲ့ စမတ်ဖုန်းများ ဖြစ်ပါတယ်။

အခုလည်းဒီနှစ်မှာမိတ်ဆက်မယ့် LG V30 ရဲ့ ဓါတ်ပုံများပေါက်ကြား ထွက်ပေါ်လာပါတယ်။ Evleaks က ဖော်ထုတ်လိုက်တာ ဖြစ်ပြီးသူ့ရဲ့ လျှို့ဝှက်အမည်ဟာ Project Joan ဖြစ်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းဟာထူးခြားပြီး ဖုန်းရဲ့ အနောက်ဘက်ကနေအပိုမျက်နှာပြင်ကိုအောက်သို့ ဆွဲချ၍ Slide Phone စတိုင် အသုံးပြုရမှာ ဖြစ်ပါတယ်။အပိုမျက်နှာပြင်မှာဆော့ဖ်ဝဲ ကီးဘုတ်၊ အသံခလုတ်များနဲ့ အသုံးပြုမှု အများဆုံး Apps များကို ထားရှိ ပေးထားပါတယ်။ ပင်မမျက်နှာပြင်ဟာဘေးဘောင်မဲ့ ဒီဇိုင်း ဖြစ်တဲ့ အတွက် ရှင်းလင်းလှပပါတယ်။

အပိုမျက်နှာပြင်ကိုဖုန်းရဲ့ အနောက်ဘက်ထဲသို့ လျှိုထားရင်တောင် စကရင်ရဲ့ တစ်စိတ်တစ်ပိုင်းကို မြင်နေရပြီးအချိန်နဲ့ ရာသီဥတုသတင်း များကို ပြသပေးထားပါတယ်။ တစ်နည်းအားဖြင့် အဲဒီစကရင်ကို Always-on Display အဖြစ် ဖန်တီးပေးထားတာ ဖြစ်ပါတယ်။

Evleaks က ယခုဒီဇိုင်းဟာအဟောင်းများ ဖြစ်နိုင်ပြီး LG V30 ဟာ ဒီဇိုင်းအသစ်နဲ့ ပွဲထွက်လာနိုင်တယ် လို့လည်းသတိပေးထားပါတယ်။ iPhone 8 မှာလည်း Slide Phone စတိုင် အပိုမျက်နှာပြင်ပါမယ်လို့ သတင်းထွက်နေပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com