6/13/2017

♪ ဈေးနှုန်းသက်သာတဲ့ - “Singtech Infinity L2” Price - 120,000 Ks ♫

No automatic alt text available.

Gesture စနစ်များသည်လည်း နောက်ဆုံးပေါ်ဖုန်းများတွင် မပါမဖြစ် သော အရာတစ်ခုပါ။ အခု L2 တွင်လည်း Gesture (ဖုန်း၏ App များကို ၀င်တဲ့အခါ ပိုမိုလွယ်ကူစေခြင်း) နည်းပညာပါဝင်အောင် ဆောင်ရွက် ပေးထားပါတယ်။ ဖုန်းများကို ရွေးချယ် ၀ယ်ယူသည့်အခါတွင် အချို့ သောသူတွေက ထုတ်လုပ်ရာနိုင်ငံကို လေ့လာဆန်းစစ်ကြပါတယ်။ Singtech ဖုန်းကတော့ စင်္ကာပူ အမှတ်တံဆိပ်ဖြစ်ပါတယ်။

L2 ဟာ ဆင်းကတ်(၂)ကတ်လည်း ထည့်သွင်းအသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစား ဖြစ်ပါတယ်။ ဒါကြောင့် ဆင်းကတ်နှစ်ကတ်ကိုင်ဆောင်သူများ၊ လုပ်ငန်း နှင့် ကိုယ်ရေးကိုယ်တာခွဲခြား၍ ဖုန်းအသုံးပြုသူများ အဆင်ပြေစေပါ လိမ့်မယ်။ ဖုန်းမျက်နှာပြင်အတွက် IPS Display ကိုအသုံးပြုပေးထား ပါတယ်။ မျက်နှာပြင်အကျယ်အ၀န်းဟာ 5 inches ရှိခြင်းကြောင့် မြင်ကွင်းကျယ်သောဖုန်းဖြစ်ပါတယ်။ ဖုန်းကိုကြည့်ရှုအသုံးပြုသည့်အခါ တွင် ပုံရိပ်ကောင်းများ ခံစားနိုင်စေဖို့ အတွက်လည်း 720×1280 pixels ပမာဏနဲ့ထောက်ပံ့ပေးထားပါတယ်။ ဖုန်းရဲ့အရွယ်အစားပမာဏကတော့ 140×69×7.5 mm ဖြစ်ပါတယ်။ ဘက်ပေါင်းစုံမှ ဓာတ်ပုံရိုက်ကူးနိုင်စေဖို့ အတွက်လည်း ကင်မရာနှစ်မျိုးနှစ်စား ထည့်သွင်းပေးထားပါတယ်။

အဓိက,ကင်မရာသည် 8MP စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 2MP စွမ်းရည်ပါ။ ပြုပြင်ပြောင်းလဲမှုမရှိဘဲနဲ့ ဓာတ်ပုံများကို အလှဆုံးဖန်တီးပေး နိုင်ပါတယ်။ မှတ်ဥာဏ်ပမာဏပိုင်းနှင့်ပတ်သက်၍လည်း RAM ကို 1GB ထည့်သွင်းပေးထားပြီး Internal Storage တွင် 8 GBပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။ USB, WiFi, Bluetooth စနစ်များကိုလည်း ထောက်ပံ့ပေးထား ပါတယ်။ အသုံးပြုနိုင်မယ့် Android Version ကတော့ Lollipop ပါ။ ပါရှိသော CPU ရဲ့စွမ်းရည်မှာ MTK 6735P Quad-core 1.3 GHz ဖြစ်ခြင်းကြောင့် ဖုန်းကိုအသုံးပြုသည့်အခါတွင် လျင်မြန်သော တုံ့ပြန်မှုများကို ပေးစွမ်းပါလိမ့်မယ်။ ဘက်ထရီအမျိုးအစား ကတော့ 2400 mAh ဖြစ်ပါတယ်။

<Specifications>

Network - 2G, 3G, 4G
Screen - 5 inches
Memory - 8 GB
Bluetooth - Yes
CPU - Quad Core 1.3GHz
OS - Android OS,v5.1
Contact - 01-381035

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com