6/13/2017

♪ “Huawei P10” နှင့် “OPPO F3 Plus” တို့ရဲ့အားသာချက်အားနည်းချက်များကို နှိုင်းယှဉ်ကြည့်ရအောင် ♫

Image may contain: phone

Huawei ရဲ့ နောက်ဆုံးပေါ် အဆင့်မြင့်စမတ်ဖုန်းဖြစ်တဲ့ Huawei P10 ကို ကင်မရာစွမ်းအားကောင်းမွန်ပြီး ဒီဇိုင်းပုံစံ လှပသေသပ်တဲ့ flag-ship ဖုန်းတစ်လုံးအဖြစ် ထုတ်လုပ်ပေးခဲ့ပါတယ်။ ဘေးထောင့်တွေက rounded design ဖြစ်တဲ့အတွက် iPhone 6s နဲ့ဆင်တူပြီးတခြား Huawei ဖုန်းတွေ ထက် ကိုင်တွယ်ရတာ ပိုမိုအဆင်ပြေပါတယ်။

အသံအတိုးအကျယ်ခလုတ်နဲ့ ပါဝါခလုတ်တွေက ညာဘက်ဘေးဘောင်မှာ အပေါ်အောက်တည်ရှိနေပေမယ့် ပုံစံချင်း က ကွဲပြားနေတာမို့ မှားနှိပ်မိ မှာလည်း စိုးရိမ်စရာမရှိပါဘူး။ စပီကာပေါက်၊ USB ပေါက်နဲ့ Headphone ပေါက်တွေက အောက်ဘက်မှာ တပ်ဆင်ထားပါတယ်။ ကိုယ်ထည်တစ်ခု လုံးကိုသတ္တုနဲ့ ပြုလုပ်ပေးထားလို့ အကြမ်းခံပြီး တာရှည်လည်း အသုံးပြု နိုင်ပါတယ်။ မျက်နှာပြင်အကျယ်က 5.1 inch ရှိပြီး IPS-NEO LCD capacitive touchscreen Display က 1080 x 1920 pixels အရည် အသွေးရှိတဲ့ မြင်ကွင်းတွေကို ပြသပေးနိုင်ပါတယ်။ ဒါ့အပြင် multitouch စနစ်ကိုလည်းသုံးစွဲနိုင်ပြီး မျက်နှာပြင်ကို အကြမ်းခံနိုင်အောင် Corning Gorilla Glass 5 နဲ့ဖုံးအုပ်ကာကွယ်ထားပါတယ်။ Huawei P10မှာ RAM 4GB ပါရှိတဲ့ HiSilicon Kirin 960 Octa-core (4x2.4GHz Cortex-A73 & 4x1.8GHz Cortex-A53) processor နဲ့ G71 MP8 Graphics Card က အကောင်းဆုံးစက်စွမ်းဆောင်ရည်တွေကို အပြည့်အ၀ထောက်ပံ့ထားလို့ နောက်ဆုံးပေါ် apps တွေနဲ့ ဂိမ်းတွေကိုရုပ်ထွက် ကောင်းကောင်းနဲ့ ကစားနိုင်ပါတယ်။

အထဲမှာ Android OS, v7.0 (Nougat) ကိုအခြေခံထားပြီး အသုံးပြုရတာ အလွန်အဆင်ပြေတဲ့ Emotion UI 5.1 ကို run ပေးထားပါတယ်။ ၎င်း UI က App Drawer မပါရှိတော့ဘဲ App တွေအကုန်လုံးက Home Screen မှာ တည်ရှိနေပါတယ်။ ဒါပေမယ့် App Drawer ကိုမှ အသုံးပြုချင်တယ် ဆိုရင်လည်း Setting ထဲမှာ သွားပြင်ဆင်နိုင်ပြီး Home Screen ကို စိတ်ကြိုက် စီမံခန့်ခွဲနိုင်ပါတယ်။Android ရဲ့နောက်ဆုံးပေါ် version ရဲ့အကောင်းဆုံး features နှစ်ခုဖြစ်တဲ့ Google Assistant နဲ့ Google Daydream တွေကတော့ ပါရှိလာခြင်းမရှိပါဘူး။ ဖုန်းထဲကိုတိုက်ရိုက် upload လုပ်ထားတဲ့ Audio ဖိုင်တွေကိုနားထောင်နိုင်ဖို့အတွက် Music app ပါရှိတဲ့အပြင် Google Play Music ကိုလည်း install လုပ်ပေးပြီးသား ပါပဲ။

အနောက်ကင်မရာက dual primary camera စနစ်ဖြစ်ပြီး 20MP (mono-chrone shooter) +12MP (color shooter) resolution နဲ့ f/2.2 aperture စွမ်းအားတွေကိုပေးစွမ်းနိုင်ပါတယ်။ အရှေ့ selfie ကင်မရာ ကတော့ 8MP နဲ့ f/1.9 aperture စွမ်းအားတွေရှိတာကြောင့် လှပတဲ့ selfie ဓာတ်ပုံတွေကိုရရှိနိုင်ပြီး video call ပြောရတာလည်း အရမ်းအဆင်ပြေ ပါတယ်။ ကင်မရာမှာလည်း လူသုံးများတဲ့ Bokeh effects နဲ့ Beauty Mode ကိုပေါင်းထားပြီး facial tracking စနစ်ပါရှိတဲ့ Lecia Portrait mode အသစ်ကို ထည့်သွင်းပေးထားတာက ဓာတ်ပုံဝါသနာရှင်တွေကို ဆွဲဆောင် ထားနိုင်တဲ့ အချက်တစ်ချက်ပါပဲ။ Huawei P10 မှာ Non-removable Li-Ion 3200mAh battery ကို ထည့်သွင်းထားလို့တော်ရုံတန်ရုံဖုန်းသုံးစွဲသူ တွေအတွက်တော့ လုံလောက်တဲ့ ဘက်ထရီစွမ်းအားပါပဲ။ ဒါ့အပြင် Fast Battery Charging စနစ်ပါရှိလို့ အားသွင်းရတာလည်း မြန်ဆန်မှုရှိပါ တယ်။

ဒါ့အပြင် စက်စွမ်းဆောင်ရည်ပိုင်းမှာလည်း အထူးပြောစရာမလိုအောင် ကောင်းမွန်ပြီး ရုပ်ထွက်တွေကလည်း သဘာဝ ကျကျစိုပြည်တဲ့ အရောင် အသွေးတွေကိုရရှိနိုင်မှာပါ။ GSM, HSPA နဲ့ LTE networks တွေကို ထောက်ပံ့ထားပြီး Single SIM နဲ့ Dual SIM ဆိုတဲ့ version နှစ်မျိုးကို ထုတ်လုပ်ထားပါတယ်။ ထည့်သွင်းသုံးစွဲရမယ့် SIM card အမျိုးအစား ကတော့ Nano SIM ပါ။လိုင်းဆွဲအားကောင်းသလို အင်တာနက်သုံးရ တာလည်း မြန်ဆန်မှု ရှိပါတယ်။ ဆွဲဆောင်မှုရှိတဲ့ဒီဇိုင်းပုံစံနဲ့ လိုက်ဖက်ညီ တဲ့ Mystic Silver, Rose Gold, Graphite Black, Dazzling Gold, Dazzling Blue, Greenery ဆိုတဲ့အရောင်တွေကို ထုတ်လုပ် ပေးထားတာကိုလည်း တွေ့ရပါတယ်။

“OPPO F3 Plus”

OPPO F3 Plus ဖုန်းတွင် ၆ လက်မ အရွယ်အစားရှိ 2.5D Corning Gorilla Glass 5 မျက်နှာပြင်ကို အသုံးပြုထားပါ တယ်။ မျက်နှာပြင်ကို ကာကွယ် နိုင်မည့် screen coating ပါဝင်ပြီး ကြော့ရှင်းသပ်ရပ်သည့် အမြင်နှင့် အကြမ်းခံနိုင်သော အရည် အသွေးများလည်းရှိပါသည်။ F3 Plus တွင် ပြန်လည်ဆန်းသစ်ထားသော antenna ၆ ခု ပါဝင်လာပြီး ယခင်လို အဖြူရောင် antenna lines များ ထူထဲများပြားစွာ မထည့်သွင်းထားပေ။

OPPO ၏ F3 Plus တွင် အကောင်းမွန်ဆုံး selfie ပုံများကို ရိုက်ကူးနိုင်မည့် 16-megapixel အရည်အသွေးရှိသော အရှေ့ကင်မရာပါဝင်လာမည့် အပြင် group selfie ရိုက်ကူးမှုများအတွက် ပိုမိုအဆင်ပြေစေမည့် ၁၂၀ ဒီဂရီ wide-angle lens တပ်ဆင်ထားသည့် ကင်မရာကိုပါ ထည့်သွင်းထား ပါတယ်။ 16-megapixel ရှိ အနောက်ကင်မရာတွင် 1/2.8-inch IMX 398 sensor ပါရှိပြီး အဆိုပါ sensor ကို OPPO နှင့် Sony တို့ ပူးပေါင်း ဖန်တီးထားခြင်းဖြစ်ကာ Dual PDAF နည်းပညာကိုလည်း ပေါင်းစပ် ထည့်သွင်း ထားပါတယ်။ PDAF ဆိုသည်မှာ phase detection autofocus ရဲ့အတိုကောက်ဖြစ်ပြီး ရွေ့လျားနေသော အရာဝတ္တုများကို ကြည်လင် ပြတ်သားသော ပုံရိပ်များရရှိစေရန်အတွက် အလင်းဆုံရပ်ကို အလို အလျောက်အာရုံခံရိုက်ကူးပေးသည့် နည်းပညာတစ်ခုဖြစ်ပါတယ်။

ထို့ကြောင့် focus speed သည် အလင်းရောင်နည်းသော အခြေအနေမျိုး မှာပင် ၄၀ ရာခိုင်နှုန်းပိုမိုမြန်ဆန်သွားပြီး ကြီးမားတဲ့အလင်းဝင်ပေါက် f/1.7 aperture နှင့်လည်း တွဲဖက်ထားခြင်းကြောင့် ကြည်လင်ပြတ်သား၍ ရင်သပ်ရှုမောဖွယ် ကောင်းတဲ့ ပုံရိပ်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ထို့ အပြင် အသုံးပြုသူများအတွက် ပြည့်စုံကောင်းမွန်ပြီး အပြစ်အနာအဆာ မရှိသော selfie ပုံများရိုက်ကူးနိုင်ရန်အတွက် အခြားဖန်တီး ဆန်းသစ်ထား သည့် နည်းပညာများကို ထည့်သွင်းထားပါသေးတယ်။ OPPO ၏ အလှအပဆိုင်ရာ software တစ်ခု ဖြစ်သည့် Beautify 4.0 ကလည်း သုံးစွဲသူများကို မိမိတို့၏ဓာတ်ပုံများ ပိုမိုလှပလာ စေရန်အတွက် beautification mode အမျိုးအစားများစွာနှင့် သင့်လျော်သော effect များစွာကို စိတ်ကြိုက်ရွေးချယ် အသုံးပြုနိုင်စေမည်ဖြစ်သည်။

F3 Plus ဖုန်းတွင် 4GB RAM, 64GB ROM ပါဝင်သော octa-core processor နဲ့ ဖန်တီးထုတ်လုပ်ထားပါတယ်။ Nano SIM card နှစ်ခု သို့မဟုတ် Nano SIM card တစ်ခုနှင့် Micro SD card တစ်ခုအတွက် Double-Slot card tray ပါဝင်ပြီး storage အနေဖြင့် 256GB ထိ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဆင့်မြင့် ColorOS 3.0 ပါဝင် သောကြောင့် အသုံးပြုရာ တွင် မြန်ဆန်စေပြီး စွမ်းအင်အသုံးပြုမှုကိုလည်း လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ ဖုန်း၏ လုံခြုံရေးစနစ်အနေဖြင့် Avast-based virus scanner ကို ထည့်သွင်း ပေးထားပါတယ်။နေ့စဉ် အသုံးပြု ရာတွင် ပိုမိုကြာမြင့်စွာအသုံးပြုနိုင်ခြင်းမှာလည်း OPPO ၏ အဓိက ထူးခြားချက်ပင်ဖြစ်ပါတယ်။ 4000 mAh ရှိသော ဘက်ထရီပါဝင်ခြင်း ကြောင့် F3 Plus ကို ၂၈၄ နာရီကျော်ကြာ standby ထားရှိနိုင်မည်ဖြစ် ပါတယ်။ OPPO ၏ ကိုယ်ပိုင်နည်းပညာတစ်ခုဖြစ်သော VOOC Charging Solution ကြောင့် အားသွင်းရာတွင် သာမန်ဘက်ထရီများထက် လေးဆ ပိုမိုမြန်ဆန်မည်ဖြစ်ပြီး ၅ မိနစ်ခန့် အားသွင်း လိုက်ရုံဖြင့် ၂ နာရီကြာ ဖုန်းပြောနိုင်မှာဖြစ်ပါတယ်

လုံခြုံစိတ်ချရမှုသည်လည်း OPPO ၏ ဦးစားပေးချက်တစ်ခုပင် ဖြစ်ပါ တယ်။ F3 Plus ၏ Lightning-Fast Touch Access နည်းပညာသည် ဈေးကွက်အတွင်းရှိဖုန်းများထဲတွင် အမြန်ဆုံးဖုန်းတစ်လုံးအနေနှင့် အငြင်းပွားဖွယ်ရှိမည်မဟုတ်ပါ။ Home-button တွင်ပါဝင်သော finger print reader က ဖုန်းဖွင့်ရန်အတွက် ၀.၂ စက္ကန့်သာ ကြာမြင့်မှာဖြစ် ပါတယ်။ လက်ဗွေ အသုံးပြု၍ ဖုန်းခေါ်ဆိုခြင်းနှင့် App Launch Function တို့ပါဝင်ခြင်းကြောင့် Fingerprint reader ကို အသုံးပြုရာတွင် ပို၍လွယ်ကူ စေမှာဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com