6/07/2017

♪ " Nokia 3, 5 နဲ့ 6 မှာ Android O ရရှိနိုင်မည် " ♫

Image may contain: phone

HMD global ရဲ့ ထုတ်ပြန်ချက်အရ အိန္ဒိယမှာ မကြာခင် ရောင်းချတော့မယ့် Nokia 3, 5 နဲ့ 6 အစရှိတဲ့ စမတ်ဖုန်းတွေမှာ Android နောက်ဆုံးဗားရှင်းဖြစ်တဲ့ Android O ရရှိနိုင်မယ်လို့ သိရပါတယ်။ Nokia စမတ်ဖုန်းတွေအပြင် 2017 ခုနှစ်အတွင်း ထွက်ရှိခဲ့သမျှ စမတ်ဖုန်းအားလုံးကလည်း Android O ထွက်ရှိပြီဆိုတာနဲ့ ချက်ချင်း upgrade ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

HMD global ရဲ့ တာဝန်ရှိသူက " google က သူ့ရဲ့ OEM ပါတနာတွေ အကုန်လုံးအတွက် Android O ကို ပေးသုံးသွားမှာပါ " လို့ ပြောပါတယ်။ Android O ဆိုတာကတော့ android ဖုန်းတွေအတွက် ထွက်ရှိလာမယ့် ဆော့ဖ်ဝဲ update ဖြစ်ပြီး Android Oreo ဆိုတဲ့နာမည်နဲ့ 2017 တတိယသုံးလပတ်ထဲမှာ ထွက်ရှိလာမယ်လို့ မျှော်မှန်းရပါတယ်။ အကယ်၍ သင့်ရဲ့စမတ်ဖုန်းက Android Lollipop 5.0 အောက်ဆိုရင်တော့ Android Oreo ကို upgrade လုပ်နိုင်မှာ မဟုတ်ပါဘူး။ Android 6.0 Marshmallow နဲ့ နောက်ပိုင်းထွက်ရှိလာတဲ့ စမတ်ဖုန်းတွေကတော့ Oreo ကိုရရှိနိုင်ပါတယ်။

Nokia 3, 5 နဲ့ 6 တို့ကို လာမယ့် ဇွန်လ 13 ရက်နေ့ အိန္ဒိယမှာ စတင်ရောင်းချမှာဖြစ်ပြီး Nokia 3 ကို အမေရိကန်ဒေါ်လာ 155 ဝန်းကျင်၊ Nokia 5 ကို အမေရိကန်ဒေါ်လာ 200 ဝန်းကျင်နဲ့ Nokia 6 ကိုတော့ အမေရိကန်ဒေါ်လာ 248 ဝန်းကျင်သတ်မှတ်ရောင်းချမယ်လို့ သိရပါတယ်။



သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com