6/07/2017

♪ “6GB RAM နဲ့ Gionee ရဲ့ M6s Plus စမတ်ဖုန်း” ♫

No automatic alt text available.

တရုတ်နိုင်ငံအခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူ Gionee ဟာ သူတို့ ကုမ္ပဏီရဲ့ မျိုးဆက်သစ်စမတ်ဖုန်းဖြစ်တဲ့ M6s Plus ကို 6GB RAM နဲ့ထုတ်လုပ်ထားပါတယ်။ နောက်ဆုံးပေါ်စမတ်ဖုန်းဖြစ်တာနဲ့အညီ လုပ်ဆောင်ချက်တွေကလည်းကောင်းမွန်ပြီး လက်ရှိအချိန်မှာ လူကြိုက် များစေမယ့် ဘက်ထရီစွမ်းဆောင်ချက်တွေ ကင်မရာစွမ်းဆောင်နိုင်မှုတွေ ကို မြင်တွေ့ခဲ့ရပါတယ်။ M Series တွေဟာ ဘက်ထရီသက်တမ်းတာရှည် ခံနိုင်ဖို့ကို ဦးတည်ထုတ်လုပ်ထားတာဖြစ်ပြီး ယခုဖုန်းမှာတော့ 6020mAh စွမ်းအား ကို ပေးစွမ်းထားပါတယ်။ အစောပိုင်း M Series မှာတုန်းက Dual Battery Cell အမျိုးအစားကိုအသုံးပြုခဲ့ပြီး၊ မျိုးဆက်သစ်ဖုန်း မှာတော့ ပိုမိုကောင်းမွန်တဲ့ဘက်ထရီစနစ်ကို စတင်သုံးစွဲလာပါတယ်။ ဖုန်းရဲ့ ဘက်ထရီသက်တမ်းဟာ အသင့်အနေအထား အတွက် ၃၄ ရက် တိတိတာရှည်ခံနိုင်စွမ်းရှိပြီး အမြဲမပြတ်ဂိမ်းဆော့တာ တီဗီကြည့်တာတွေ ကိုပြုလုပ်နေသူတွေအတွက်ကတော့ ၂ ရက်ကြာခံနိုင်စွမ်းရှိမှာဖြစ်ပါ တယ်။ ဘက်ထရီအားသွင်းတဲ့စနစ်ကလည်း မြန်ဆန်ပြီး သူ့ရဲ့အားသွင်း တဲ့စနစ်ဟာ ၁၁၇မိနစ်ကြာ အားသွင်းရုံနဲ့ ၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းစွမ်းအား ကိုရရှိစေမှာဖြစ်ပါတယ်။ စမတ်ပါဝါနည်းပညာကို သုံးစွဲထားတာ ကြောင့် M6s Plus စမတ်ဖုန်းဟာ အခြားမိုဘိုင်းဖုန်း ၂ လုံး ကိုပါ တစ်ပြိုင်နက်တည်း အားပြန်လည်ဖြည့်သွင်းပေးနိုင်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းကလည်း Gionee အနေနဲ့ အရွယ်ကြီးစမတ်ဖုန်း များဖြစ်တဲ့ Gionee M6 နဲ့ Gionee M6 Plus တို့ကိုမိတ်ဆက်ပေးထား ပါသေးတယ်။

Gionee M6 ကတော့ Plus ထက် အရွယ်သေးငယ်ပြီး ၅.၅ လက်မ AMOLED Display တပ်ဆင်ထားပါတယ်။ 5000mAh Battery က အသုံးခံ ပါတယ်။ 4GB RAM ထည့်သွင်းထားပြီး 32GB, 64GB or 128GB Storage များရွေးချယ်နိုင်ပါတယ်။ Octa-Core 1.8GHz Processor, 13MP Main Camera, Dual-LED Flash, Fingerprint Reader များတပ်ဆင်ထားပါ တယ်။ Gionee M6 Plus မှာတော့ ၆ လက်မ AMOLED Full HD Display တပ်ဆင်ထားပါတယ်။ အလွန်အသုံးခံတဲ့ 6020 mAh Battery တပ်ဆင် ထားပါတယ်။ စမတ်ဖုန်း ၂လုံးစလုံးမှာ အခြား စမတ်ဖုန်းများကို အားပြန်သွင်း ပေးနိုင်တဲ့ Reverse Charging နည်းပညာပါပါတယ်။ M6 Plus မှာ အနည်းငယ်ပိုမိုလျင်မြန်တဲ့ Chipset ပါပြီး Octa-Core 2GHz Processor ဖြစ်ပါတယ်။ 4GB RAM, 64GB Internal Storage တပ်ဆင် ထားပါတယ်။ ထူးခြားတာက Security Chip သီးခြား ပါရှိပြီး သင့် ဒေတာများကိုအလွှာ ၁၀ထပ်ဖြင့် ကာကွယ်ပေးထားပါတယ်။ M6s Plus ဟာ အာရှနိုင်ငံတွေအတွက်ဦးတည်ပြီး ထုတ်လုပ်လိုက်တဲ့ စမတ်ဖုန်း ဖြစ်တာကြောင့် မိုဘိုင်းကွန်ရက်ပေါင်းများစွာတွင် ၀င်ရောက်သုံးစွဲ နိုင်မှာဖြစ်ပါတယ်။ M6s Plus ရဲ့ နောက်ထပ်လုပ်ဆောင်ချက်ကတော့ Smart Power Consumption ဖြစ်ပြီး ဖုန်းရဲ့မလိုအပ်တဲ့ Application သုံးစွဲမှုတွေ Data သုံးစွဲမှုတွေကို လျှော့ချပေးမှာဖြစ်ပါတယ်။ Extreme Mode ကိုသာသုံးစွဲမယ်ဆိုရင် ဘက်ထရီ ၅ ရာခိုင်နှုန်းရှိနေတဲ့အခြေအနေ ဟာ အသင့်အနေအထား အတွက် ၆၂ နာရီကြာခံနိုင်ရည်စွမ်းရှိမှာဖြစ်ပါ တယ်။

<1080p HD မျက်နှာပြင်ဖော်ပြနိုင်စွမ်း>

စမတ်ဖုန်းတစ်လုံးအတွက်မျက်နှာပြင် ဖော်ပြနိုင်စွမ်းဟာ အရေးကြီး လှပါတယ်။ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်ဖော်ပြနိုင်စွမ်းရရှိမှသာ ဂိမ်းတွေ ဆော့ကစားတာ၊ ရုပ်ရှင်ကားတွေကြည့်တဲ့အချိန်မှာ စိတ်ချမ်းသာစေမှာပါ။ ဒါကြောင့် M6s Plus ရဲ့ မျက်နှာပြင်ပုံရိပ်ဖော်ပြမှုကို အကောင်းဆုံး စွမ်းဆောင်ပေးနိုင်မယ့် HD (1080 × 1920 pixels) ကိုပေးစွမ်းထား ပါတယ်။ Display ကတော့ AMOLED ဖြစ်ပြီး ၆.၀လက်မမျက်နှာပြင်မှာ ပုံရိပ်တွေကိုအသေးစိတ်မြင်တွေ့နိုင်ဖို့ 368ppi နဲ့ ထောက်ပံ့ပေးထားပါ တယ်။ Black screen အပြည့်သုံးစွဲတာဖြစ်ပြီး ၆လက်မအပြည့်ကိုသုံးစွဲနိုင် မှာဖြစ်ပါတယ်။ အလင်းရောင်တိုက်ရိုက်ကျတဲ့ နေရောင်ထဲမှာ ဖုန်းကို အသုံးပြုရင်တောင်မှမြင်ကွင်းတွေကို အနှောင့်အယှက်မဖြစ်ဘဲ ကြည့်နိုင် ပါလိမ့်မယ်။ Display ပိုင်းကို ကြည့်လိုက်မယ်ဆိုရင် အခြားဖုန်းတွေနဲ့ ယှဉ်လိုက် တဲ့အခါမှာ M6s Plus ဟာ ၇၇.၅% နှုန်းလောက်ကိုပိုင်ဆိုင် စေမှာပါ။

<12MP ကင်မရာနဲ့ Selfie အတွက် 8MP>

အခုဆိုရင် ဖုန်းများရဲ့ထပ်တိုးလုပ်ဆောင်ချက်တွေထဲမှာ ကင်မရာကိုပါ ထည့်သွင်းလာကြပါပြီ။ စမတ်ဖုန်းကိုနေရာအစုံ ယူဆောင်သွားလို့ရနိုင် တာကြောင့် ကင်မရာဟာအပျော်တမ်းဓာတ်ပုံရိုက်လို့ရတဲ့ အသေးစား ကင်မရာလောက်တော့ ကောင်းဖို့ လိုအပ်ပါတယ်။ အဓိကကင်မရာဟာ 12MP ဖြစ်ပြီး၊အရှေ့ဘက်ကင်မရာကိုတော့ 8MP အထိတပ်ဆင်ပေးထား ပါတယ်။ အနောက်ဘက်ကင်မရာမှာ dual-led flash တပ်ဆင်ပေးထားမှုနဲ့ image plus သုံးစွဲနိုင်မှုကလွဲလို့ ကင်မရာရဲ့အခြားလုပ်ဆောင်ချက် တွေအနေနဲ့ 1.4 µm pixel size, geo-tagging, touch focus, face/smile detection, panorama, HDR တို့ပါဝင်တယ်။ လက်ဗွေဖတ်စနစ်ကိုတော့ အခုနောက်ပိုင်းစမတ်ဖုန်းအများစုမှာ ထည့်သွင်းပေးထားသလိုမျိုး ဖုန်းနောက်ကျောကင်မရာရဲ့ အောက်ဘက်မှာ တပ်ဆင်ပေးထားပါတယ်။ လက်ဗွေရာတွေကို ဖတ်ရှုနိုင်စွမ်း လုံးဝသွက်လက်နေမှာဖြစ်ပြီး 0.1s သာကြာမြင့် မယ်လို့ ဆိုပါတယ်။ လက် ၅ ချောင်းထိသိမ်းဆည်း ထားနိုင် စွမ်းရှိလာမှာပါ။

<သိမ်းဆည်းနိုင်စွမ်းနဲ့စွမ်းဆောင်ရည်>

စမတ်ဖုန်းတစ်လုံး (သို့)မိုဘိုင်း device တစ်ခုအတွက် လုပ်ဆောင်နိုင်စွမ်း တွေကို လွယ်လင့်တကူနေရာဒေသမရွေး သုံးစွဲနိုင်စေအောင် ကူညီပေး မှာကတော့ သူ့မှာထည့်သွင်းတည်ဆောက်ထားတဲ့ Hard-ware ပါပဲ။ Gionee M6s Plus မှာ Octa-core 64bit ပရိုဆက်ဆာကို သုံးစွဲနိုင်မှာဖြစ် ပါတယ်။ RAM ကတော့ 6GB ထောက်ပံ့ပေးထားပါတယ်။ အချက်အလက် တွေ သိုလှောင်သိမ်းဆည်းထားနိုင်ဖို့အတွက်က 64GB နဲ့ 256GB ဆိုပြီး version နှစ်မျိုး ထွက်ရှိမှာဖြစ်ကာ 64GB ကို ဒေါ်လာ (၅၀၀)နဲ့ 256GB ကို ဒေါ်လာ (၆၀၀)ကျော် ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။ ဖုန်းရဲ့ သိုလှောင်နိုင်စွမ်းကို ထပ်မံလိုအပ်တယ် ဆိုရင်တော့ SD card သုံးပြီး တော့ 256GB လက်ခံနိုင်စွမ်းရှိမှာဖြစ် ပါတယ်။ 1.95GHz အမြန်နှုန်းရှိမယ့် Qualcomm Snapdragon 653 ပရိုဆက်ဆာနဲ့အတူ ဂရပ်ဖစ်ပိုင်း အတွက်တော့ Adreno 510 နဲ့ တွက်ဖက်ထားပါတယ်။ ကင်မရာလုပ် ဆောင်ချက်တွေနဲ့ ဂိမ်းဆိုင်ရာတွေအတွက် မြန်ဆန်စွာအသုံးချနိုင်မှာပါ။

<ဖုန်းမှာမောင်းနှင်ပေးမယ့် OS>

တရုတ်နိုင်ငံထုတ် စမတ်ဖုန်းတွေမှာ ထူးခြားချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ ဖုန်းရဲ့ UI နဲ့ပတ်သက်လို့ သူမတူတဲ့ ပုံစံနဲ့ ထုတ်လုပ်တာပါ။ အနီးစပ်ဆုံးပြောရမယ်ဆို အခြားထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ OPPO ဆိုရင်သူရဲ့ကိုယ်ပိုင်ဆန်းသစ်ထားတဲ့ Color OS မှာ gesture mode တွေသုံးနိုင်အောင်ပြုလုပ်ပေးထားပါတယ်။ Xiaomi ဆိုရင်လည်း MIUI ဟာ iOS နဲ့အလား သဏ္ဌာန်တူတယ်လို့ဆိုပါတယ်။ အခု Gionee ကလည်း သူ့ဆီကထုတ်တဲ့ ဖုန်းတွေမှာသုံးနေကျအတိုင်း Amigo ကိုထည့်သွင်း ထားပါတယ်။ ဒီအခါမှာတော့ Android 6.0 (Marshmallow) ပြောင်းသွား ပြီဖြစ်တာကြောင့် 3.5UI ကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။ Accelerometer, gyro, proximity, compass ဆိုတဲ့ sensor လေးမျိုးကိုသုံးနိုင်မှာဖြစ်ပြီး fingerprint အသစ်ရဲ့ ထောက်ပံ့ ပေးမှုတွေကို သုံးနိုင်မှာပါ။ UI အသစ် မှာလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်တွေကိုပါထောက်ပံ့ပေးလာမှာပါ။ တရုတ်နိုင်ငံတွင်း မှာသာ အသုံးပြုနိုင်မယ့် Business ပိုင်းနဲ့ သက်ဆိုင်တဲ့ app တွေကိုသုံးစွဲနိုင်ပါလိမ့်မယ်။

<ဘက်ထရီစွမ်းအားနဲ့ ကွန်ရက်ချိတ်ဆက်မှု>

6020mAh ဘက်ထရီစွမ်းအားကိုသုံးစွဲနိုင်မှာဖြစ်ပြီး ဆက်တိုက်ပြောဆိုနိုင် စွမ်းကတော 51 h(3G) နဲ့ အသင့်အနေ အထားကတော့ 843h(3G) ဖြစ်ပါတယ်။ ကွန်ရက်ချိတ်ဆက်နိုင်စွမ်းကတော့ နောက်ဆုံးပေါ် ဖုန်းဖြစ် မှုနဲ့အတူ 4G LTE ကွန်ရက်မှာ သုံးစွဲနိုင်ပါလိမ့်မယ်။ အချက်အလက်တွေ ဝေမျှသုံးစွဲနိုင်စေဖို့အတွက်တော့ bluetooth 4.0, wi-fi တို့ကိုသုံးစွဲနိုင်ပါ လိမ့်မယ်။ အခြားချိတ်ဆက်မှုတွေအနေနဲ့ USB-type C,USB host တို့ကို သုံးနိုင်မှာပါ။ Gionee အနေနဲ့ အသစ်ထွက်ရှိလာတဲ့ စမတ်ဖုန်းတွေ အတွက် ဘက်ထရီလုပ်ဆောင်ချက်ကို အကောင်းဆုံးပြင်ဆင်မွမ်းမံ လာပါတယ်။ ဒါကတော့ ဘက်ထရီကို ပြန် လည်အားဖြည့်သွင်းတဲ့အခါမှာ မြန်ဆန်စွာ အားပြည့်သွားစေမယ့် Quick Charge 3.0 နည်းပညာနဲ့အတူ၊ ဘက်ထရီ စွမ်းအားကို အလုံးစုံချွေတာနိုင်စွမ်းရှိမယ့် smart consumption management ကို သုံးစွဲနိုင်မှာဖြစ်ပါတယ်။ Double charging chip ကို သုံး ထားတာဖြစ်ပြီးမြန်ဆန်သွက်လက်မှုအပြင်၊ လုံခြုံမှုကိုပါပေးစွမ်းမှာဖြစ်ပါတယ်။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com