6/14/2017

♪ Meizu ရဲ့အသစ်ထွက်လာမယ် စမတ်ဖုန်း “Meizu M5c” ♫

Image may contain: phone

Meizu ဟာ ဖုန်းအသစ်တစ်လုံးကို မကြာမီဈေးကွက်အတွင်း ရောင်းချပေးပါတော့မယ်။ ဖုန်းအသစ်မှာ M5c ဖြစ်ပြီး Multi touch စနစ်တွင် Flyme 6 ကို အသုံးပြုနိုင်ပါမယ်။ ထို့ကြောင့် Application များကို အသုံးပြုတဲ့အခါတွင် ကောင်း မွန်သည့်တုံ့ပြန်မှုများရှိမှာဖြစ်ပြီး ဖုန်းအားသုံးစွဲမှုအပိုင်းတွင်လည်း သက်သာစေပါလိမ့်မယ်။

M5c ရဲ့ ဖုန်းကိုယ်ထည်အထူပမာဏ ဟာ 8.3mm သာ ရှိမှာဖြစ်ပြီး အလေးချိန်မှာ 135g ခန့်ရှိပါလိမ့်မယ်။ ဆင်းကတ်နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်မယ့် ဖုန်းအမျိုး အစားဖြစ်ကာ ထည့်သွင်းသုံးစွဲရမယ့်ဆင်းကတ်ကတော့ Nano SIM ဖြစ်ပါတယ်။ IPS LCD capacitive touchscreen ရဲ့ အကျယ်အ၀န်း ပမာဏကတော့ 5 inches ရှိပါတယ်။ ဖုန်းကိုအသုံးပြုတဲ့အခါမှာ ကြည်လင်ရှင်းသန့်သောပုံရိပ်များကို ခံစား ကြည့်ရှုရမှာဖြစ်ပြီး၊ ဖုန်းရဲ့ မျက်နှာပြင်ဟာ နေ့အခါတွင်အလင်းရောင်ထုတ်လွှတ်မှုပိုင်းနဲ့ပတ်သက်၍ အလိုအလျောက် ထိန်းညှိ ပေးမှာဖြစ်ပြီး ညဘက်အသုံးပြုတဲ့အခါတွင် လည်း မျက်လုံးထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးပါလိမ့်မယ်။

အဓိက,ကင်မရာဟာ 8MP, f/2.0 စွမ်းရည်ရှိမှာဖြစ်ပြီး၊ ရှေ့ကင်မရာ ငယ်ကတော့ 5MP စွမ်းရည်ဖြစ် ပါတယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ဟာ 2GB ပါရှိမှာဖြစ်ပြီး၊ Internal Storage တွင် 16GB ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။ Network သုံးစွဲမှုအပိုင်းအတွက် လည်း အကောင်းမွန် ဆုံးဖြစ်အောင် ထောက်ပံ့ပေးနိုင်မယ့်ဟန်းဆက်ပါ


အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားကတော့ 3000mAh ဖြစ်ပါတယ်။ Meizu M5c ကို အနက်၊ အ ပြာ၊ အနီ၊ ရွှေနှင့် ပန်းရောင် (Rose Gold) ဆိုပြီး အရောင် ၅ မျိုးနဲ့ ထုတ်လုပ်ရောင်းချပါမယ်။


<Specifications>

Network - GSM/HSPA/LTE
CPU - Quad-core 1.3GHz
Memory - 16GB
OS - Android OS, v6.0
Bluetooth - v4.0, A2DP, LE

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com