6/14/2017

♪ ဆုပေါင်း (၂၀) ကျော်ရထားတဲ့ Framed Mobile ဂိမ်းကို အခမဲ့ down ယူနိုင်မယ့်အခွင့်ရေး ♫

https://i1.wp.com/digitaltimes.com.mm/wp-content/uploads/2017/06/wwwgg.jpg?fit=800%2C450&ssl=1

Framed ဆိုတာ (၂၀၁၄) ခုနှစ်ကတည်းက Android အတွက် iOS အတွက်ပါ ထွက်ရှိခဲ့တဲ့ လူကြိုက်များတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ noir-styled puzzle ဂိမ်းအမျိုးအစားဖြစ်ပြီး လွဲမှားနေတဲ့ ဖြစ်ရပ်တွေကို အစီအစဉ်တကျ ပြန်လည် မှန်ကန်စေရမှာဖြစ်ပါတယ်။

ပုံမှန်အတိုင်းထားလို့ ဒုက္ခရောက်တော့မယ် အခြေအနေတစ်ခုကို ပြောင်းလဲပစ်ဖို့အတွက် အစီအစဉ်တွေကို အရှေ့အနောက် အချိန်ကိုက် ရွေ့ပြောင်းပစ်ရမှာပါ။ ဒီဂိမ်းဟာ စထွက်ကတည်းကနေ အခုထိ အသံပိုင်းဆိုင်ရာ၊ ဇာတ်လမ်းဇာတ်ကွက်ပိုင်းဆိုင်ရာ၊ Animation ပိုင်းဆိုင်ရာ စတဲ့ ဆုပေါင်း (၂၀) ကျော်ရရှိထားတာဖြစ်ပြီး Apple App Store ပေါ်မှာရော Google Play Store ပေါ်မှာမှာ (၂.၉၉) ဒေါ်လာနဲ့ ဝယ်ယူရမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအချို့က User တွေအနေနဲ့ သတိမထားမိဘဲ အလှမ်းဝေးနေတာဖြစ်ပါတယ်။

ခုအချိန်အခါကတော့ iOS user တွေအတွက် ကံကောင်းမှုတစ်ခုအနေနဲ့ ဒီဂိမ်းကို အခမဲ့ရယူနိုင်မယ့် အခွင့်အရေးတစ်ခုရရှိနေပြီဖြစ်ပါတယ်။ ဒီအခွင့်အရေးကတော့ ဒီဂိမ်းကို လာမယ့် ကြာသပတေးနေ့မရောက်ခင်အထိ App Store ပေါ်ကနေ အခမဲ့ ရယူနိုင်မှာဖြစ်ပါတယ်။ ကြာသပတေးနေ့ရောက်ရင်တော့ အရင်အတိုင်း ပိုက်ဆံနဲ့ပြန်လည်ဝယ်ယူရမှာဖြစ်ပါတယ်။

ဂိမ်းပုံစံကိုမရင်းနှီးသေးတဲ့သူတွေလေ့လာနိုင်ဖို့ teaser video လေးကိုဖော်ပြပေးလိုက်ပါတယ်။





Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com