6/02/2017

♪ “Lenovo A2020” အကြောင်းအသေးစိတ်ဖော်ပြချက်များ ♫

Image may contain: 1 person, text

ဟန်းဆက်များဝယ်ယူအသုံးပြုသည့်အခါတွင် အချို့သောသူများဟာ တန်ဖိုးကြီးဟန်းဆက်များကို ကြိုက်နှစ်သက်ပြီး ထွက်သမျှသော ဟန်းဆက်သစ်များကို လဲလှယ်ကိုင်ဆောင်အသုံးပြုကြပါတယ်။ သို့သော် လူတိုင်းဟာ ဟန်းဆက်ကောင်းများကို အသုံးမပြုနိုင်ကြပါဘူး။ မိမိရဲ့ လစဉ်ဝင်ငွေပေါ်မူတည်၍သာ သင့်တော်သောဟန်းဆက်ကို ရွေးချယ် ၀ယ်ယူအသုံးပြုနိုင်ကြပါတယ်။ အချို့သော အခြေခံလူတန်းစားများ အတွက် တစ်သိန်းဝန်းကျင်ရှိသော ဟန်းဆက်များဟာ အဓိကအားထား အသုံးပြုရာ ဖြစ်ပြီး အချို့သော သူများမှာတော့ သောင်းဂဏန်းဝန်းကျင် ရှိသော ဟန်းဆက်များကိုသာ ကိုင်ဆောင်အသုံးပြုနိုင်ကြပါတယ်။

သက်ဆိုင်ရာ ဖုန်းကုမ္ပဏီများဟာ ဈေးကွက်ဝေစုပိုမိုရရှိစေရန်အတွက် လူတန်းစားမျိုးစုံ ၀ယ်ယူနိုင်မယ့် ဟန်းဆက်များကို ထုတ်လုပ်ရောင်းချ ကြပါတယ်။ ဈေးနှုန်းမျိုးစုံရှိသော ဟန်းဆက်များကို Lenovo မှ ထုတ်လုပ် ရောင်းချပေးထားပြီး အချို့ဖုန်းများဟာ တစ်သိန်းခွဲဝန်းကျင်ရှိကာ အချို့ဖုန်းများကတော့ တစ်သိန်းဝန်းကျင်သာရှိပါတယ်။ Lenovo ရဲ့ ယခုဟန်းဆက်ဖြစ်သော A2020 ဟာ စွမ်းရည်သင့်တင့်ပြီး ဈေးနှုန်းပိုင်း လည်း သက်သာပါတယ်။ ဖုန်းရဲ့ပုံသဏ္ဌာန်ကတော့ လေးထောင့်ကျကျ ဖြစ်ပြီး ထောင့်စွန်းများတွင် အ၀န်းအ၀ိုက်ပုံစံတည်ရှိပါတယ်။

ဖုန်းရဲ့အဓိကကင်မရာအား အနောက်ဘက် ဘေးထောင့်တွင် အ၀ိုင်းပုံစံ တပ်ဆင်ပေးထားပြီး ကင်မရာ၏ဘေးတွင် Flash Light ပါရှိပါတယ်။ ဖုန်းရဲ့အလေးချိန်ဟာ 127 g ရှိပြီး ဖုန်းကိုယ်ထည်အရွယ်အစားကတော့ 14.5 × 9× 5 cm ရှိတာကြောင့် အချို့သောသုံးသပ်ချက်များတွင် အနည်းငယ်လေးသောဖုန်းဟု သတ်မှတ်ထားပါတယ်။ ဖုန်းရဲ့ မျက်နှာပြင် အကျယ်အ၀န်းဟာ 5 inches ရှိတာကြောင့် အရမ်းမကျဉ်းမကျယ်သော အနေအထားဖြစ်ပါတယ်။ အဆိုပါ Screen Size အရွယ်အစားကို လူအများစုက ကြိုက်နှစ်သက်ကြပါတယ်။ ဖုန်းကိုင်ဆောင်အသုံးပြုသည့် အခါတွင် လက်ထဲတွင် ကျစ်ကျစ်လျစ်လျစ် ရှိသောကြောင့်ဖြစ်ပါတယ်။


ဖုန်းရဲ့မြင်ကွင်းစွမ်းရည်အပိုင်းတွင် 480 × 854 pixels ပမာဏနဲ့ ထောက်ပံ့ပေးထားပြီး မျက်နှာပြင်အမျိုးအစားကတော့ TFT LCD ဖြစ်ပါတယ်။ Multitiouch စနစ်ထောက်ပံ့ပေးထား သောဖုန်းဖြစ်ပြီး Sim Card အသုံးပြုမှုအပိုင်းတွင်လည်း အဆင်ပြေစေမယ့် ဟန်းဆက်ပါ။ Dual Sim ဟန်းဆက်အမျိုးအစားဖြစ်ခြင်းကြောင့် Sim Card များစွာ ကိုင်ဆောင်အသုံးပြုနေသူများ အဆင်ပြေစေမှာဖြစ်ပြီး အလုပ်ကိစ္စ၊ ကိုယ်ရေးကိုယ်တာနှင့် Internet အသုံးပြုခြင်းများကို ခွဲခြား သုံးစွဲနိုင် ပါမယ်။ ထည့်သွင်းသုံးစွဲရမယ့် Sim Card အမျိုးအစားကတော့ Microsim ပါ။ ကင်မရာနှစ်မျိုးနှစ်စား တပ်ဆင်ပေးထားပြီး ထည့်သွင်းပေးထားသော ကင်မရာများဟာ သင့်တင့်သောစွမ်းရည်သာရှိပါတယ်။

အဓိကကင်မရာဟာ 5MP စွမ်းရည် ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 2MP စွမ်းရည်ဖြစ်ပါတယ်။ အသုံးပြုနိုင်မယ့် OS အမျိုးအစားကတော့ လူသုံးများသော Android ဖြစ်ပါတယ်။ သုံးစွဲနိုင်မယ့် Version ဟာ Lollipop ပါ။ ဖုန်းအသုံးပြုတဲ့အခါတွင် ကောင်းမွန်မြန်ဆန်သော တုံ့ပြန်မှုများ ပေးစွမ်းနိုင်စေရန်အတွက် ထည့်သွင်းပေးထားသော CPU အမျိုးအစားကတော့ Quad-core 1.1GHz ဖြစ်ပါတယ်။ မှတ်ဥာဏ်ပမာဏ အပိုင်းတွင် RAM ဟာ 1GB ပါရှိမှာဖြစ်ပြီး Internal Storage အနေဖြင့် ဖြန့်ချိရောင်းချရာ ဒေသပေါ်မူတည်၍ 8GB နှင့် 16GB ဆိုပြီး ကွဲပြားပါ မယ်။ မှတ်ဥာဏ်ပမာဏအပိုင်းနှင့်ပတ်သက်၍လည်း အချို့သောသုံးစွဲသူ များဟာ ဖုန်းတွင်ပါရှိသော မှတ်ဥာဏ် ပမာဏထက်ပိုသော အချက်အလက်များကို ထည့်သွင်းသုံးစွဲချင်ကြပါတယ်။ ထို့ကြောင့် သက်ဆိုင်ရာ ဖုန်းကုမ္ပဏီများဟာ ROM ပမာဏများပြားသော ဖုန်းများကို ထုတ်လုပ်ရောင်းချကြပြီး Cardslot စနစ်အပိုင်းတွင်လည်း အများဆုံး တိုးချဲ့နိုင်အောင် ဆောင်ရွက်ပေးလာကြပါတယ်။


Lenovo ရဲ့ ယခုဖုန်း တွင်လည်း အချက်အလက်များစွာသိမ်းဆည်း နိုင်အောင် လုပ်ဆောင် ပေးထားပါတယ်။ ဖုန်းတွင်းမှတ်ဥာဏ်ပမာဏနဲ့ မလုံလောက်သူများ အတွက် Cardslot စနစ်ပါရှိပြီး သုံးစွဲသူများအနေဖြင့် SD Card မှတစ်ဆင့် 32GB အထိ ချဲ့ထွင် အသုံးပြုနိုင်ပါမယ်။ Accelerometer, Light Sensor, G Sensor စနစ်များလည်းပါရှိပါတယ်။ အားသွင်းအသုံးပြုနိုင်မယ့် ဘက်ထရီအမျိုးအစားကတော့ Li-Ion 2300mAh ဖြစ်ပါတယ်။ အဆိုပါ ဘက်ထရီဟာ အသင့်အနေအထားအတွက် ၃၅၀ နာရီနီးပါးနှင့် စကားပြောဆိုသည့်အခါတွင် ၁၁ နာရီနီးပါး ခံနိုင်စွမ်းရှိအောင် စွမ်းဆောင် ပေးနိုင်ပါတယ်။

Lenovo A2020 ရဲ့ ဈေးနှုန်းတန်ဖိုးမှာ 109,000 ကျပ် ၀န်းကျင်ရှိပါ တယ်။ Lenovo ရဲ့ ဟန်းဆက်များဟာ အာမခံစနစ် ပါရှိသောကြောင့် ၀ယ်ယူသုံးစွဲသည့်အခါတွင် အတိုင်းအတာတစ်ခုအထိ စိတ်ကျေနပ် စေမှာဖြစ်ပါတယ်။ သုံးစွဲသူများအနေဖြင့် A2020 ကို ၀ယ်ယူ သုံးစွဲသည့် အခါတွင် အရောင်ရွေးချယ်နိုင်မှာ မဟုတ်ပါဘူး။ Lenovo မှ A2020 ကို အနက်ရောင်တစ်မျိုးတည်းသာ ထုတ်လုပ်ရောင်းချပေးထားပါတယ်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com